ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၁ အမှတ် ၂ စာ. ၁၀-၁၂
  • ကမ္ဘာသစ်မှာ အသက်ရှင်ခွင့် ရနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာသစ်မှာ အသက်ရှင်ခွင့် ရနိုင်ပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ကို “သိကျွမ်း” ခြင်းအားဖြင့် အသက်ရှင် လွတ်မြောက်နိုင်
  • ဘုရားစကားတော် သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ပါ
  • အကူအညီ ရဖို့ ဘုရားဆီ ဆုတောင်းပါ
  • ဘုရားသခင် ဘာတွေ လုပ်ဆောင်ခဲ့ပြီလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ဘယ်လို ထာဝစဉ် အသက်ရှင်နိုင်သလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဘုရားသခင်ရဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်မှာ နေထိုင်နိုင်တယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • သေလွန်ပြီးနောက် အသက် ပြန်ရှင်လာနိုင်
    နိုးလော့!—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
ကလ၂၁ အမှတ် ၂ စာ. ၁၀-၁၂

ကမ္ဘာသစ်မှာ အသက်ရှင်ခွင့် ရနိုင်ပုံ

ဘုရားတရားမဲ့တဲ့ ဒီလူ့အဖွဲ့အစည်းနဲ့ ပြဿနာတွေ အားလုံးကို ဘုရားသခင် မကြာခင် ဖယ်ရှားတော့မယ်လို့ ပြီးခဲ့တဲ့ ဆောင်းပါးတွေမှာ သိခဲ့ရတယ်။ အဲဒီလို တကယ် ဖြစ်လာမယ်ဆိုတာ စိတ်ချပါ။ ဘာကြောင့်လဲ။ ဘုရားရဲ့ စကားတော် သမ္မာကျမ်းစာမှာ ဒီလို ကတိပေးထားတယ်–

‘ဒီလောက ရွေ့သွားကွယ်ပျောက်နေတယ်။’—၁ ယောဟန် ၂:၁၇။

အသက်ရှင် လွတ်မြောက်မယ့်သူတွေ ရှိမယ်ဆိုတာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကျမ်းချက်မှာပဲ ဒီလို ကတိပေးထားတယ်–

“ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်တဲ့သူကတော့ အမြဲ တည်တယ်။”

ဒါကြောင့် အသက်ရှင် လွတ်မြောက်ချင်တယ်ဆိုရင် ဘုရားရဲ့ အလိုတော်အတိုင်း လုပ်ဆောင်ရမယ်။ ဘုရားရဲ့ အလိုတော်ကို သိဖို့ အရင်ဆုံး ဘုရားအကြောင်း သိကျွမ်းဖို့ လိုတယ်။

ဘုရားသခင်ကို “သိကျွမ်း” ခြင်းအားဖြင့် အသက်ရှင် လွတ်မြောက်နိုင်

ရုပ်ပုံများ– ၁။ သူနာပြုတစ်ယောက် ပင်ပန်းနွမ်းနယ်လို့ ဆေးရုံကြမ်းပြင်မှာ ထိုင်နေစဉ်။ ၂။ စားသောက်ဆိုင်မှာ ခဏနားနေတုန်း အလုပ်ဖော်က ရွှင်ရွှင်လန်းလန်း ကျမ်းစာဖတ်နေတာကို သတိပြုမိစဉ်။ ၃။ အလုပ်ဖော်ကို သူ့ကို ကျမ်းချက်တစ်ချက် ဖတ်ပြပြီး jw.org လိပ်စာကတ် ပေးနေစဉ်။

‘ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကို သိကျွမ်းကြရမယ်’ လို့ ယေရှု ပြောခဲ့တယ်။ (ယောဟန် ၁၇:၃) ဒီလောက ဖျက်ဆီးခံရချိန်မှာ ကပ်ကျော်လွတ်မြောက်ပြီး ထာဝစဉ် အသက်ရှင်ဖို့ ဘုရားသခင်ကို “သိကျွမ်း” ရမယ်။ ဘုရားသခင် ရှိတယ်ဆိုတာ ယုံကြည်ရုံ၊ ဘုရားအကြောင်း အနည်းငယ် သိရုံနဲ့ မလုံလောက်ဘူး။ ဘုရားသခင်နဲ့ ရင်းနှီးဖို့ လိုတယ်။ ရင်းနှီးမှု နှောင်ကြိုး ခိုင်မြဲလာဖို့ဆိုရင် အချိန်ပေးဖို့ လိုတယ်။ ဘုရားသခင်နဲ့ ရင်းနှီးမှု နှောင်ကြိုး ဖွဲ့တာလည်း အဲဒီအတိုင်းပါပဲ။ ဘုရားသခင်နဲ့ မိတ်ဆွေဖွဲ့ပြီး ရင်းနှီးမှု နှောင်ကြိုး ဆက်ခိုင်မြဲအောင် ကူညီပေးမယ့် ကျမ်းစာ အမှန်တရား တချို့ကို လေ့လာကြည့်ရအောင်။

ကျမ်းစာကနေ သိရတဲ့ အမှန်တရား

သူနာပြုက အိမ်မှာ jw.org ဝက်ဘ်ဆိုက် ကြည့်နေစဉ်။

ကမ္ဘာမြေပေါ်မှာ လူတွေ ထာဝစဉ် အသက်ရှင်ဖို့ ဘုရားသခင် ရည်ရွယ်ထားကြောင်း သိရတယ်။

ဘုရားက ပထမလူသား အာဒံနဲ့ ဧဝကို ဖန်ဆင်းပြီး သာယာလှပတဲ့ ဧဒင်ဥယျာဉ်မှာ နေထိုင်စေခဲ့တယ်။ သူတို့ဟာ အပြစ် အနာအဆာ ကင်းတယ်။ ဘဝကို ပျော်မွေ့ဖို့ လိုအပ်ရာ မှန်သမျှ ဘုရား ပြင်ဆင်ပေးထားတယ်။ ထာဝစဉ် အသက်ရှင်နိုင်တယ်။ ယေဟောဝါနဲ့ ရင်းနှီးနေသ၍ ဘယ်တော့မှ သေရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘုရားရဲ့ ရိုးရှင်းတဲ့ တားမြစ်ချက် တစ်ခုကို မနာခံဖို့ သူတို့ ရွေးချယ်ခဲ့ကြတယ်။

လူတွေ ဘာကြောင့် ဆင်းရဲဒုက္ခခံနေရကြောင်း သိရတယ်။

ပထမလူသား အာဒံဟာ ဘုရားသခင့်စကား နားမထောင်ခဲ့တဲ့အတွက် သူကိုယ်တိုင်နဲ့ လူသားမျိုးဆက်တွေ ထာဝစဉ် အသက်ရှင်နိုင်တဲ့ အခွင့်အရေး ဆုံးရှုံးခဲ့တယ်။ ကျမ်းစာ ဒီလိုဆိုတယ်– “အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။” (ရောမ ၅:၁၂) လူတစ်ယောက်က မိဘဆီက ချို့ယွင်းချက်တစ်ခုကို အမွေခံခဲ့ရသလိုပဲ အာဒံရဲ့ သားသမီးတွေလည်း အာဒံဆီက အပြစ်ကို အမွေခံခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ အသက်ကြီးပြီး သေဆုံးကြရတယ်။

ကျွန်တော်တို့အတွက် အကူအညီ ဖြစ်မယ့်အရာကို ဘုရား ပြင်ဆင်ထားကြောင်း သိရတယ်။

ကျမ်းစာ ဒီလိုဆိုတယ်– “ဘုရားသခင်က လူ့လောကကို အလွန် ချစ်တယ်။ ဒါကြောင့် မိမိရဲ့ သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက် ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။” (ယောဟန် ၃:၁၆) ကျွန်တော်တို့အတွက် အသက်စွန့်ဖို့ ဘုရားသခင်က ယေရှုကို မြေကြီးပေါ် စေလွှတ်ခဲ့တယ်။ အဲဒီ မေတ္တာလုပ်ရပ်နဲ့ပတ်သက်ပြီး အသက် ၈၆ နှစ်အရွယ် ပရာဟကာလို့ ခေါ်တဲ့ အိန္ဒိယ အမျိုးသားတစ်ယောက် ဒီလို ပြောခဲ့တယ်– “အဲဒါက ကျွန်တော့်ကို ယေဟောဝါa သိပ်ချစ်တယ်ဆိုတာ ဖော်ပြတယ်။ ဘုရားရဲ့ မေတ္တာကြောင့် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိလာတယ်။”

ကျွန်တော်တို့အတွက် ဘုရား လုပ်ဆောင်ပေးရာကို ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြနိုင်ပုံကို သိရတယ်။

‘ပညတ်တွေကို လိုက်နာ’ ခြင်းအားဖြင့် ကျွန်တော်တို့အတွက် ဘုရား လုပ်ဆောင်ပေးရာကို ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြနိုင်တယ်လို့ ကျမ်းစာက ဆိုတယ်။ (၁ ယောဟန် ၂:၃) အခုအချိန်မှာ ဘဝကို ပျော်မွေ့ဖို့ ဘာလုပ်ရမယ်ဆိုတာ ယေဟောဝါဘုရားက မေတ္တာပါပါ ဖော်ပြပေးထားတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဘုရားသခင်က ကျွန်တော်တို့ကို ဆင်းရဲဒုက္ခ မခံစားစေချင်ပါဘူး။ ဘုရားရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာမယ်ဆိုရင် အခုချိန်မှာ ပျော်ရွှင်တဲ့ ဘဝကို ရရှိနိုင်ပြီး အနာဂတ်မှာလည်း ထာဝစဉ် အသက်ရှင်ခွင့်ရမယ်။

ဘုရားစကားတော် သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ပါ

သူနာပြုက နေ့လယ်စာ စားချိန်မှာ အပြင်ဘက်ထွက်၊ ကျမ်းစာဖတ်ပြီး ကောင်းကင်ကို မော့ကြည့်နေစဉ်။

ဒီလောက ကွယ်ပျောက်ချိန်မှာ အသက်ရှင်လွတ်မြောက်ဖို့ ဘုရားဆီ ဆုတောင်းပါ၊ ဘုရားအလိုတော် ဆောင်ပါ

အသက်ဆက်ရှင်ဖို့ ပုံမှန် အစာစားရတယ်။ ယေရှုကတော့ ဒီလို ပြောခဲ့တယ်– “လူဟာ အစားအစာနဲ့ပဲ အသက်ရှင်ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်စကား မှန်သမျှနဲ့ အသက်ရှင်ရမယ်။”—မဿဲ ၄:၄။

ဘုရားသခင့် စကားတော်ကို ကျမ်းစာမှာ တွေ့ရတယ်။ သမ္မာကျမ်းစာကို လေ့လာမယ်ဆိုရင် ရှေးခေတ်၊ လက်ရှိနဲ့ အနာဂတ်မှာ လူတွေအတွက် ဘုရားသခင် လုပ်ပေးတဲ့ အရာတွေကို သိရပါမယ်။

အကူအညီ ရဖို့ ဘုရားဆီ ဆုတောင်းပါ

ဘုရားသခင့် လမ်းညွှန်ချက်ကို လိုက်နာချင်ပေမဲ့ ဘုရား မကြိုက်တဲ့ အရာတွေကိုပဲ ဆက်လုပ်မိနေတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ ဘုရားသခင်ကို သိကျွမ်းမယ်ဆိုရင် အထောက်အကူ ရပါလိမ့်မယ်။

ဆာကူရာလို့ ကျွန်တော်တို့ ခေါ်မယ့် အကျင့်ပျက် အမျိုးသမီးတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ ကျမ်းစာကို သူ စလေ့လာတဲ့အခါ “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေး ရှောင်ကြပါ” ဆိုတဲ့ ဘုရားရဲ့ ပညတ်ကို သိလာတယ်။ (၁ ကောရိန္သု ၆:၁၈) သူ့ရဲ့ အကျင့်ဆိုးတွေကို ဖျောက်ပစ်နိုင်တဲ့ ခွန်အားပေးပါလို့ ဘုရားသခင်ဆီ ဆာကူရာ ဆုတောင်းခဲ့တယ်။ သွေးဆောင်မှုတွေကိုတော့ တိုက်လှန်နေရဆဲပဲ။ သူ ဒီလိုပြောတယ်– “အကျင့်ပျက် အတွေးတွေ ဝင်လာတဲ့အခါ အဲဒါကို ကျွန်မဘာသာ မတိုက်လှန်နိုင်ဘူးလို့ ယေဟောဝါဆီ ဆုတောင်းပြီး ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ ဆုတောင်းခြင်း တန်ခိုးကြောင့် ယေဟောဝါနဲ့ ကျွန်မ ပိုရင်းနှီးလာတယ်။” ဆာကူရာလိုပဲ သန်းနဲ့ချီတဲ့ လူတွေဟာ ဘုရားသခင်ကို သိလာကြတယ်။ သူတို့ရဲ့ အသက်တာကို ပြောင်းလဲပြီး ဘုရား နှစ်သက်တဲ့ လမ်းစဉ်အတိုင်း အသက်ရှင်နိုင်ဖို့ ဘုရားသခင် ခွန်အားပေးတယ်။—ဖိလိပ္ပိ ၄:၁၃။

ဘုရားသခင်ကို သင် ပိုသိလာလေ ဘုရားကလည်း သင့်ကို မိတ်ဆွေကောင်းအဖြစ် သိလာလေပဲ။ (ဂလာတိ ၄:၉။ ဆာလံ ၂၅:၁၄) အဲဒါမှ ကယ်တင်ခံရပြီး ဘုရားသခင့် ကမ္ဘာသစ်ထဲ ဝင်စားခွင့် ရပါလိမ့်မယ်။ ကမ္ဘာသစ်က ဘယ်လိုမျိုးလဲ။ နောက်ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

a ယေဟောဝါဆိုတာ ကျမ်းစာမှာ ပါတဲ့ ဘုရားရဲ့ နာမည်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ