ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၂ အမှတ် ၁ စာ. ၁၄-၁၅
  • မုန်းတီးမှု ထာဝစဉ် ပျောက်ကွယ်သွားမယ့်အချိန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မုန်းတီးမှု ထာဝစဉ် ပျောက်ကွယ်သွားမယ့်အချိန်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မုန်းတီးမှုရဲ့ ရင်းမြစ်ကို ဘုရားသခင် ဖယ်ရှားမယ်
  • မုန်းတီးမှု မရှိတဲ့ ကမ္ဘာကို ကျမ်းစာ ကတိပြုထား
  • ဘာကြောင့် မုန်းတီးမှု သံသရာ လည်နေသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • မုန်းတီးမှုကို ချေဖျက်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • နိဒါန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • မုန်းတီးမှုတစ်နေ့နေ့အဆုံးတိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
ကလ၂၂ အမှတ် ၁ စာ. ၁၄-၁၅

မုန်းတီးမှု ထာဝစဉ် ပျောက်ကွယ်သွားမယ့်အချိန်

ကိုယ့်ရဲ့ စိတ်နှလုံးထဲကနေ မုန်းတီးမှုကို ထုတ်ပယ်ပစ်နိုင်ပေမဲ့ တခြားသူတွေရဲ့ စိတ်ထဲမှာ ရှိတဲ့ မုန်းတီးမှုကိုတော့ မထိန်းချုပ်နိုင်ဘူး။ အပြစ်မဲ့သူတွေဟာ မုန်းတီးမှုရဲ့ သားကောင် ဖြစ်နေကြတုန်းပဲ။ မုန်းတီးမှုကို ထာဝစဉ် ဖယ်ရှားနိုင်တဲ့ နည်းလမ်းက ဘာဖြစ်မလဲ။

ယေဟောဝါ ဘုရားသခင်ကပဲ အခုအချိန်မှာ မြင်တွေ့နေရတဲ့ မုန်းတီးမှု သံသရာကို အပြီးအပိုင် ထာဝစဉ် ချေဖျက်နိုင်တယ်။ ဘုရား အဲဒီအတိုင်း လုပ်မယ်လို့ ကျမ်းစာမှာ ကတိပေးထားတယ်။—ပညာအလိမ္မာ ၂၀:၂၂။

မုန်းတီးမှုရဲ့ ရင်းမြစ်ကို ဘုရားသခင် ဖယ်ရှားမယ်

  1. ၁။ စာတန် မာရ်နတ်။ မြင်တွေ့နေရတဲ့ မုန်းတီးမှုရဲ့ အဓိက တရားခံကတော့ ပုန်ကန်တဲ့ ကောင်းကင်တမန် စာတန်ပါပဲ။ ဘုရားသခင်က စာတန်နဲ့ စာတန်လိုပဲ မုန်းတီးစိတ် ရှိသူတွေကို ဖျက်ဆီးပါတော့မယ်။—ဆာလံ ၃၇:၃၈။ ရောမ ၁၆:၂၀။

  2. ၂။ အမုန်းတရား ပြည့်နေတဲ့ စာတန့်လောက။ မုန်းတီးမှုကို အားပေးအားမြှောက်လုပ်နေတဲ့ အကျင့်ပျက်ခြစား နိုင်ငံရေးသမားတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို ဘုရားသခင် ဖျက်ဆီးပစ်တော့မယ်။ လောဘကြီးပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစား လုပ်နေတဲ့ စီးပွားရေးစနစ်ကိုလည်း ဖျက်ဆီးပါလိမ့်မယ်။—၂ ပေတရု ၃:၁၃။

  3. ၃။ လူ့မစုံလင်မှု။ မစုံလင်တဲ့ လူသားတွေဟာ မှားတာတွေကိုပဲ တွေးတော၊ လုပ်ဆောင်ချင်တဲ့ သဘောထားကို အမွေရထားတယ်လို့ ကျမ်းစာ ရှင်းပြတယ်။ (ရောမ ၅:၁၂) အဲဒီထဲကတစ်ခုက တခြားသူတွေကို မုန်းတီးတဲ့ သဘောထား ဖြစ်တယ်။ အဲဒီ မကောင်းတဲ့ သဘောထားတွေကို ချေဖျက်နိုင်အောင် လူတွေကို ဘုရားသခင် ကူညီပေးမယ်။ ဒါကြောင့် မုန်းတီးမှု ထာဝစဉ် ဖယ်ရှားခံရပါလိမ့်မယ်။—ဟေရှာယ ၅၄:၁၃။

မုန်းတီးမှု မရှိတဲ့ ကမ္ဘာကို ကျမ်းစာ ကတိပြုထား

  1. ၁။ မတရားမှု ရှိတော့မှာ မဟုတ်ဘူး။ တရားမျှတပြီး တည်မြဲတဲ့ အစိုးရက ကမ္ဘာကို အုပ်ချုပ်တော့မယ်။ အဲဒါက ကောင်းကင်ကနေ အုပ်ချုပ်မယ့် ဘုရားသခင့် နိုင်ငံတော် ဖြစ်တယ်။ (ဒံယေလ ၂:၄၄) မလိုမုန်းထားမှု၊ သဘောထား သေးသိမ်မှု ရှိတော့မှာ မဟုတ်ဘူး။ အခု လူတွေ ကြုံတွေ့နေရတဲ့ မတရားမှုအားလုံးကို ဘုရားသခင် ဖယ်ရှားပါလိမ့်မယ်။—လုကာ ၁၈:၇။

  2. ၂။ ငြိမ်သက်အေးချမ်းမယ်။ အကြမ်းဖက်မှု၊ စစ်မှုတွေ မရှိတော့လို့ စိတ်ဆင်းရဲစရာ မရှိတော့ဘူး။ (ဆာလံ ၄၆:၉) အေးအေးချမ်းချမ်း နေချင်တဲ့သူတွေပဲ ကမ္ဘာပေါ်မှာ ရှိတော့မှာ ဖြစ်လို့ ဘေးကင်းလုံခြုံမယ်။—ဆာလံ ၇၂:၇။

  3. ၃။ ပြည့်စုံကောင်းမွန်တဲ့ အခြေအနေ ထာဝစဉ် တည်ရှိမယ်။ အချင်းချင်း မေတ္တာစစ်နဲ့ ချစ်ကြမယ်။ (မဿဲ ၂၂:၃၉) စိတ်ဆင်းရဲစရာတွေ မရှိတော့ဘူး၊ အတိတ်ဆိုးတွေကိုလည်း ပြန်အမှတ်ရတော့မှာ မဟုတ်ဘူး။ (ဟေရှာယ ၆၅:၁၇) မုန်းတီးစိတ် မရှိသူတွေဟာ “များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။”—ဆာလံ ၃၇:၁၁။

အဲဒီကမ္ဘာမှာ နေချင်ပါသလား။ အခုအချိန်မှာတောင် လူများစွာဟာ ကျမ်းစာ အခြေခံမူတွေကို လက်တွေ့ကျင့်သုံးလို့ မုန်းတီးစိတ် မရှိကြတော့ဘူး။ (ဆာလံ ၃၇:၈) ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့ ယေဟောဝါသက်သေတွေ အဲဒီအတိုင်း လုပ်နေကြတယ်။ သူတို့ဟာ ယဉ်ကျေးမှု၊ နောက်ခံ မျိုးစုံ ရှိပေမဲ့ မိသားစုတစ်ခုလို ချစ်ခင် စည်းလုံးနေကြပါတယ်။—ဟေရှာယ ၂:၂-၄။

အရည်အသွေးကောင်းတွေ ဖြစ်တဲ့ ချစ်ခြင်းမေတ္တာ၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ချုပ်တည်းခြင်းနဲ့ မကောင်းတဲ့ အရည်အသွေး မုန်းတီးခြင်းကို ဖော်ပြထားပုံ။

မတရားမှုနဲ့ ခွဲခြားဆက်ဆံမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံအကြောင်း ယေဟောဝါသက်သေတွေက သင်တို့ကို ပြောပြချင်ပါတယ်။ သင် သိလာရမယ့်အရာတွေက အမုန်းတရားကို ချေဖျက်ပြီး မေတ္တာပြတတ်ဖို့ ကူညီပေးပါလိမ့်မယ်။ ကျေးဇူးကန်းသူတွေ၊ မုန်းတီးစိတ် ရှိသူတွေကိုတောင် မေတ္တာ ပြတတ်လာမယ်။ ဒါကြောင့် အခုချိန်မှာတောင် သင် ပျော်ရွှင်မှု ခံစားရပြီး တခြားသူတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာပါလိမ့်မယ်။ အဲဒီအပြင် အမုန်းတရားတွေ ထာဝစဉ် ပပျောက်သွားမယ့် ဘုရားသခင့် နိုင်ငံတော်အောက်မှာ နေထိုင်ဖို့ ဘာလုပ်ရမယ်ဆိုတာ သိလာမယ်။—ဆာလံ ၃၇:၂၉။

ထပ်သိချင်တယ်ဆိုရင် jw.org/my ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်ကို လေ့လာကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ