ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb19 အောက်တိုဘာ စာ. ၇
  • ဘုရားရဲ့ တရားစကားကို သင် ဘယ်လောက် တန်ဖိုးထားသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားရဲ့ တရားစကားကို သင် ဘယ်လောက် တန်ဖိုးထားသလဲ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာကို သူတို့တန်ဖိုးထား​—ကောက်နုတ်ချက် (ဝီလျံတင်ဒေးလ်)
    ထပ်ဆင့် အကြောင်းအရာများ
  • ကျွန်ုပ်တို့ထံ သမ္မာကျမ်းစာ ရောက်ရှိလာပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • အကူအညီ ရနိုင်ပါတယ်
    နိုးလော့!—၂၀၂၀
  • သမ္မာကျမ်းစာကို သူတို့တန်ဖိုးထား
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
mwb19 အောက်တိုဘာ စာ. ၇

ခရစ်ယာန်အသက်တာလမ်းစဉ်

ဘုရားရဲ့ တရားစကားကို သင် ဘယ်လောက် တန်ဖိုးထားသလဲ

ကျမ်းစာမှာ ကျမ်းစာရဲ့ အာဘော်ရှင် ယေဟောဝါရဲ့ အတွေးတွေနဲ့ စကားတွေ ပါတယ်။ (၂ပ ၁:၂၀၊ ၂၁) နိုင်ငံတော်အားဖြင့် ဘုရားသခင့်အချုပ်အခြာအာဏာကို သံသယကင်းရှင်းစေမယ့်အကြောင်း အလေးပေးခြင်းအားဖြင့် ကျမ်းစာဟာ လူသားတွေကို ပိုကောင်းတဲ့အသက်တာ ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက် ရှိစေတယ်။ ကျမ်းစာမှာ ကောင်းကင်ဘုံစံဖခင်ရဲ့ နှစ်သက်စရာ အရည်အသွေးတွေကိုလည်း ဖော်ပြထားတယ်။—ဆ ၈၆:၁၅။

ကျွန်တော်တို့အားလုံးဟာ ယေဟောဝါရဲ့ စကားတော်ကို အကြောင်းအမျိုးမျိုးကြောင့် တန်ဖိုးထားကြတယ်။ ကျမ်းစာကို နေ့တိုင်း ဖတ်ရှုခြင်း၊ လက်တွေ့ကျင့်သုံးခြင်းအားဖြင့် အဲဒီလက်ဆောင်ကို တန်ဖိုးထားကြောင်း ကျွန်တော်တို့ ဖော်ပြနေကြသလား။ “ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်” ဆိုတဲ့ ဆာလံကျမ်းရေးသူရဲ့ သဘောထားမျိုး ရှိကြောင်း လုပ်ရပ်တွေအားဖြင့် သက်သေပြကြပါစို့။—ဆ ၁၁၉:၉၇။

ကျမ်းစာကို သူတို့ တန်ဖိုးထားခဲ့ကြ—ကောက်နုတ်ချက် (ဝီလျံ တင်ဒေး) ဗီဒီယိုကို ကြည့်ပါ၊ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ဝီလျံတင်ဒေး။ ဝီလျံတင်ဒေးနဲ့ သူ့ရဲ့ပုံနှိပ်စက်။ တင်ဒေးရဲ့ ပထမဆုံး ဓမ္မသစ်ကျမ်း

    ကျမ်းစာရဲ့ အပိုင်းတစ်ပိုင်းကို ဝီလျံတင်ဒေး ဘာကြောင့် ဘာသာပြန်ခဲ့သလဲ။

  • ကျမ်းစာကို ဘာသာပြန်ဖို့ သူကြိုးစားခဲ့တာတွေက ဘာကြောင့် မှတ်သားထိုက်သလဲ။

  • တင်ဒေးရဲ့ ဘာသာပြန်ကျမ်းဟာ အင်္ဂလန်ကို ဘယ်လို ရောက်သွားသလဲ။

  • ဘုရားရဲ့ စကားတော်ကို တန်ဖိုးထားကြောင်း တစ်ယောက်စီ ဘယ်လို ပြသနိုင်သလဲ။

တွေးတောဆင်ခြင်ရန်– ဘုရားရဲ့ စကားတော်ဟာ ဒီအရာတွေနဲ့ ဘယ်လို တူသလဲ

  • မီးခွက်၊ အလင်း—ဆ ၁၁၉:၁၀၅

  • ရေ—ဧ ၅:၂၆

  • ဓား—ဧ ၆:၁၇

  • မှန်—ယာ ၁:၂၃-၂၅

ကျမ်းစာကို နေ့တိုင်းဖတ်ပါ

ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်ဇယား

jw.org ဝက်ဘ်ဆိုက်မှာရှိတဲ့ ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်ဇယား ကို သုံးဖူးသလား။ အဲဒီဇယားကို နှိပ်လိုက်ရင် jw.org ဝက်ဘ်ဆိုက်ထဲ ရောက်သွားပြီး ကိုယ်ဖတ်ချင်တဲ့ ကျမ်းပိုဒ်ကို ဖွင့်ပေးပါလိမ့်မယ်။ ညီအစ်ကို/မတို့ရဲ့ ဘာသာစကားနဲ့ အသံသွင်းထားတဲ့ ကျမ်းစာ ရှိတယ်ဆိုရင်လည်း jw.org ဝက်ဘ်ဆိုက်မှာ နားထောင်နိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ