ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၁ အမှတ် ၁ စာ. ၃-၄
  • ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး လူတွေ ပြောဆိုရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး လူတွေ ပြောဆိုရာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းခြင်းသည် ကောင်းကျိုးတစ်စုံတစ်ရာပြုသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
ကလ၂၁ အမှတ် ၁ စာ. ၃-၄
ကမ္ဘာ့ဒေသအသီးသီးက လူတွေ လမ်းညွှန်မှု ရဖို့ ဘုရားဆီ အားကိုးတကြီး ဆုတောင်းနေကြစဉ်။

ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး လူတွေ ပြောဆိုရာ

“ဆုတောင်းတဲ့အခါ ဘုရားသခင် ကျွန်မအနားမှာ ရှိနေတယ်၊ လမ်းပျောက်နေတဲ့အခါ ဘုရားက ကျွန်မလက်ကို ကိုင်ထားပြီး လမ်းပြပေးတယ်လို့ ခံစားရတယ်။”—မာရီယာ။

“ကျွန်တော့်ဇနီးဟာ ကင်ဆာဝေဒနာကို ၁၃ နှစ်ကြာ ခံစားရပြီးနောက် ဆုံးသွားတယ်။ နေ့တိုင်း ဆုတောင်းတာကို မှတ်မိနေသေးတယ်။ ဝမ်းနည်းကြေကွဲနေတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်ပေးတယ်လို့ ခံစားရလို့ စိတ်ငြိမ်သက်မှု ရခဲ့တယ်။”—ရာအူး။

“ဆုတောင်းခြင်းဆိုတာ ဘုရားက လူတွေကို ပေးတဲ့ သိပ်ကောင်းတဲ့ လက်ဆောင်တစ်ခုပါ။”—အားနီ။

မာရီယာ၊ ရာအူး၊ အားနီနဲ့ တခြားသူများစွာအတွက် ဆုတောင်းခြင်းဆိုတာ အထူးလက်ဆောင်တစ်ခုပဲ။ ဆုတောင်းခြင်းကတစ်ဆင့် ဘုရားသခင်နဲ့ စကားပြောနိုင်တယ်၊ ကျေးဇူးတင်နိုင်တယ်၊ အကူအညီ တောင်းနိုင်တယ်လို့ သူတို့ ခံစားရတယ်။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာပါတဲ့ ဒီအာမခံချက်ကို သူတို့ အပြည့်အဝ ယုံကြည်ကြတယ်– “အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်ဆိုတာ စိတ်ချတယ်။”—၁ ယောဟန် ၅:၁၄။

ဒါပေမဲ့ လူများစွာကတော့ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုကို လက်ခံဖို့ ခက်နေကြတယ်။ စတိဗ်က ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကို ဒီလိုပြောပြတယ်။ “ကျွန်တော် အသက် ၁၇ နှစ်တုန်းက သူငယ်ချင်း သုံးယောက်ဟာ မတော်တဆမှု နှစ်ခုကြောင့် သေဆုံးသွားကြတယ်။ တစ်ယောက်က ကားတိုက်ပြီး သေသွားတယ်။ နောက်နှစ်ယောက်က ရေနစ်ပြီး သေသွားတယ်။” စတိဗ် ဘာလုပ်ခဲ့သလဲ။ “ဘာကြောင့် အဲဒီလိုဖြစ်တာလဲဆိုပြီး ဘုရားသခင်ဆီ ဆုတောင်း မေးခဲ့တယ်။ ဒါပေမဲ့ အဖြေ မရဘူး။ အဲဒါကြောင့် ‘ဘာလို့ ဆုတောင်းနေတော့မှာလဲ’ ဆိုပြီး ပြောမိတယ်။” ဆုတောင်းချက်တွေ အဖြေ မရတဲ့အတွက် ဆုတောင်းလည်း အပိုပဲလို့ လူတွေ ယူမှတ်သွားကြတယ်။

တခြားအကြောင်းရင်းတွေကြောင့်လည်း တချို့က ဆုတောင်းဖို့ မလိုဘူးလို့ ယူဆကြတယ်။ ဘုရားသခင်က အားလုံးကို သိနေတယ်ဆိုရင်၊ ကိုယ့်ရဲ့ လိုအပ်ရာတွေ၊ ပြဿနာတွေကို သိနေတယ်ဆိုရင် ဆုတောင်းဖို့ လိုသေးလို့လားဆိုပြီး ပြောကြတယ်။

တချို့ကျတော့လည်း အရင်က လုပ်ခဲ့တဲ့ အမှားတွေကြောင့် သူတို့ရဲ့ ဆုတောင်းချက်ကို ဘုရား နားထောင်မှာ မဟုတ်ဘူးလို့ ခံစားကြရတယ်။ ဂျဲနီ ဒီလိုပြောတယ်– “ကျွန်မရဲ့ အကြီးမားဆုံး ပြဿနာက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ခံစားနေရတာပဲ။ နောင်တရစရာ လုပ်ရပ်တွေကို ကျွန်မ လုပ်ခဲ့တယ်။ ဒါကြောင့် ဆုတောင်းဖို့ မထိုက်တန်ဘူးလို့ ခံစားခဲ့ရတယ်။”

ဘုရားကျောင်းမှာ ဆုတောင်းနေကြသူ အများစုက ခေါင်းငုံ့ဆုတောင်းနေကြပေမဲ့ အမျိုးသမီးတစ်ယောက် အထက်ကို ကြည့်နေစဉ်။

သင်ကော ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။ သူတို့လိုပဲ ခံစားနေရတယ်၊ သံသယ ရှိနေတယ်ဆိုရင် ကျမ်းစာမှာပါတဲ့ စိတ်ကျေနပ်ဖွယ် အဖြေတွေကနေ နှစ်သိမ့်မှု ရနိုင်ပါတယ်။ ကျမ်းစာအဖြေတွေကို ယုံကြည်စိတ်ချနိုင်တယ်။a ကျမ်းစာမှာ အောက်ပါမေးခွန်းတွေရဲ့ အဖြေကို ရှာတွေ့နိုင်တယ်။

  • ဆုတောင်းချက်တွေကို ဘုရားသခင် တကယ် နားထောင်သလား။

  • တချို့ဆုတောင်းချက်တွေ ဘာကြောင့် အဖြေ မရသလဲ။

  • အဖြေ ရဖို့ ဘယ်လို ဆုတောင်းနိုင်သလဲ။

  • ဆုတောင်းခြင်းကနေ ဘယ်လို အကျိုးရနိုင်သလဲ။

a ကျမ်းစာထဲမှာ ယေရှုခရစ် အပါအဝင် ဘုရားသခင့် ကျေးကျွန်တွေရဲ့ ဆုတောင်းချက်တွေကို မှတ်တမ်းတင်ထားတယ်။ ဓမ္မဟောင်းကျမ်းလို့ ခေါ်တဲ့ ဟီဘရူးကျမ်းစောင်တွေမှာ ဆုတောင်းချက် ၁၅၀ ကျော် ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ