ခရစ်ယာန်အသက်တာလမ်းစဉ်
ယေဟောဝါကိုပဲ အာရုံစိုက်နေပါ
အလုပ်ရှာဖို့ ခက်လာတဲ့အခါ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ဆက်ဦးစားထားဖို့ ခက်လာနိုင်တယ်။ အဲဒီအခါ ယေဟောဝါကို အမှုဆောင်ဖို့ ခက်နိုင်တဲ့၊ ကျမ်းစာမူတွေကို ချိုးဖောက်စေနိုင်တဲ့ အလုပ်တွေကို လက်ခံဖို့ သွေးဆောင်ခံရနိုင်တယ်။ ဒါပေမဲ့ “ယေဟောဝါဘုရားက စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုသူတွေရဲ့ အကျိုးအတွက် အစွမ်းတန်ခိုး ပြ” မယ်ဆိုတာ ယုံကြည်စိတ်ချပါ။ (၂ရ ၁၆:၉) ကျွန်တော်တို့ကို ကူညီဖို့၊ လိုအပ်ရာတွေကို ထောက်မဖို့ ဘယ်အရာကမှ မေတ္တာရှင် ဖခင်ကို မတားဆီးနိုင်ဘူးဆိုတာ သတိရပါ။ (ရ ၈:၃၂) ဒါကြောင့် အလုပ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ယေဟောဝါကို ယုံကြည်ကိုးစားရမယ်၊ ဘုရား အမှုဆောင်ဖို့ပဲ အာရုံစိုက်နေရမယ်။—ဆ ၁၆:၈။
ယေဟောဝါအတွက် စိတ်ရောကိုယ်ပါ လုပ်ဆောင်ကြပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေ ဖြေပါ။
လာဘ်ထိုးတာကို ဂျေဆင် ဘာကြောင့် လက်မခံသလဲ။
ကောလောသဲ ၃:၂၃ က ကျွန်တော်တို့နဲ့ ဘယ်လို သက်ဆိုင်သလဲ။
ဂျေဆင်ရဲ့ ပုံသက်သေကောင်းက သောမတ်ကို ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။
ဆုံးဖြတ်ချက် ချတိုင်း၊ တစ်ခုခု လုပ်တိုင်း ယေဟောဝါကို အမြဲ သတိရပါ
မဿဲ ၆:၂၂ က ကျွန်တော်တို့နဲ့ ဘယ်လို သက်ဆိုင်သလဲ။