ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၁/၁ စာ. ၅-၆
  • အာဗြဟံ—ယုံကြည်ခြင်းရှိတဲ့ အမျိုးသား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာဗြဟံ—ယုံကြည်ခြင်းရှိတဲ့ အမျိုးသား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာဗြဟံက ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေဟောဝါက သူ့ကို ‘ငါ့မိတ်ဆွေ’ လို့ခေါ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အာဗြဟံရဲ့ယုံကြည်ခြင်းကို ဘုရားသခင် စမ်းသပ်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဘုရားစကား နားထောင်တဲ့ အာဗြဟံနဲ့ စာရာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၁/၁ စာ. ၅-၆

အာဗြဟံ—ယုံကြည်ခြင်းရှိတဲ့ အမျိုးသား

အေးဆေးငြိမ်သက်တဲ့ တစ်ညနေမှာ အာဗြဟံဟာ တဲအပြင်ကိုထွက်ပြီး မတ်တတ်ရပ်နေတယ်။ ကြယ်တွေ ပြွတ်သိပ်နေတဲ့ ကောင်းကင်ပြင်ကြီးကို အာဗြဟံ မော့ကြည့်ရင်း သူ့အမျိုးအနွယ်ဟာ သူမြင်နေရတဲ့ ကြယ်တွေလိုပဲ များပြားလာမယ်ဆိုတဲ့ ဘုရားသခင့်ကတိတော်ကို စဉ်းစားဆင်ခြင်နေတယ်။ (ကမ္ဘာဦး ၁၅:၅) ကြယ်တွေကို မြင်လိုက်တိုင်း ယေဟောဝါဘုရားသခင် ပေးထားတဲ့ ကတိကို အာဗြဟံ ပြန်အမှတ်ရမိတယ်။ အဲဒီကြယ်တွေက အာမခံချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဘုရားသခင်က ကြီးမားကျယ်ပြောလှတဲ့ စကြဝဠာကြီးနဲ့ အရာဝတ္ထုအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိတယ်ဆိုရင် အာဗြဟံနဲ့စာရာ ကလေးတစ်ယောက်ရအောင် ဘာဖြစ်လို့ မလုပ်ပေးနိုင်ရမှာလဲ။ အာဗြဟံရဲ့ယုံကြည်ခြင်းက အဲဒီလိုမျိုးပါ။

ယုံကြည်ခြင်းဆိုတာဘာလဲ။ ကျမ်းစာမှာသုံးထားတဲ့ “ယုံကြည်ခြင်း” ဆိုတာ မမြင်ရတဲ့အရာကို အခိုင်အမာ ယုံကြည်ခြင်းဖြစ်ပါတယ်။ အဲဒီယုံကြည်ခြင်းက ခြေမြစ်ခိုင်လုံတဲ့ အထောက်အထားပေါ် အခြေပြုထားပါတယ်။ ဘုရားသခင်ကို ယုံကြည်တဲ့သူဟာ ဘုရားသခင်ရဲ့ကတိတော်တွေ ပြည့်စုံမှုကို အာရုံစိုက်တယ်။ ဘုရားသခင့်ကတိတော်တွေကို သူ ဘယ်လောက်တောင် ယုံကြည်စိတ်ချသလဲဆိုရင် အဲဒီအရာတွေက သူ့အတွက် ပြည့်စုံသွားပြီးတဲ့အလား ဖြစ်နေပါတယ်။

ယုံကြည်ခြင်းကို အာဗြဟံ ဘယ်လိုတင်ပြခဲ့သလဲ။ အာဗြဟံဟာ ဘုရားသခင့်ကတိတော်တွေကို ယုံကြည်တယ်ဆိုတာ ပြသခဲ့တယ်။ ယုံကြည်ခြင်းကြောင့် အာဗြဟံဟာ သူ့မွေးရပ်မြေကို စွန့်ခွာခဲ့တယ်။ ယေဟောဝါဘုရားသခင်က နယ်မြေတစ်ခုကိုပြမယ်ဆိုတဲ့ သူ့ကတိစကားကို တည်မှာပါဆိုပြီး အာဗြဟံ ယုံကြည်စိတ်ချခဲ့တယ်။ ယုံကြည်ခြင်းကြောင့် ခါနာန်ပြည်တစ်လျှောက် လှည့်လည်သွားလာခဲ့တယ်။ မိမိရဲ့အမျိုးအနွယ်က နောက်ဆုံးမှာ ဒီနယ်မြေကို ပိုင်ဆိုင်မယ်ဆိုတာ ယုံကြည်စိတ်ချခဲ့တယ်။ ယုံကြည်ခြင်းကြောင့် အာဗြဟံဟာ ဣဇာက်ကို ပူဇော်ဖို့ နာခံမှုရှိရှိ လုပ်ဆောင်ခဲ့တယ်။ လိုအပ်မယ်ဆိုရင် ဘုရားသခင်က ဣဇာက်ကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်ဆိုတာ သူ ယုံကြည်ခဲ့ပါတယ်။—ဟေဗြဲ ၁၁:၈၊ ၉၊ ၁၇-၁၉။

အာဗြဟံဟာ အတိတ်ကိုမဟုတ်ဘဲ အနာဂတ်ကိုပဲ အာရုံစိုက်ခဲ့တယ်။ အာဗြဟံနဲ့ စာရာတို့ဟာ ခါနာန်ပြည်ထက် ပိုဇိမ်ကျတဲ့ ဥရမြို့မှာ နေထိုင်ခဲ့ရပေမဲ့လည်း “သူတို့စွန့်ခွာခဲ့တဲ့ နိုင်ငံအကြောင်း စဉ်းစားနေခြင်းမရှိ” ပါဘူး။ (ဟေဗြဲ ၁၁:၁၅၊ Today’s English Version) အနာဂတ်မှာ သူတို့ရဲ့ သားစဉ်မြေးဆက်တွေကို ဘုရားသခင် ဘယ်လိုဆုချမလဲဆိုတာကိုပဲ အာရုံစိုက်နေခဲ့ပါတယ်။—ဟေဗြဲ ၁၁:၁၆။

အာဗြဟံ ယုံကြည်ထားတာတွေ တကယ်ဖြစ်လာခဲ့ပါသလား။ တကယ်ဖြစ်လာခဲ့ပါတယ်။ ယေဟောဝါဘုရားသခင်ရဲ့ကတိစကား တစ်လုံးမကျန် ပြည့်စုံခဲ့ပါတယ်။ နောက်ဆုံးတော့၊ အာဗြဟံရဲ့ သားစဉ်မြေးဆက်တွေဟာ အစ္စရေးလို့ခေါ်တဲ့ လူမျိုးအဖြစ် တိုးပွားများပြားလာတယ်။ အချိန်တန်တဲ့အခါ၊ အာဗြဟံကိုပေးမယ်လို့ ဘုရားသခင်ကတိပြုခဲ့တဲ့ ခါနာန်ပြည်မှာ အစ္စရေးလူမျိုးတွေ နေထိုင်သွားခဲ့ပါတယ်။—ယောရှု ၁၁:၂၃။

ကျွန်ုပ်တို့အတွက် သင်ခန်းစာက ဘာလဲ။ ယေဟောဝါက ကတိတည်တဲ့ ဘုရားသခင်ဖြစ်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ တချို့ကတိတွေက လူ့အမြင်အရ မဖြစ်နိုင်ဘူးလို့ ထင်ရရင်တောင် “ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူ၏” ဆိုတာ ကျွန်ုပ်တို့ ယုံကြည်ကြတယ်။—မဿဲ ၁၉:၂၆။

အာဗြဟံဆီကနေ သင်ယူရတဲ့ နောက်အချက်တစ်ချက်က ကျွန်ုပ်တို့ရဲ့ အတိတ်တုန်းက အခြေအနေကိုမဟုတ်ဘဲ အနာဂတ်မှာ ရရှိမယ့်အရာတွေကို အာရုံစိုက်ဖို့ ဖြစ်ပါတယ်။ အဲဒီအချက်ကို ဂျေဆန် လို့ခေါ်တဲ့ အမျိုးသားတစ်ယောက် သင်ယူခဲ့တယ်။ ဂျေဆန်ဟာ အားအင်ဆုတ်ယုတ်တဲ့ရောဂါ ခံစားရပြီး နောက်ဆုံး မသန်မစွမ်းဖြစ်သွားတယ်။ ဂျေဆန် ဒီလိုပြောပြတယ်– “ကျွန်တော့်ရဲ့အတိတ်က အချိန်တွေကို ပြန်တမ်းတမိတယ်ဆိုတာ ဝန်ခံပါတယ်။ ကျွန်တော့်ဇနီး အာမန်ဒါကို ပွေ့ဖက်ခဲ့တဲ့ အချိန်လေးတွေကို သတိအရဆုံးပါပဲ။”

ဒီကမ္ဘာမြေကြီးက သာယာလှပတဲ့ ပရဒိသုဥယျာဉ် ဖြစ်လာမယ်၊ ဘုရားသခင်အပေါ် တည်ကြည်မှုရှိတဲ့သူတွေ စုံလင်ပြည့်ဝတဲ့ ကျန်းမာရေးနဲ့ ထာဝစဉ်အသက်ရှင်ခွင့်ရမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိတွေ ပြည့်စုံလာမယ်ဆိုတာ ဂျေဆန် အကြွင်းမဲ့ ယုံကြည်စိတ်ချပါတယ်။a (ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉; ဟေရှာယ ၃၅:၅၊ ၆; ဗျာ. ၂၁:၃၊ ၄) ဂျေဆန်က ဒီလိုရှင်းပြတယ်– “အကောင်းဆုံးအချိန်တွေက ရှေ့မှာ လာဖို့ရှိတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။ သိပ်မကြာခင်မှာ စိတ်ဖိစီးရတာ၊ စိုးရိမ်ပူပန်ရတာ၊ ဝမ်းနည်းပူဆွေးရတာ၊ အပြစ်ရှိတယ်ဆိုတာ မရှိတော့ဘူး။ ဘယ်တော့မှ ရှိမှာလည်း မဟုတ်တော့ဘူး။” ဂျေဆန်ဟာ အာဗြဟံလိုမျိုး ယုံကြည်ခြင်းတင်ပြတဲ့နေရာမှာ တကယ့်ကိုကောင်းတဲ့ စံနမူနာရှင်ပါပဲ။

[အောက်ခြေမှတ်ချက်]

a အနာဂတ်မှာဖြစ်လာမယ့် သာယာလှပတဲ့ ကမ္ဘာမြေကြီးအကြောင်း ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၃၊ ၇ နဲ့ ၈ တို့ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ