ခရစ်ယာန်အသက်တာလမ်းစဉ်
ပါဝင်ပတ်သက်ရာ အားလုံးကို သိအောင်လုပ်ပါ
ကျမ်းစာမှတ်တမ်းတွေ ဖတ်တဲ့အခါ ပါဝင်ပတ်သက်ရာ အားလုံးကို သိအောင်လုပ်ပါ။ ရှေ့နောက်စကား၊ ပါဝင်တဲ့သူတွေ၊ သူတို့ ဘာကြောင့် အဲဒီလိုလုပ်တယ်၊ ဘယ်လို လုပ်တယ်ဆိုတဲ့ အချက်တွေကို လေ့လာပါ။ မြင်ကွင်း၊ အသံ၊ အနံ့၊ ပါဝင်သူတွေရဲ့ စိတ်လှုပ်ရှားမှုတွေကို မြင်ယောင်ခံစားကြည့်ပါ။
ကျမ်းစာဖတ်ရှုခြင်းကို ပိုအကျိုးရှိစေပါ—ကောက်နုတ်ချက် ဗီဒီယိုကို ပြပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
ယောသပ်နဲ့ အစ်ကိုတွေကြားမှာ တင်းမာမှုရှိတာ ဘယ်အခြေအနေတွေကြောင့် ဖြစ်နိုင်သလဲ။
ယောသပ်ရဲ့အစ်ကိုတွေ တစ်ခါတလေ တဇောက်ကန်းလုပ်တာ ဘာအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်သလဲ။
ယောသပ်ရဲ့အဖေ ယာကုပ်နဲ့ပတ်သက်ပြီး ကျမ်းစာကနေ ဘာသိနိုင်သလဲ။
မပြေလည်မှုတွေကို ဖြေရှင်းတာနဲ့ပတ်သက်ပြီး သားတွေကို ယာကုပ် ဘယ်သင်ခန်းစာကောင်း ပေးခဲ့သလဲ။
ဒီဗီဒီယိုကို ကြည့်ပြီးနောက် ဘာအကျိုးရရှိသလဲ။