ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဒီဇင်ဘာ စာ. ၂၈-၃၀
  • သင်ဟာ လုပ်ဖော်ဆောင်ဖက်ကောင်းလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်ဟာ လုပ်ဖော်ဆောင်ဖက်ကောင်းလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မူ ၁– “အချင်းချင်းကို ဂုဏ်တင်ပါ”
  • မူ ၂– ‘အကျိုးသင့်အကြောင်းသင့်သဘောကို သိမြင်စေပါ’
  • မူ ၃– ‘ဝေမျှပေးရာမှာ အသင့်ရှိပါ’
  • သင် လုပ်ဖော်ဆောင်ဖက်ကောင်း ဖြစ်နိုင်
  • တခြားသူတွေရဲ့ ခံစားချက်ကို နားလည်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • အမှုဆောင်လုပ်ငန်းမှာ ကိုယ်ချင်းစာစိတ် တင်ပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • အကျိုးသင့်အကြောင်းသင့်ကို ပျိုးထောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခရစ်ယာန်အကြီးအကဲများ —‘ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက်များ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဒီဇင်ဘာ စာ. ၂၈-၃၀

သင်ဟာ လုပ်ဖော်ဆောင်ဖက်ကောင်းလား

“ကျွမ်းကျင်လုပ်သားအဖြစ် ဘုရားရဲ့ ဘေးမှာ ငါ ရှိနေခဲ့တယ်။ . . . ရှေ့တော်မှာ ငါ အမြဲ ဝမ်းမြောက်နေတယ်။” (ပညာ. ၈:၃၀) ဘုရားသခင့် သားတော်ဟာ မြေကြီးပေါ် မလာခင် ဖခင်နဲ့အတူ ကောင်းကင်မှာ နှစ်ပေါင်းများစွာ တွဲလုပ်ဆောင်ခဲ့ကြောင်း အဲဒီကျမ်းချက်က ဖော်ပြတယ်။ ဘုရားနဲ့ တွဲလုပ်ရတာကို ယေရှု “ဝမ်းမြောက်” ကြောင်းလည်း သတိပြုပါ။

ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းချိန်အတွင်း ဖခင် ယေဟောဝါနဲ့ ယေရှု ရှိနေ။

မြေကြီးပေါ်မှာ မိမိနဲ့ တွဲလုပ်ဆောင်သူတွေအတွက် လုပ်ဖော်ဆောင်ဖက်ကောင်း ဖြစ်စေမယ့် အရည်အသွေးကောင်းတွေကို ယေရှု သင်ယူခဲ့တယ်။ ယေရှုရဲ့ ပုံနမူနာကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရနိုင်သလဲ။ ယေရှုရဲ့ ပုံသက်သေကို လေ့လာခြင်းအားဖြင့် လုပ်ဖော်ဆောင်ဖက်ကောင်း ဖြစ်စေနိုင်မယ့် မူသုံးခုကို သိလာမယ်။ အဲဒီမူတွေက စည်းလုံးမှု တိုးများဖို့၊ ပူးပေါင်းလုပ်ဆောင်ဖို့ ကူညီပေးပါလိမ့်မယ်။

ဟောပြောဖို့ တပည့်နှစ်ယောက်ကို ယေရှု စေလွှတ်နေ။

ယေဟောဝါနဲ့ ယေရှုရဲ့ ပုံသက်သေကို အမှတ်ရပြီး လုပ်ဖော်ဆောင်ဖက်တွေကို သင့်အတွေ့အကြုံ၊ အသိပညာတွေ ဝေမျှပေးပါ

မူ ၁– “အချင်းချင်းကို ဂုဏ်တင်ပါ”

လုပ်ဖော်ဆောင်ဖက်ကောင်းဟာ အလုပ်ဖော်တွေကို တန်ဖိုးထားတယ်။ ကိုယ်အထင်ကြီးခံရဖို့ပဲ မကြိုးစားဘူး။ အဲဒီလို နှိမ့်ချတဲ့ သဘောထားကို ဖခင်ဆီကနေ ယေရှု သင်ယူခဲ့တယ်။ ယေဟောဝါတစ်ပါးတည်း ဖန်ဆင်းရှင်လို့ အခေါ်ခံထိုက်ပေမဲ့ လုပ်ဖော်ဆောင်ဖက် ဖြစ်တဲ့ သားတော်ရဲ့ ပြီးမြောက်မှုတွေကိုလည်း တခြားသူတွေကို သိစေတယ်။ “ငါတို့နဲ့ တူတဲ့ လူကို ဖန်ဆင်းကြစို့” ဆိုတဲ့ စကားမှာ အဲဒီအချက် ပေါ်လွင်တယ်။ (က. ၁:၂၆) ယေဟောဝါရဲ့ နှိမ့်ချမှုကို ယေရှု တန်ဖိုးထား လေးမြတ်မှာ သေချာတယ်။—ဆာ. ၁၈:၃၅။

အသင်းတော် တာဝန်တစ်ခုအတွက် လူငယ်ညီအစ်ကိုကို အကြီးအကဲ လေ့ကျင့်ပေးနေ။

မြေကြီးပေါ် ရှိတုန်း ယေရှုလည်း နှိမ့်ချမှု တင်ပြတယ်။ ကိုယ့်ရဲ့ ပြီးမြောက်အောင်မြင်မှုတွေအတွက် ချီးမွမ်းခံရတဲ့အခါ ဘုရားကိုပဲ ချီးမွမ်းစေတယ်။ (မာ. ၁၀:၁၇၊ ၁၈။ ယော. ၇:၁၅၊ ၁၆) တပည့်တွေနဲ့ သင့်မြတ်ဖို့ ကြိုးစားတယ်။ တပည့်တွေကို ကျွန်လို မဟုတ်ဘဲ မိတ်ဆွေလို ဆက်ဆံတယ်။ (ယော. ၁၅:၁၅) နှိမ့်ချမှု သင်ခန်းစာ သင်ပေးဖို့ သူတို့ရဲ့ ခြေကိုတောင် ဆေးပေးခဲ့တယ်။ (ယော. ၁၃:၅၊ ၁၂-၁၄) ကျွန်တော်တို့လည်း လုပ်ဖော်ဆောင်ဖက်တွေကို တန်ဖိုးထားသင့်တယ်။ သူတို့အကျိုးထက် ကိုယ့်အကျိုးကို ရှေ့တန်း မတင်သင့်ဘူး။ “အချင်းချင်းကို ဂုဏ်တင်” မယ်၊ ဘယ်သူ နာမည်ရမယ်ဆိုတာ မစိုးရိမ်ဘူးဆိုရင် အလုပ်များစွာ ပြီးမြောက်ပါလိမ့်မယ်။—ရော. ၁၂:၁၀။

‘အကြံပေးသူ များရင် အောင်မြင်တတ်’ ကြောင်း နှိမ့်ချသူ အသိအမှတ်ပြုတယ်။ (ပညာ. ၁၅:၂၂) အတွေ့အကြုံ၊ အရည်အချင်း ဘယ်လောက်ရှိရှိ အရာအားလုံး သိတဲ့သူဆိုတာ မရှိဘူး။ ယေရှုတောင် မိမိ မသိတာတွေ ရှိကြောင်း ဝန်ခံတယ်။ (မ. ၂၄:၃၆) မစုံလင်တဲ့ တပည့်တွေ ဘာသိထားကြောင်း၊ ဘယ်လို ထင်မြင်ကြောင်း စိတ်ဝင်စားတယ်။ (မ. ၁၆:၁၃-၁၆) ဒါကြောင့် ယေရှုနားမှာ လုပ်ဖော်ဆောင်ဖက်တွေ သက်သောင့်သက်သာ ရှိကြတာ မဆန်းပါဘူး။ ကျွန်တော်တို့လည်း ကိုယ်မသိတာတွေကို နှိမ့်ချစွာ အသိအမှတ်ပြုပြီး တခြားသူတွေရဲ့ အကြံဉာဏ်ကို နားထောင်မယ်ဆိုရင် သင့်သင့်မြတ်မြတ် ရှိမယ်၊ အလုပ် ပို “အောင်မြင်” ပြီးမြောက်မယ်။

အထူးသဖြင့် အကြီးအကဲတွေဟာ အချင်းချင်း တွဲလုပ်ဆောင်ချိန်မှာ ယေရှုရဲ့ နှိမ့်ချမှုကို တုပဖို့ အရေးကြီးတယ်။ ဘယ်အကြီးအကဲကိုမဆို သန့်ရှင်းသော စွမ်းအားတော် လှုံ့ဆော်နိုင်ကြောင်း အသိအမှတ် ပြုဖို့ လိုတယ်။ အကြီးအကဲ အစည်းအဝေးမှာ ယောက်တိုင်း ကိုယ့်အမြင် သဘောထားကို လွတ်လွတ်လပ်လပ် ပြောရဲဆိုရဲတဲ့ အခြေအနေမျိုး ရှိအောင် ကူညီမယ်ဆိုရင် အသင်းတော်တစ်ခုလုံးကို အကျိုးပြုမယ့် ဆုံးဖြတ်ချက်တွေ ချနိုင်ပါလိမ့်မယ်။

မူ ၂– ‘အကျိုးသင့်အကြောင်းသင့်သဘောကို သိမြင်စေပါ’

လုပ်ဖော်ဆောင်ဖက်ကောင်းဟာ အလုပ်ဖော်တွေနဲ့ ဆက်ဆံရာမှာ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ တစ်ယူသန် မဟုတ်ဘူး။ လိုက်လျောတတ်တယ်။ ဖခင်ရဲ့ အကျိုးသင့်အကြောင်းသင့် သဘောကို ယေရှု အကြိမ်များစွာ တွေ့မြင်ခဲ့တယ်။ ဥပမာ၊ သေဒဏ်ခံထိုက်တဲ့ လူသားတွေကို ကယ်တင်ဖို့ ယေရှုကို ယေဟောဝါ စေလွှတ်ခဲ့တယ်။—ယော. ၃:၁၆။

သင့်တော်တဲ့ အခါတိုင်း ယေရှု လိုက်လျောပေးတယ်။ အစ္စရေးလူမျိုးကို ကူညီဖို့ စေလွှတ်ခံရတာ ဖြစ်ပေမဲ့ ဖိုနီးရှား အမျိုးသမီးကို ကူညီပေးခဲ့ကြောင်း သတိရပါ။ (မ. ၁၅:၂၂-၂၈) တပည့်တွေဆီကနေလည်း တရားလွန် မမျှော်လင့်ဘူး။ မိမိကို မိတ်ဆွေ ပေတရု လူရှေ့သူရှေ့ ငြင်းပယ်တာကို ခွင့်လွှတ်ခဲ့တယ်။ နောက်ပိုင်း၊ တာဝန်ကြီးတွေတောင် ပေးခဲ့တယ်။ (လု. ၂၂:၃၂။ ယော. ၂၁:၁၇။ တ. ၂:၁၄။ ၈:၁၄-၁၇။ ၁၀:၄၄၊ ၄၅) ယေရှုရဲ့ ပုံသက်သေက “အကျိုးသင့်အကြောင်းသင့် သဘောကို လူတိုင်း သိမြင်” အောင် ကြိုးစားရမယ်ဆိုတာ သင်ပေးတယ်။—ဖိ. ၄:၅။

ညီအစ်မတစ်ယောက် နောက်ညီအစ်မကို ပိုက်ဆက်နည်း သင်ပေးနေ။

အကျိုးသင့်အကြောင်းသင့် သဘောက လူအမျိုးမျိုးနဲ့ သင့်သင့်မြတ်မြတ် တွဲလုပ်နိုင်အောင် လိုက်လျောညီထွေ နေတတ်ဖို့လည်း ကူညီပေးပါလိမ့်မယ်။ ယေရှုဟာ တခြားသူတွေနဲ့ သင့်မြတ်လွန်းလို့ “အခွန်ခံတွေ၊ အပြစ်သားတွေနဲ့ မိတ်ဖွဲ့သူ” ဆိုပြီး မနာလိုတဲ့ ရန်သူတွေ စွပ်စွဲကြတယ်။ (မ. ၁၁:၁၉) ယေရှုလိုပဲ ကျွန်တော်တို့လည်း တခြားသူတွေနဲ့ သင့်မြတ်စွာ တွဲလုပ်နိုင်မလား။ နယ်လှည့်လုပ်ငန်းမှာ၊ ဗေသလမှာ နောက်ခံအမျိုးမျိုး ရှိသူတွေနဲ့ တွဲလုပ်ခဲ့တဲ့ ညီအစ်ကို လူဝီအကြောင်း စဉ်းစားကြည့်ပါ။ “ကိုယ်နဲ့ တွဲလုပ်ရသူတိုင်းကို ပုံစံမတူတဲ့ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ အုတ်တံတိုင်းလို့ သဘောထားကြည့်တယ်။ ကျောက်တုံးတွေ ပုံစံ မတူလို့ ဖြောင့်တန်းတဲ့ အုတ်တံတိုင်း ဖြစ်ဖို့ လိုအပ်တဲ့နေရာမှာ လိုအပ်သလို အစားထိုး ဖြည့်စွက်ရတယ်။ ကျွန်တော်လည်း အလုပ်ပြီးမြောက်အောင် တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် ရှိဖို့ လိုအပ်တာတွေ ပြုပြင်ပြောင်းလဲတယ်” လို့ ပြောတယ်။ မွန်မြတ်လှတဲ့ စိတ်ထားပါပဲ။

လုပ်ဖော်ဆောင်ဖက်ကောင်းဟာ တခြားသူတွေ ကိုယ့်ထိန်းချုပ်မှုအောက် မရှိတော့မှာ စိုးပြီး ဆရာစားချန်တာမျိုး မလုပ်ဘူး

ဘယ်အချိန်တွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့ လိုနိုင်သလဲ။ အမှုဆောင်မှာ ပါဝင်တဲ့အခါတွေ ဖြစ်တယ်။ ကိုယ့်ထက် မိသားစုတာဝန် ပိုများသူ၊ အသက်အရွယ် မတူသူတွေနဲ့ တွဲအမှုဆောင်ရနိုင်တယ်။ အမှုဆောင်မှာ သူတို့ အဓိပ္ပာယ်ရှိရှိ ပါဝင်နိုင်အောင် ကိုယ့်ရဲ့ အရှိန်၊ ဟောပုံဟောနည်းကို အပြောင်းအလဲ လုပ်နိုင်မလား။

မူ ၃– ‘ဝေမျှပေးရာမှာ အသင့်ရှိပါ’

လုပ်ဖော်ဆောင်ဖက်ကောင်းဟာ “ဝေမျှပေးရာမှာ အသင့်ရှိ” တယ်။ (၁ တိ. ၆:၁၈) ယေဟောဝါဟာ ပညာလျှိုသူ မဟုတ်ကြောင်း အလုပ်တွဲလုပ်ရင်း ယေရှု သိလာမှာပဲ။ “ကောင်းကင်ကို ဘုရား ပြင်ဆင်တဲ့အခါ” ယေရှု “ရှိနေ” တဲ့အတွက် သင်ယူနိုင်ခဲ့တယ်။ (ပညာ. ၈:၂၇) နောက်ပိုင်း၊ ဖခင်ဆီက “ကြားနာခဲ့သမျှ” တပည့်တွေကို ဝေမျှပေးတယ်။ (ယော. ၁၅:၁၅) ကျွန်တော်တို့လည်း လုပ်ဖော်ဆောင်ဖက်တွေကို ကိုယ့်အသိပညာ၊ အတွေ့အကြုံတွေ ဝေမျှပေးသင့်တယ်။ လုပ်ဖော်ဆောင်ဖက်ကောင်းဟာ တခြားသူတွေ ကိုယ့်ထိန်းချုပ်မှုအောက် မရှိတော့မှာ စိုးပြီး ဆရာစားချန်တာမျိုး မလုပ်ဘူး။ သိထားသမျှကို လိုလိုလားလား ဝေမျှပေးတယ်။

ညီအစ်ကိုတစ်ယောက် ဟောပြောချက် လေ့ကျင့်တာကို အကြီးအကဲ နားထောင်ပေးနေ။ “သွန်သင်ခြင်း” စာစောင် ဖွင့်ပြီး ကိုင်ထား။

လုပ်ဖော်ဆောင်ဖက်တွေကို အားပေးစကားလည်း ပြောနိုင်တယ်။ ကိုယ့်ကြိုးစားမှုကို တစ်ယောက်ယောက် သတိထားမိပြီး လှိုက်လှိုက်လှဲလှဲ ချီးမွမ်းတဲ့အခါ အားရှိတယ် မဟုတ်လား။ လုပ်ဖော်ဆောင်ဖက်တွေဆီမှာ သတိထားမိတဲ့ ကောင်းကွက်တွေကို ယေရှု အချိန်ယူ ချီးမွမ်းပေးတယ်။ (မဿဲ ၂၅:၁၉-၂၃။ လုကာ ၁၀:၁၇-၂၀ နဲ့ နှိုင်းယှဉ်ပါ။) မိမိ လုပ်ခဲ့တာထက် “ကြီးမားတာတွေကို လုပ်လိမ့်မယ်” လို့တောင် ပြောတယ်။ (ယော. ၁၄:၁၂) မသေဆုံးခင် ညမှာ “ခင်ဗျားတို့က ကျွန်တော် စမ်းသပ်မှု ကြုံရချိန်တွေမှာ ကျွန်တော့်ကို မစွန့်ခွာကြဘူး” လို့ သစ္စာရှိ တမန်တော်တွေကို ချီးမွမ်းတယ်။ (လု. ၂၂:၂၈) အဲဒီစကားတွေက တပည့်တွေကို ဘယ်လောက် အားရှိစေမလဲဆိုတာ စဉ်းစားကြည့်ပါ။ ပိုကြိုးစားချင်စိတ် ပေါ်လာစေမှာပဲ။ ကျွန်တော်တို့လည်း လုပ်ဖော်ဆောင်ဖက်တွေကို အချိန်ယူ ချီးမွမ်းမယ်ဆိုရင် သူတို့ ပိုပျော်လာမယ်၊ အလုပ် ပိုပြီးမြောက်မယ်ဆိုတာ သေချာပါတယ်။

သင် လုပ်ဖော်ဆောင်ဖက်ကောင်း ဖြစ်နိုင်

“လုပ်ဖော်ဆောင်ဖက်ကောင်းဆိုတာ ပြည့်ဝစုံလင်ဖို့ မလိုဘူး။ ကိုယ်နဲ့ တွဲလုပ်ရသူတွေကို ပျော်ရွှင်စေတယ်။ သူတို့ရဲ့ အလုပ်ဝန်ကို ပေါ့စေတယ်” လို့ ညီအစ်ကို ကာယိုဒီ ပြောတယ်။ သင်ဟာ အဲဒီလို လုပ်ဖော်ဆောင်ဖက်မျိုးလား။ ကိုယ်ဟာ ဘယ်လို အလုပ်ဖော်မျိုးလဲဆိုတာ သိဖို့ ညီအစ်ကို/မတချို့ကို မေးကြည့်ပါ။ ယေရှုနဲ့ တွဲလုပ်ရတာကို တပည့်တွေ ပျော်သလို သင်နဲ့ တွဲလုပ်ရတာကို ပျော်ကြတယ်ဆိုရင် “ကျွန်တော်တို့ဟာ ခင်ဗျားတို့ကို ပျော်ရွှင်စေချင်တဲ့ လုပ်ဖော်ဆောင်ဖက်တွေပဲ” လို့ တမန်တော် ပေါလု ပြောသလို ပြောနိုင်ပါလိမ့်မယ်။—၂ ကော. ၁:၂၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ