ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb21 စက်တင်ဘာ စာ. ၃-၁၆
  • “ပျော်စရာဘဝ ထာဝရ စံစားကြ” စာစောင်ကို အသုံးပြုပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ပျော်စရာဘဝ ထာဝရ စံစားကြ” စာစောင်ကို အသုံးပြုပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ် သုံးပြီး ကျမ်းစာ သင်ပေးနိုင်ပုံ
    လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • လူမျိုးအားလုံးအတွက် သတင်းကောင်းဘရိုရှာကို အသုံးပြုပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
mwb21 စက်တင်ဘာ စာ. ၃-၁၆
မောင်နှံတစ်စုံက “ပျော်စရာဘဝ ထာဝရ စံစားကြ” စာစောင်ကို သုံးပြီး ဘတ်စကားမှတ်တိုင်မှာ အမျိုးသားတစ်ယောက်ကို ဟောပြောနေစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်ကို အသုံးပြုပါ

ကျမ်းစာသင်အံမှုမှာ အသုံးပြုမယ့် စာစောင်၊ စာအုပ်အသစ် ရရှိလို့ စိတ်လှုပ်ရှားစရာပါပဲ။ တပည့်များများ ဖြစ်လာအောင် ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးဖို့ ဆုတောင်းပါတယ်။ (မ ၂၈:၁၈-၂၀။ ၁က ၃:၆-၉) စာအုပ်အသစ်ကို ဘယ်လို အသုံးပြုကြမလဲ။

ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ဟာ ဗီဒီယိုတွေ ပြ၊ အညွှန်းတွေ ဖတ်ပြီး ကျမ်းစာသင်ပေးရတဲ့ စာအုပ် ဖြစ်လို့ ကျမ်းစာသင်အံမှုအတွက် ပြင်ဆင်တဲ့အခါ၊ သင်အံမှု လုပ်တဲ့အခါ အောက်ပါလမ်းညွှန်ချက်တွေကို လိုက်နာပါ။a

  • အကြောင်းအရာကို ဖတ်ပါ။ မေးခွန်းတွေကို ဆွေးနွေးပါ

  • “ဖတ်ပါ” ကျမ်းချက်တွေကို ဖတ်ပါ။ သက်ဆိုင်ပုံကို နားလည်အောင် သင်သားကို ကူညီပေးပါ

  • ဗီဒီယိုတွေကို ပြပြီး ဆွေးနွေးပါ။ ပေးထားတဲ့ မေးခွန်းတွေထဲက နှစ်သက်ရာ မေးခွန်းကို သုံးပါ

  • တစ်ကြိမ်မှာ သင်ခန်းစာတစ်ခု ပြီးအောင် သင်ဖို့ ကြိုးစားပါ

အမှုဆောင်သွားတဲ့အခါ စာစောင်ကို ဝေငှပြီး အိမ်ရှင် စိတ်ဝင်စားမှု ရှိမရှိ သိအောင် လုပ်ပါ။ (“ဦးဆုံး တွေ့ဆုံချိန်မှာ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင် ဝေငှနိုင်ပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။) စာစောင်ကို လေ့လာပြီးလို့ သင်သား စိတ်ဝင်စားရင် စာအုပ်ကို ဝေငှပြီး သင်ခန်းစာ ၄ ကနေ စလေ့လာပါ။ သွန်သင်ရာ၊ ဘုရားမေတ္တာတော် စာအုပ်နဲ့ လေ့လာနေတယ်ဆိုရင် ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကို ပြောင်းပြီး ဘယ်သင်ခန်းစာကနေ စလေ့လာမယ်ဆိုတာ ဆုံးဖြတ်ပါ။

“ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ်ကိုသုံးပြီး အဲဒီအမျိုးသားရဲ့အိမ်မှာ ကျမ်းစာသင်အံမှု ပြုလုပ်နေစဉ်။

ကျမ်းစာလေ့လာဖို့ ဖိတ်ခေါ်ပါတယ် ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။

  • စာအုပ်သစ်ကနေ သင်သား ဘာတွေ သိရမလဲ။

  • သင်သားအသစ်ကို ဘာကြောင့် ဒီ ဗီဒီယို ပြသင့်သလဲ။

  • ဘယ်ရည်မှန်းပန်းတိုင်တွေ ချပြီး လိုက်မီအောင် ကြိုးစားဖို့ တဖြည်းဖြည်း အားပေးသင့်သလဲ။—“အပိုင်းတစ်ပိုင်းစီရဲ့ အဓိကအကြောင်းနဲ့ ရည်မှန်းပန်းတိုင်” ဇယားကို ကြည့်ပါ။

a သတိပြုပါ– “လေ့လာစရာ ထပ်ဖွေရှာ” အပိုင်းကို သင်အံမှု လုပ်ချိန်မှာ အခြေအနေအရ သုံးနိုင်တယ်။ သင်အံမှုအတွက် ပြင်ဆင်တဲ့အချိန်မှာတော့ ဆောင်းပါးတွေကို ဖတ်ပါ။ ဗီဒီယိုတွေကို ကြည့်ပါ။ အဲဒီအခါ ကိုယ့်ရဲ့ သင်သားက ဘယ်အပိုင်းကို အထူး ကြိုက်နှစ်သက်မယ်ဆိုတာ သိရမယ်။ ဗီဒီယိုတွေနဲ့ ထပ်ဆင့် ဆောင်းပါးတွေရဲ့ လင့်ခ်တွေကို အီလက်ထရောနစ်စာပေမှာ ဖော်ပြထားတယ်။

အပိုင်းတစ်ပိုင်းစီရဲ့ အဓိကအကြောင်းနဲ့ ရည်မှန်းပန်းတိုင်

 

သင်ခန်းစာ

အဓိကအကြောင်း

ရည်မှန်းပန်းတိုင်

၁

၀၁-၁၂

ကျမ်းစာ ကူညီပေးနိုင်ပုံနဲ့ ကျမ်းစာ အာဘော်ရှင်ကို ပိုသိကျွမ်းနိုင်ပုံအကြောင်း လေ့လာပါ

ကျမ်းစာဖတ်ဖို့၊ လေ့လာမှုအတွက် ကြိုတင်ပြင်ဆင်ဖို့၊ အစည်းအဝေးတွေ စတက်ဖို့ သင်သားကို အားပေးပါ

၂

၁၃-၃၃

ကျွန်တော်တို့အတွက် ဘုရား လုပ်ဆောင်ပေးထားရာတွေနဲ့ ဘုရား နှစ်သက်တဲ့ ဝတ်ပြုမှုပုံစံအကြောင်း လေ့လာပါ

တခြားသူတွေကို အမှန်တရားအကြောင်း ပြောပြဖို့၊ ကြေညာသူ ဖြစ်အောင် ကြိုးစားဖို့ သင်သားကို အားပေးပါ

၃

၃၄-၄၇

မိမိကို ဝတ်ပြုကိုးကွယ်သူတွေဆီကနေ ဘုရား ဘာမျှော်လင့်သလဲဆိုတာ လေ့လာပါ

ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ သင်သားကို အားပေးပါ

၄

၄၈-၆၀

ဘုရားမေတ္တာ ဆက်ခံစားနိုင်ပုံကို လေ့လာပါ

အမှားနဲ့ အမှန်ကို ခွဲခြားသိမြင်နိုင်ပုံ၊ ဘုရားနဲ့ ပိုရင်းနှီးလာအောင် ကြိုးစားနိုင်ပုံအကြောင်း သင်သားကို သင်ပေးပါ

ဦးဆုံး တွေ့ဆုံချိန်မှာ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင် ဝေငှနိုင်ပုံ

ဝေစာတွေလိုပဲ စာစောင်ရဲ့ နောက်ဆုံး စာမျက်နှာမှာ စိတ်ဝင်စားစရာ မေးခွန်းပါတယ်။ ဒီလို ကြိုးစားကြည့်ပါ–

  • ရွေးချယ်စရာ မေးခွန်းတွေကို မေးပါ

  • အဖြေရဖို့ ဆာလံ ၃၇:၂၉ ကို ဖတ်ပါ

  • “သင့်ဘဝကို တိုးတက်ကောင်းမွန်စေနိုင်” အောက်က အချက်တွေကို ဆွေးနွေးပါ။ အချိန်ရမယ်ဆိုရင် ကျမ်းချက်တွေကို ဖတ်ပါ၊ ရုပ်ပုံတွေကို ဆွေးနွေးပါ

  • “ကျမ်းစာကတိတွေကို စိတ်ချလို့ရသလား” မေးခွန်းရဲ့ အဖြေကို ဖတ်ပြပြီး ပထမ သင်ခန်းစာကို စဆွေးနွေးပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ