မေးခွန်းသေတ္တာ
◼ လယ်ကွင်းလုပ်ငန်းတွေ့ဆုံမှုများတွင် မည်သည့်အကြောင်းအရာကို တင်ဆက်သင့်သနည်း။
လယ်ကွင်းလုပ်ငန်းတွေ့ဆုံမှုတစ်ခု၏ရည်ရွယ်ချက်မှာ ၎င်းတွေ့ဆုံမှုပြီးနောက် ဆက်လုပ်ဆောင်မည့်—ဓမ္မအမှု—အပေါ်အာရုံစိုက်ရန် ကူညီပေးဖို့ဖြစ်သည်။ ထို့ကြောင့် သင်တန်းမှူးသည် ကောင်းစွာပြင်ဆင်ကာ အားရှိစရာ၊ သတ်သတ်မှတ်မှတ်နှင့် လက်တွေ့ကျသောအရာတစ်ခုခုကို ဝေမျှရန်အသင့်ရှိသင့်သည်။ နေ့စဉ်ကျမ်းချက်သည် ဟောပြောခြင်းလုပ်ငန်းနှင့် တိုက်ရိုက်သက်ဆိုင်ပါက ယင်းကိုဖတ်ပြီး တိုတိုတုတ်တုတ်ဆွေးနွေးနိုင်သည်။ သို့သော် တွေ့ဆုံမှုသည် လတ်တလောလုပ်ဆောင်နေသောအလုပ်အပေါ် အဓိကအာရုံစိုက်ကာ ထိုနေ့ဓမ္မအမှုကိုပြီးမြောက်စေရန် သာ၍အသင့်ရှိနေစေဖို့ သက်သေခံလုပ်ငန်းတွင်ပါဝင်သူအားလုံးကို ကူညီပေးသင့်သည်။—၂ တိ. ၄:၅။
လက်ရှိဝေငှမည့်စာစောင်နှင့် ယင်းအား မည်သို့တင်ဆက်ရမည်ကို အားလုံးသိရှိစေရန် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှသက်ဆိုင်သည့်အချက်များကို ဆွေးနွေးနိုင်သည်။ မဂ္ဂဇင်းနေ့တွင် “မဂ္ဂဇင်းများနှင့်ပတ်သက်၍ပြောဆိုရမည့်စကားများ” မှတင်ဆက်မှုတစ်ခုကို သရုပ်ပြနိုင်သည်။ အခြားကင်ပိန်းများအတွက်မူ ဒေသခံရပ်ကွက်နှင့်သင့်လျော်သည့် ကျိုးကြောင်းဆင်ခြင် စာအုပ်ပါနိဒါန်းတစ်ခုနှစ်ခုကို ပေါ်လွင်စေနိုင်သည်။ အိမ်တံခါးဝတွင် ကျမ်းစာအသုံးပြုပုံ၊ စကားဆက်ပြတ်စေနိုင်သူတစ်ဦးကို ကိုင်တွယ်ပုံ၊ ကျမ်းစာသင်အံမှုကမ်းလှမ်းပုံ သို့မဟုတ် စိတ်ဝင်စားသူထံပြန်လည်ပတ်ပုံ အစရှိသော ဓမ္မအမှုကဏ္ဍတစ်ခုကိုဆွေးနွေးနိုင် သို့မဟုတ် သရုပ်ပြနိုင်သည်။
လုပ်ငန်းတော်တွေ့ဆုံမှုများသည် ၁၀ မိနစ်မှ ၁၅ မိနစ်ထက်မကျော်သင့်ပါ၊ ယင်းတွင် အုပ်စုများဖွဲ့စည်းပေးခြင်း၊ ရပ်ကွက်သတ်မှတ်ပေးခြင်းနှင့် ဆုတောင်းခြင်းတို့ပါဝင်သည်။ ပြီးဆုံးသည့်အခါ တက်ရောက်သူတိုင်းသည် မည်သူနှင့်တွဲရမည်၊ မည်သည့်နေရာတွင် အမှုဆောင်ရမည်တို့ကို သိသင့်ကာ ရပ်ကွက်သို့ ချက်ချင်းထွက်ခွာသင့်သည်။ တွေ့ဆုံမှုအချိန်တိုခြင်းကြောင့် အားလုံး အချိန်မီရောက်ရန်အရေးကြီးသည်။ လုပ်ငန်းတော်တွေ့ဆုံမှုပြီးနောက် ကင်းမျှော်စင် သင်တန်းကဲ့သို့သော အသင်းတော်စည်းဝေးတစ်ခုရှိသည့်အခါ ပို၍တိုသင့်သည်။ ကောင်းမွန်သည့်ကျမ်းဆိုင်ရာဆွေးနွေးခန်းကို ရရှိခဲ့ပြီဖြစ်၍ နေ့စဉ်ကျမ်းချက်ကို ဆွေးနွေးရန်မလိုပေ။
လုပ်ငန်းတော်တွေ့ဆုံမှုတစ်ခုစီကိုကျင်းပရန် အရည်အချင်းပြည့်မီသည့် နှစ်ခြင်းခံပြီးသောညီအစ်ကိုများအား ကြိုတင်တာဝန်ပေးသင့်သည်။ တစ်စုံတစ်ရာသောရက်တွင် ဦးဆောင်မည့်သူမရှိပါက နှစ်ခြင်းခံပြီးသော မည်သည့်ညီအစ်မများသည် လိုအပ်သည့်အခါ ထိုသို့ဦးဆောင်နိုင်ကြောင်း အကြီးအကဲများ လျာထားသင့်သည်။ ထိုင်ခုံတွင်ထိုင်နေစဉ် ညီအစ်မသည် လယ်ကွင်းလုပ်ငန်းနှင့်သက်ဆိုင်သည့် နေ့စဉ်ကျမ်းချက် သို့မဟုတ် အခြားအချက်များကို အုပ်စုလိုက်စတင်ဆွေးနွေးနိုင်သည်၊ သူ၏မှတ်ချက်များသည် တိုတိုတုတ်တုတ်ဖြစ်သင့်သည်။ သူသည် ခေါင်းဖုံးရမည်ဖြစ်သည်။
လယ်ကွင်းလုပ်ငန်းတွေ့ဆုံမှုများသည် ဓမ္မအမှုတွင်ပါဝင်ရန် ကျွန်ုပ်တို့အားပေးခံရဖို့နှင့် အသင့်ပြင်ဆင်ခံရဖို့ အလွန်ကောင်းသောအခွင့်အခါများဖြစ်သည်။ သင်တန်းမှူးသည် ပို၍ကောင်းစွာပြင်ဆင်လေ အားလုံးပို၍အကျိုးခံစားရလေဖြစ်မည်။