ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb23 ဇူလိုင် စာ. ၁၁
  • မိသားစု ပျော်ရွှင်အောင် သင်လုပ်ဆောင်နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစု ပျော်ရွှင်အောင် သင်လုပ်ဆောင်နိုင်
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိခင်တစ်ဦး၏ ပညာရှိဆုံးမစကား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုံးမခြင်းဆိုတာ ယေဟောဝါရဲ့ မေတ္တာဖော်ပြချက် ဖြစ်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • သားသမီးတွေ တိုးတက်အောင်မြင်လာအောင် ကျမ်းစာမူတွေသုံးပြီး ကူညီပေးပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
mwb23 ဇူလိုင် စာ. ၁၁
ရုပ်ပုံများ– “ပျော်ရွှင်စရာ မိသားစုဘဝ တည်ဆောက်ပါ” ဗီဒီယိုအပေါ် အခြေခံတဲ့ ရုပ်ပုံများ– ၁။ မိဘနှစ်ပါး ကိတ်မုန့်စားနေတာကို သမီးတွေကြည့်နေ။ ၂။ မိသားစုဝတ်ပြုမှုအတွင်း သမီးတွေ ပြုံးရယ်နေကြ။ ၃။ သမီးတစ်ယောက်က နေမကောင်းလို့ ဆိုဖာပေါ်လှဲနေတဲ့ အမေကို ကြည့်ရှုပေးနေ။

ခရစ်ယာန်အသက်တာလမ်းစဉ်

မိသားစု ပျော်ရွှင်အောင် သင်လုပ်ဆောင်နိုင်

ယေဟောဝါက မိသားစုတွေကို ပျော်ရွှင်စေချင်တယ်။ (ဆ ၁၂၇:၃-၅။ ဒေ ၉:၉။ ၁၁:၉) ဒါပေမဲ့ ဒီလောကရဲ့ ဖိစီးမှုတွေနဲ့ မိသားစုဝင်တွေရဲ့ အမှားကြောင့် ရွှင်လန်းမှု ပျောက်ဆုံးသွားနိုင်တယ်။ မိသားစုပျော်ရွှင်အောင် ယောက်တိုင်း ဘယ်လို လုပ်ဆောင်နိုင်သလဲ။

ခင်ပွန်းသည်က ဇနီးကို ဂုဏ်တင်တယ်။ (၁ပ ၃:၇) အချိန်ပေးတယ်။ ဇနီးသည်ဆီက မတန်တဆ မမျှော်လင့်ဘူး။ မိမိအတွက်၊ မိသားစုအတွက် ဇနီးသည် လုပ်ဆောင်ပေးနေတာတွေကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြတယ်။ (ကော ၃:၁၅) ဇနီးကို ချစ်ကြောင်းပြတယ်၊ ချီးမွမ်းပေးတယ်။—ပ ၃၁:၂၈၊ ၃၁။

ဇနီးသည်က ခင်ပွန်းကို ထောက်မပေးနိုင်တဲ့ နည်းလမ်းတွေ ရှာကြံတယ်။ (ပ ၃၁:၁၂) ခင်ပွန်းကို လက်အောက်ခံတယ်။ ပူးပေါင်းလုပ်ဆောင်တယ်။ (ကော ၃:၁၈) ခင်ပွန်းကို ကြင်ကြင်နာနာ ပြောဆိုတယ်။ ခင်ပွန်းအကြောင်း လေးလေးစားစား ပြောတယ်။—ပ ၃၁:၂၆။

မိဘတွေက သားသမီးတွေကို အချိန်ပေးတယ်။ (တရ ၆:၆၊ ၇) သားသမီးတွေကို ချစ်ကြောင်း ပြောတယ်။ (မ ၃:၁၇) ဆုံးမတဲ့အခါမှာလည်း မေတ္တာပါတယ်၊ ပိုင်းခြားသိမြင်မှုရှိတယ်။ —ဧ ၆:၄။

သားသမီးတွေက မိဘစကား နားထောင်တယ်၊ မိဘကို ဂုဏ်တင်တယ်။ (ပ ၂၃:၂၂) ကိုယ့်ရဲ့အတွေး၊ ခံစားချက်တွေကို မိဘကို ပြောပြတယ်။ မိဘရဲ့ ဆုံးမစကားကို နားထောင်ပြီး မိဘကို ရိုသေလေးစားကြတယ်။—ပ ၁၉:၂၀။

ပျော်ရွှင်စရာ မိသားစုဘဝ တည်ဆောက်ပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

မိသားစုပျော်ရွှင်အောင် သူတို့တွေ ဘာလုပ်ကြသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ