ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb21 ဇန်နဝါရီ စာ. ၃
  • မိဘတို့၊ ကလေးတွေကို အသိပညာရှိအောင် သင်ထားပေးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘတို့၊ ကလေးတွေကို အသိပညာရှိအောင် သင်ထားပေးပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၂
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • မိဘတို့—သင်တို့၏ရင်သွေးများကို ကာကွယ်ပါလေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • မိဘတို့၊ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ကျွန်ုပ်တို့၏သားသမီးများ—အဖိုးတန်အမွေဥစ္စာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
mwb21 ဇန်နဝါရီ စာ. ၃
မိဘတွေက ကလေးတွေ မိမိကိုယ်ကိုယ် ကာကွယ်တတ်အောင် သင်ပေးနေချိန်အတွင်း ‘မလုပ်နဲ့’ လို့ လက်ဟန်နဲ့ ပြောတတ်အောင် လေ့ကျင့်နေကြစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

မိဘတို့၊ ကလေးတွေကို အသိပညာရှိအောင် သင်ထားပေးပါ

အကောင်းကို အဆိုး၊ အဆိုးကို အကောင်းလို့ တလွဲယူမှတ်သူတွေ အလယ်မှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ (ရှာ ၅:၂၀) လူတချို့ဟာ လိင်တူဆက်ဆံခြင်း အပါအဝင် ယေဟောဝါ ရွံမုန်းတာတွေကို လုပ်နေကြတယ်။ ကျောင်းနေဖက်တွေ၊ တခြားသူတွေက ကျွန်တော်တို့ရဲ့ အဖိုးတန် လူငယ်တွေကို မကောင်းတဲ့လမ်းစဉ် လိုက်ဖို့ လှည့်ဖြားနေကြတယ်။ လှည့်ဖြားမှုတွေကို အောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်ဖို့ ကလေးတွေကို ဘယ်လို ပြင်ဆင်ပေးနိုင်သလဲ။

ယေဟောဝါရဲ့ စံနှုန်းတွေ သိအောင် ကလေးတွေကို သင်ထားပေးပါ။ (ဝ ၁၈:၃) လိင်နဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်တွေကို ကလေးတွေရဲ့ အသက်အရွယ်အလိုက် တဖြည်းဖြည်း သင်ပေးပါ။ (တရ ၆:၇) ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပါ– ‘ချစ်ခင်မှုကို သင့်တော်တဲ့နည်းနဲ့ ပြသပုံ၊ ဣန္ဒြေရှိတဲ့ အဝတ်အစား ဝတ်ဖို့ အရေးကြီးပုံ၊ တခြားသူတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားဖို့ လိုအပ်ပုံအကြောင်း သားသမီးတွေကို သင်ထားပေးသလား။ တစ်ယောက်ယောက်က ညစ်ညမ်းရုပ်ပုံတွေ ပြတဲ့အခါ၊ မှားတယ်လို့ ယေဟောဝါ ပြောတာကို လုပ်ခိုင်းတဲ့အခါ ဘယ်လို တုံ့ပြန်ရမယ်ဆိုတာ ငါ့သားသမီးတွေ သိသလား။’ ကြိုပြီး သင်ပေးထားရင် အဖြစ်ဆိုးတွေကို ရှောင်နိုင်ပါတယ်။ (ပ ၂၇:၁၂။ ဒေ ၇:၁၂) သားသမီးတွေကို အသိပညာရှိအောင် သင်ထားပေးတာက ယေဟောဝါ ပေးတဲ့ အဖိုးတန်အမွေကို ချစ်မြတ်နိုးကြောင်း ဖော်ပြရာရောက်တယ်။—ဆ ၁၂၇:၃။

ခံနိုင်ရည်ရှိဖို့ မိသားစုကို တည်ဆောက်ပါ—သားသမီးတွေကို “မကောင်းမှု” ကနေ ကာကွယ်ပေးပါ ဗီဒီယို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။

  • ခံနိုင်ရည်ရှိဖို့ မိသားစုကို တည်ဆောက်ပါ—သားသမီးတွေကို “မကောင်းမှု” ကနေ ကာကွယ်ပေးပါ ဗီဒီယိုထဲမှ ပြကွက်။ မိခင်နဲ့ သားငယ်က ‘သင့်ကလေးတွေကို ကာကွယ်ပါ’ ဗီဒီယို ကြည့်နေကြစဉ်။

    မိဘတချို့က သားသမီးတွေကို လိင်အကြောင်း ပြောဖို့ ဘာကြောင့် တွန့်ဆုတ်သလဲ။

  • ခံနိုင်ရည်ရှိဖို့ မိသားစုကို တည်ဆောက်ပါ—သားသမီးတွေကို “မကောင်းမှု” ကနေ ကာကွယ်ပေးပါ ဗီဒီယိုထဲမှ ပြကွက်။ ‘ကြီးမြတ်သောဆရာထံမှ သင်ယူလော့’ စာအုပ်နဲ့ တခြားစာပေတွေသုံးပြီး ကလေးနှစ်ယောက်နဲ့အတူ မိဘနှစ်ဦး ဆွေးနွေးနေကြစဉ်။

    မိဘတွေဟာ သားသမီးတွေကို ယေဟောဝါရဲ့ “လမ်းညွှန်ချက်အတိုင်း” ဘာကြောင့် သွန်သင်ပေးရမလဲ။—ဧ ၆:၄

  • ခံနိုင်ရည်ရှိဖို့ မိသားစုကို တည်ဆောက်ပါ—သားသမီးတွေကို “မကောင်းမှု” ကနေ ကာကွယ်ပေးပါ ဗီဒီယိုထဲမှ ပြကွက်။ အာဖရိကမှ မိဘတွေက ကလေးတွေနဲ့အတူ ကျမ်းစာဖတ်ပြီး ဆွေးနွေးနေကြစဉ်။

    အသိပညာက ကာကွယ်ပေး

    သားသမီးတွေကို လိင်အကြောင်း သင်ပေးဖို့ ယေဟောဝါရဲ့ အဖွဲ့အစည်းက မိဘတွေအတွက် ဘာတွေ ပြင်ဆင်ပေးထားသလဲ။—က၁၉.၀၅ ၁၂၊ လေးထောင့်ကွက်

  • ပြဿနာတွေ ဖြစ်မလာခင်ကတည်းက သားသမီးတွေနဲ့ ဘာကြောင့် မှန်မှန် ပြောဆိုဆက်သွယ်သင့်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ