အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ | အမှုဆောင်လုပ်ငန်းမှာ ပိုပျော်ရွှင်နိုင်ပုံ
မသန့်ရှင်းတဲ့ အကျင့်တွေကို စွန့်ပစ်ဖို့ ကျမ်းစာသင်သားကို ကူညီပါ
ကိုယ်ကျင့်တရား သန့်ရှင်းစင်ကြယ်မှ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနိုင်မယ်။ (၁ပ ၁:၁၄-၁၆) ကျမ်းစာသင်သားတွေဟာ အကျင့်ဆိုးတွေကို ဖြတ်ပစ်နိုင်ရင် မိသားစု၊ ကျန်းမာရေး၊ ငွေရေးကြေးရေးမှာလည်း အကျိုးကျေးဇူးတွေ ခံစားရမယ်။
ယေဟောဝါ ချမှတ်ထားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ၊ ချမှတ်ရတဲ့ အကြောင်းရင်းတွေနဲ့ လိုက်နာရင် ခံစားရမယ့် အကျိုးတွေကို ရှင်းရှင်းလင်းလင်း ပြောပြပါ။ အတွေးအခေါ်ကို ပြောင်းလဲဖို့ သင်သားတွေကို ကူညီပေးရာမှာ အာရုံစိုက်ပါ။ အဲဒီလိုဆိုရင် ယေဟောဝါ နှစ်သက်တာကို သူတို့ လုပ်နိုင်ပါလိမ့်မယ်။ (ဧ ၄:၂၂-၂၄) နှစ်ရှည်လများ စွဲနေတဲ့ အကျင့်ဆိုးတွေကို ယေဟောဝါရဲ့ အကူအညီနဲ့ ဖြတ်နိုင်တယ်ဆိုတာ ယုံကြည်စိတ်ချစေပါ။ (ဖိ ၄:၁၃) အပြစ်လုပ်ဖို့ တိုက်တွန်းခံရတဲ့အခါ ယေဟောဝါဆီ အသနားခံ ဆုတောင်းဖို့ သင်ပေးပါ။ သွေးဆောင်မှု ဖြစ်စေနိုင်တဲ့ အခြေအနေကို သိမြင်ပြီး ရှောင်နိုင်အောင် ကူညီပေးပါ။ မသန့်ရှင်းတဲ့ အကျင့်တွေအစား အကျိုးပြုတဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့ အားပေးပါ။ ယေဟောဝါရဲ့ အကူအညီနဲ့ သင်သားတွေ ပြုပြင်ပြောင်းလဲလာတာကို မြင်တဲ့အခါ သင် ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။
မသန့်ရှင်းတဲ့ အကျင့်တွေကို စွန့်ပစ်ဖို့ ကျမ်းစာသင်သားကို ကူညီပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
ဂျက်စမင်ကို ယုံကြည်စိတ်ချကြောင်း အကြီးအကဲတွေနဲ့ နီတာ ဘယ်လို တင်ပြခဲ့သလဲ။
ဂျက်စမင်ကို နီတာ ဘယ်လို ထပ်ဆင့် ကူညီပေးခဲ့သလဲ။
ယေဟောဝါဆီက အကူအညီကို ဂျက်စမင် ဘယ်လို ရှာခဲ့သလဲ။