ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၈-၉
မာနကြီးတဲ့ ဖာရောဟာ မထင်မှတ်ဘဲ ဘုရားရည်ရွယ်ချက်ကို ပြည့်စုံစေခဲ့
ဖာရောဘုရင်တွေဟာ သူတို့ကိုသူတို့ ဘုရားလို့ ရှုမြင်ကြတယ်။ ဒါက ဖာရော ဘာကြောင့် မောက်မာပြီး မောရှေနဲ့ အာရုန်ရဲ့ စကား၊ သူ့မှော်ဆရာတွေရဲ့ စကားကို နားမထောင်သလဲဆိုတာ နားလည်စေတယ်။
သင့်ကို တခြားသူတွေ အကြံပေးတဲ့အခါ နားထောင်သလား။ တစ်ယောက်ယောက်က သင့်ကို ဆုံးမတဲ့အခါ ကျေးဇူးတင်သလား။ ဒါမှမဟုတ် ကိုယ်ပဲ အမြဲမှန်တယ်လို့ ထင်နေသလား။ “မာနရဲ့ နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။” (ပ ၁၆:၁၈) မာနမထောင်လွှားဖို့ သိပ်အရေးကြီးပါတယ်။