ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၂ အမှတ် ၁ စာ. ၁၂-၁၃
  • ၄ | ဘုရားသခင့် အကူအညီနဲ့ အမုန်းတရားကို အောင်နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၄ | ဘုရားသခင့် အကူအညီနဲ့ အမုန်းတရားကို အောင်နိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာ သွန်သင်ချက်–
  • ဆိုလိုတာက–
  • လုပ်ဆောင်နိုင်တဲ့ အချက်–
  • သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • မုန်းတီးမှု သံသရာကို ချေဖျက်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • မုန်းတီးမှုကို ချေဖျက်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • ဘာကြောင့် မုန်းတီးမှု သံသရာ လည်နေသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
ကလ၂၂ အမှတ် ၁ စာ. ၁၂-၁၃
အလင်းပေးနေတဲ့ ကျမ်းစာအုပ်ဆီ လူတွေ သွားနေကြစဉ်။ သူတို့ရဲ့အရိပ်က သူတို့ရဲ့ ယခင် မုန်းတီးမှုကို ဖော်ပြ။

မုန်းတီးမှု သံသရာကို ချေဖျက်နိုင်ပုံ

၄ | ဘုရားသခင့် အကူအညီနဲ့ အမုန်းတရားကို အောင်နိုင်

ကျမ်းစာ သွန်သင်ချက်–

“စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကတော့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့ပါပဲ။”—ဂလာတိ ၅:၂၂၊ ၂၃။

ဆိုလိုတာက–

ဘုရားသခင့် အကူအညီနဲ့ အမုန်းသံသရာကို ချေဖျက်နိုင်ပါတယ်။ ကိုယ့်မှာ မရှိတဲ့ အရည်အသွေးတွေ ရှိလာအောင် သန့်ရှင်းသော စွမ်းအားတော်က ကူညီပေးနိုင်တယ်။ ဒါကြောင့် အမုန်းတရားကို ချေဖျက်ဖို့ ကိုယ်တိုင် ကြိုးစားမယ့်အစား ဘုရားကို အားကိုးတာ ပိုကောင်းတယ်။ ဘုရားကို အားကိုးမယ်ဆိုရင် တမန်တော် ပေါလုလို ခံစားရမယ်။ သူ ဒီလိုရေးခဲ့တယ်– “ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ။” (ဖိလိပ္ပိ ၄:၁၃) “ယေဟောဝါဆီကနေ အကူအညီ ရပြီ” လို့လည်း ပြောနိုင်ပါလိမ့်မယ်။—ဆာလံ ၁၂၁:၂။

လုပ်ဆောင်နိုင်တဲ့ အချက်–

“ကမ်းကုန်အောင် ဆိုးသွမ်းတဲ့ ကျွန်တော့်ကို အေးချမ်းတဲ့သူ ဖြစ်အောင် ယေဟောဝါဘုရား ပုံသွင်းပေးခဲ့ပါတယ်။”—ဝါလ်ဒို

ယေဟောဝါဆီ စိတ်ရင်းမှန်နဲ့ သန့်ရှင်းသော စွမ်းအားတော် တောင်းခံပါ။ (လုကာ ၁၁:၁၃) အရည်အသွေးကောင်းတွေ မွေးမြူနိုင်အောင် ကူညီပေးပါလို့ ဆုတောင်းပါ။ မုန်းတီးစိတ်ကို ဖယ်ရှားနိုင်အောင် ကူညီပေးတဲ့ မေတ္တာ၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ချုပ်တည်းခြင်း စတဲ့ အရည်အသွေးတွေအကြောင်း ကျမ်းစာမှာ လေ့လာပါ။ အဲဒီအရည်အသွေးတွေကို မွေးမြူနိုင်တဲ့ နည်းလမ်းတွေကို ရှာပါ။ အဲဒီ အရည်အသွေးတွေကို မွေးမြူဖို့ ကြိုးစားနေသူတွေနဲ့ ပေါင်းသင်းပါ။ သူတို့က “မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့” ကူညီပေးနိုင်တယ်။—ဟီဘရူး ၁၀:၂၄။

ဘဝဖြစ်ရပ်မှန်—ဝါလ်ဒို

အကြမ်းဖက်စေတဲ့ မုန်းတီးမှုကို ချေဖျက်ခဲ့

ဝါလ်ဒို။

ဝါလ်ဒိုရဲ့ ဘဝဟာ ကြမ်းတမ်းပြီး အမုန်းတရားတွေနဲ့ ပြည့်နေတယ်။ သူ ဒီလိုပြောတယ်– “လမ်းပေါ်မှာ မူးယစ်ဆေး ရောင်းတဲ့သူတွေနဲ့လည်း ကျွန်တော် ရန်ဖြစ်လေ့ရှိတယ်။ . . . တစ်ခါကဆိုရင် နာမည်ကြီး ကြေးစားလူသတ်သမားကို ငှားပြီး ကျွန်တော့်ကို သတ်ခိုင်းတယ်။ ဒါပေမဲ့ ဒဏ်ရာတစ်ချက်ပဲ ရပြီး လွတ်မြောက်သွားတယ်။”

ယေဟောဝါသက်သေတွေနဲ့ ဇနီး ကျမ်းစာလေ့လာနေတာကို ဝါလ်ဒို မကြိုက်ဘူး။ သူ ဒီလိုပြောတယ်– “ယေဟောဝါသက်သေတွေကို ကျွန်တော် မုန်းတယ်။ သူတို့ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုအော်ငေါက်တာလည်း ခဏခဏပဲ။ ဒါပေမဲ့ သူတို့က အမြဲပဲ အေးအေးဆေးဆေး တုံ့ပြန်တတ်တယ်။”

နောက်တော့ ဝါလ်ဒိုလည်း ကျမ်းစာ စလေ့လာတယ်။ သူ ဒီလို ပြောပြတယ်– “သိလာတဲ့အရာတွေကို လက်တွေ့ကျင့်သုံးဖို့ ကျွန်တော့်အတွက် မလွယ်ကူခဲ့ဘူး။ ကျွန်တော့်ရဲ့ ဒေါသတွေကို ဘယ်တော့မှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။” ကျမ်းစာထဲက အချက်တစ်ချက်က စွဲမှတ်စရာ ဖြစ်သွားတယ်။

ဒီလို ရှင်းပြတယ်– “တစ်နေ့တော့ ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့ အာလေဟန်ဒရိုက ဂလာတိ ၅:၂၂၊ ၂၃ ကို ဖတ်ခိုင်းတယ်။ . . . ဒီအရည်အသွေးတွေကို ရရှိဖို့ ကိုယ့်အစွမ်းအစကို မဟုတ်ဘဲ ဘုရားသခင့် စွမ်းအားတော်ကို မှီခိုရမယ်ဆိုတဲ့အကြောင်း အာလေဟန်ဒရို ရှင်းပြတယ်။ အဲဒီအမှန်တရားကြောင့် ကျွန်တော့်ရဲ့ သဘောထား လုံးဝပြောင်းလဲသွားတယ်။”

ဘုရားသခင့် အကူအညီနဲ့ ဝါလ်ဒိုဟာ မုန်းတီးမှု သံသရာကို ချေဖျက်နိုင်ခဲ့တယ်။ “ကျွန်တော့်ရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေဟောင်းတွေက ကျွန်တော် ဒီလောက်အထိ ပြောင်းလဲသွားတာကို အရမ်း အံ့သြကြတယ်” လို့ သူ ပြောတယ်။ “ကမ်းကုန်အောင် ဆိုးသွမ်းတဲ့ ကျွန်တော့်ကို အေးချမ်းတဲ့သူ ဖြစ်အောင် ယေဟောဝါဘုရား ပုံသွင်းပေးခဲ့ပါတယ်” လို့လည်း ပြောခဲ့တယ်။

ဝါလ်ဒိုရဲ့ တွေ့ကြုံမှု အသေးစိတ်ကို အောက်တိုဘာ ၁၊ ၂၀၁၃၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၂-၁၃ မှာ ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ