ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၁ အမှတ် ၁ စာ. ၈-၉
  • ဆုတောင်းချက်အားလုံးကို ဘုရားသခင် ဘာကြောင့် အဖြေမပေးသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုတောင်းချက်အားလုံးကို ဘုရားသခင် ဘာကြောင့် အဖြေမပေးသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • မည်သူတို့၏ဆုတောင်းသံများကို နားညောင်းတော်မူသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
ကလ၂၁ အမှတ် ၁ စာ. ၈-၉

ဆုတောင်းချက်အားလုံးကို ဘုရားသခင် ဘာကြောင့် အဖြေမပေးသလဲ

ကောင်းကင်ဖခင် ယေဟောဝါဘုရားဟာ ကျွန်တော်တို့ ရင်ထဲက လာတဲ့ ဆုတောင်းချက်တွေကို လိုလိုလားလား နားထောင်ပေးချင်တယ်။ ဒါပေမဲ့ ဆုတောင်းချက်တွေ အဖြေ မရစေတဲ့ အတားအဆီးတွေ ရှိတယ်။ အဲဒါတွေက ဘာတွေလဲ။ ဆုတောင်းတဲ့အခါ ဘယ်အချက်တွေကို သတိရသင့်သလဲ။ ကျမ်းစာလမ်းညွှန်ချက် တချို့ကို ကြည့်ရအောင်။

ဘုရားကျောင်းမှာ အုပ်စုတစ်စု ဆုတောင်းစာအုပ်ကနေ ဖတ်ပြီး ဆုတောင်းနေကြစဉ်။

“ဆုတောင်းတဲ့အခါ . . . အကြောင်းအရာ တစ်မျိုးတည်းကို အထပ်ထပ် မရွတ်ပါနဲ့။”—မဿဲ ၆:၇။

အလွတ်ကျက်ထားတဲ့ ဆုတောင်းချက်တွေကို အထပ်ထပ် ရွတ်တာ၊ ဆုတောင်းစာအုပ် ကြည့်ပြီး ဖတ်တာကို ယေဟောဝါ မလိုလားဘူး။ အဲဒီအစား ရင်ထဲက လာတဲ့ စကားတွေကို ဘုရား နားထောင်ချင်တယ်။ ကိုယ့်ရဲ့ မိတ်ဆွေတစ်ယောက်က တစ်နေ့တစ်နေ့ ဒီစကားကိုပဲ အထပ်ထပ် ပြောနေတယ်ဆိုရင် ဘယ်လို ခံစားရမလဲ စဉ်းစားကြည့်ပါ။ မိတ်ဆွေကောင်းတွေဟာ ရင်ထဲက စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်ကြတယ်။ ရင်ထဲက လာတဲ့ စကားလုံးတွေနဲ့ ဆုတောင်းတာက ကောင်းကင်ဖခင်နဲ့ နှစ်ကိုယ်ကြား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်ဆိုတာ ဖော်ပြတယ်။

အမျိုးသားတစ်ယောက် ကံစမ်းမဲကို ခြစ်နေရင်း အထက်ကို ကြည့်ကာ ဆုတောင်းနေစဉ်။

“တောင်းပြန်တော့လည်း မရဘူး။ အပြစ်ရှိတဲ့ အလိုဆန္ဒတွေ ပြည့်ဖို့ပဲ တလွဲတောင်းနေတာကိုး။”—ယာကုပ် ၄:၃။

ဘုရား မလုပ်စေချင်တဲ့အရာ၊ မပိုင်ဆိုင်စေချင်တဲ့အရာ တစ်ခုခု ရဖို့ ဆုတောင်းတယ်ဆိုရင် အဖြေပေးမှာ မဟုတ်ဘူး။ ဥပမာ၊ လောဘကြီးခြင်းနဲ့ ကံကောင်းခြင်းဆိုတဲ့ အယူသီးမှုမျိုးကို ရှောင်ဖို့ ဘုရားသခင် ရှင်းရှင်းလင်းလင်း သတိပေးထားတယ်။ အဲဒါကြောင့် လောင်းကစားသမားတစ်ယောက် အနိုင်ရဖို့ ဆုတောင်းတာကို ဘုရား အဖြေပေးမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ (ဟေရှာယ ၆၅:၁၁။ လုကာ ၁၂:၁၅) အဲဒီလို ဆုတောင်းချက်မျိုးကို ဘုရားသခင် အဖြေပေးမယ်လို့ မျှော်လင့်တာက ယုတ္တိမရှိဘူး။ ဆုတောင်းချက်တွေကို ဘုရားသခင် အဖြေပေးဖို့ဆိုရင် ဆုတောင်းချက်တွေက ကျမ်းစာနဲ့ ကိုက်ညီရမယ်။

ဓမ္မဆရာတစ်ယောက် စစ်သားတွေအတွက် ဆုတောင်းပေးနေစဉ်။

“တစ်ယောက်က ပညတ်တရားကို မနာယူရင် သူ့ဆုတောင်းချက်တောင် ရွံမုန်းစရာ ဖြစ်သွားတယ်။”—ပညာအလိမ္မာ ၂၈:၉။

ရှေးတုန်းကဆိုရင် ဘုရားရဲ့ ဖြောင့်မတ်တဲ့ ပညတ်တွေကို မလိုက်နာသူတွေရဲ့ ဆုတောင်းချက်ကို ဘုရားသခင် အဖြေမပေးဘူး။ (ဟေရှာယ ၁:၁၅၊ ၁၆) ဘုရားသခင်က မပြောင်းလဲဘူး။ (မာလခိ ၃:၆) ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေ အဖြေ ရဖို့ ဘုရားသခင့်ပညတ်တွေနဲ့အညီ အသက်ရှင် နေထိုင်ဖို့ လိုတယ်။ ဒါပေမဲ့ အရင်က အမှားတွေ လုပ်ခဲ့ဖူးတယ်ဆိုရင်ကော။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဘယ်တော့မှ နားမထောင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား။ မဟုတ်ပါဘူး။ အမှားတွေအတွက် နောင်တယူပြီး ဘုရားသခင် နှစ်သက်တာကို အတတ်နိုင်ဆုံး လုပ်မယ်ဆိုရင် ကျွန်တော်တို့ကို ဘုရား ခွင့်လွှတ်ပါလိမ့်မယ်။—တမန်တော် ၃:၁၉။

“ဘုရားသခင် တည်ရှိတယ်ဆိုတာ ယုံကြည်ရမယ်။ ဘုရားသခင်ဟာ မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို ဆုချတဲ့အရှင်ပဲ ဆိုတာကိုလည်း ယုံကြည်ရမယ်။” —ဟီဘရူး ၁၁:၆။

အမျိုးသမီးတစ်ယောက် ကျမ်းစာဖတ်နေစဉ်။

စိုးရိမ်ပူပန်တဲ့အခါကျမှ စိတ်သက်သာရာ ရဖို့ ဆုတောင်းတာမျိုး ကျွန်တော်တို့ မလုပ်ကြဘူး။ ဆုတောင်းတာက ယုံကြည်ခြင်းကို ဖော်ပြတာ ဖြစ်တယ်။ ဝတ်ပြုရေးရဲ့ ကဏ္ဍတစ်ခုလည်း ဖြစ်တယ်။ ယုံကြည်ခြင်းနဲ့ မတောင်းဘူးဆိုရင် ယေဟောဝါဆီကနေ တစ်ခုခု ရမယ်လို့ မမျှော်လင့်သင့်ဘူးဆိုပြီး တပည့်ဖြစ်သူ ယာကုပ် ပြောခဲ့တယ်။ (ယာကုပ် ၁:၆၊ ၇) ဘုရားသခင်ကို ယုံကြည်ဖို့ဆိုရင် အချိန်ယူ ကြိုးစားအားထုတ်ပြီး ကျမ်းစာလေ့လာရမယ်။ အဲဒါမှ ဘုရားသခင့် အလိုတော်ကို သိလာမယ်။ ယုံကြည်စိတ်ချမှုရှိရှိ ဆုတောင်းနိုင်မယ်။

လက်မလျှော့ပါနဲ့

ဘုရားသခင်က ဆုတောင်းချက်အားလုံးကို အဖြေမပေးပေမဲ့ သန်းနဲ့ချီတဲ့သူတွေရဲ့ လှိုက်လှဲတဲ့ ဆုတောင်းချက်တွေကို နားထောင်တယ်၊ အဖြေပေးနေပါတယ်။ ဘုရား နှစ်သက်တဲ့ ဆုတောင်းချက်တွေ ဖြစ်ဖို့ ဘာလုပ်ရမလဲဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။ နောက်ဆောင်းပါးမှာ ရှင်းပြပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ