ခရစ်ယာန်အသက်တာလမ်းစဉ်
လယ်ကွင်းစုဆုံမှုအတွက် လက်တွေ့ကျ အကြံပြုချက်များ
လယ်ကွင်းစုဆုံမှုဟာ အသင်းတော် အစည်းအဝေးတွေလိုပဲ မေတ္တာစိတ် ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးနိုင်တဲ့ ယေဟောဝါရဲ့ ပြင်ဆင်ပေးချက်တစ်ခု ဖြစ်တယ်။ (ဟီ ၁၀:၂၄၊ ၂၅) အုပ်စုခွဲတာ၊ ရပ်ကွက်ခွဲတာ၊ ဆုတောင်းတာတွေ လုပ်ဖို့ ၅ မိနစ်ကနေ ၇ မိနစ် ကြာသင့်တယ်။ (အစည်းအဝေးပြီးမှ လယ်ကွင်းစုဆုံမှု လုပ်တယ်ဆိုရင် အဲဒီထက် ပိုတိုသင့်တယ်။) စုဆုံမှုကို ကိုင်တွယ်တဲ့သူက အဲဒီနေ့ အမှုဆောင်လုပ်ငန်းမှာ ပါဝင်သူတွေအတွက် လက်တွေ့ကျတဲ့ အချက်တစ်ချက် ပြင်ဆင်ထားသင့်တယ်။ ဥပမာ၊ စနေနေ့တစ်ရက်ပဲ ပါဝင်နိုင်တဲ့သူ များတယ်ဆိုရင် လက်တွေ့ကျ တင်ဆက်နည်း တစ်ခုလောက်ပဲ ပြောပြနိုင်တယ်။ တခြား ဘယ်အချက်တွေကိုလည်း ဆွေးနွေးနိုင်သေးသလဲ။
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း —လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ စကားစမြည် ပြောဆိုနိုင်ပုံ နမူနာ တင်ဆက်နည်းတစ်ခု
လက်ရှိ အဖြစ်အပျက်တစ်ခု၊ သတင်းတစ်ပုဒ်ပေါ် အခြေခံပြီး စကားစပြောနိုင်ပုံ
ကြုံရတတ်တဲ့ ကန့်ကွက်စကားတစ်ခွန်းကို တုံ့ပြန်ပုံ
ဘုရားမဲ့ဝါဒီ၊ ဆင့်ကဲဝါဒီ၊ ဘာသာခြားစကားပြောသူ၊ ကိုယ့်ရပ်ကွက်မှာ သိပ်မရှိတဲ့ ဘာသာဝင်တစ်ယောက်ကို တုံ့ပြန်ပုံ
jw.org ဝက်ဘ်ဆိုက်၊ JW Library® app နဲ့ ကျမ်းစာမှာ ပါတဲ့ အသွင်အပြင်တစ်ခုကို အသုံးပြုပုံ
သွန်သင်ခြင်း ကိရိယာထဲက စာပေတစ်ခုကို အသုံးပြုပုံ
တယ်လီဖုန်းနဲ့ သက်သေခံခြင်း၊ စာရေးသက်သေခံခြင်း၊ အများရှေ့သက်သေခံခြင်း၊ ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှုစတဲ့ ကဏ္ဍတစ်ခုခုမှာ ပါဝင်နိုင်ပုံ
အန္တရာယ်ကင်းဖို့၊ ပြောင်းလွယ်ပြင်လွယ်ရှိဖို့၊ အမူအကျင့်ကောင်း ရှိဖို့၊ အပြုသဘော ရှိဖို့ စတာတွေနဲ့ပတ်သက်တဲ့ သတိပေးချက်များ
ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ ထဲက သင်ခန်းစာတစ်ခု ဒါမှမဟုတ် ဗီဒီယိုတစ်ခု
ကိုယ့်ရဲ့ တွဲဖက်ကို အားပေးကူညီနိုင်ပုံ
အမှုဆောင်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ကျမ်းချက်တစ်ချက် ဒါမှမဟုတ် အားပေးမှု ဖြစ်စေတဲ့ အမှုဆောင်လုပ်ငန်း တွေ့ကြုံမှုတစ်ခု