ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၄ ဖေဖော်ဝါရီ စာ. ၂၈-၂၉
  • အုပ်ချုပ်ရေး အဖွဲ့ဝင်သစ် နှစ်ယောက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အုပ်ချုပ်ရေး အဖွဲ့ဝင်သစ် နှစ်ယောက်
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ဘာလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • အုပ်ချုပ်ရေးအဖွဲ့ဝင်အသစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်နှစ်ယောက်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
က၂၄ ဖေဖော်ဝါရီ စာ. ၂၈-၂၉

အုပ်ချုပ်ရေး အဖွဲ့ဝင်သစ် နှစ်ယောက်

၂၀၂၃၊ ဇန်နဝါရီလ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့၊ jw.org မှာ အထူး ကြေညာချက် တက်လာတယ်။ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ညီအစ်ကို ဂေ့ချ် ဖလီဂါလ်နဲ့ ညီအစ်ကို ဂျက်ဖရီ ဝင်ဒါ ခန့်အပ်ခံရတယ်ဆိုတဲ့ ကြေညာချက်ပါ။ ညီအစ်ကိုနှစ်ယောက်စလုံး ယေဟောဝါအတွက် သစ္စာရှိရှိ အမှုဆောင်နေတာ ကြာပြီ။

ညီအစ်ကို ဂေ့ချ် ဖလီဂါလ်နဲ့ ဇနီး နာဒီယာ

အမေရိကန်ပြည်ထောင်စု၊ အနောက် ပင်စီဗေးနီးယားမှာ ညီအစ်ကို ဖလီဂါလ် ကြီးပြင်းလာတယ်။ ဘုရားတရား ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးဆီကနေ အမှန်တရား သိလာတယ်။ ဟောပြောသူ ပိုလိုအပ်တဲ့ ကျေးလက်မြို့လေးဆီ မိသားစုလိုက် ပြောင်းလာချိန်မှာ ညီအစ်ကို ဖလီဂါလ် ဆယ်ကျော်သက်ပဲ ရှိသေးတယ်။ သိပ်မကြာခင် ၁၉၈၈၊ နိုဝင်ဘာလ ၂၀ ရက်မှာ နှစ်ခြင်းခံတယ်။

အချိန်ပြည့် အမှုဆောင်ဖို့ မိဘတွေ အမြဲ အားပေးတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဗေသလအိမ်သားတွေကို မကြာခဏ အိမ်ဖိတ်တယ်။ ဒီညီအစ်ကို/မတွေ ဘယ်လောက် ပျော်နေကြတယ်ဆိုတာ ညီအစ်ကို ဖလီဂါလ် မြင်လာတယ်။ ဒါကြောင့် နှစ်ခြင်းခံပြီး မကြာခင် ၁၉၈၉၊ စက်တင်ဘာလ ၁ ရက်မှာ မှန်မှန်ရှေ့ဆောင် စလုပ်တယ်။ နှစ်နှစ်အကြာမှာတော့ အသက် ၁၂ နှစ်တုန်းက ပန်းတိုင်ထားခဲ့တဲ့အတိုင်း ဗေသလမှာ အမှုဆောင်ခွင့် ရတယ်။ ၁၉၉၁၊ အောက်တိုဘာလ၊ ဘရွတ်ကလင် ဗေသလမှာ စအမှုဆောင်တယ်။

စာအုပ်ချုပ်ဌာနမှာ ရှစ်နှစ် လုပ်တယ်။ အဲဒီနောက် လုပ်ငန်းတော်ဌာနမှာ တာဝန် ရတယ်။ အဲဒီအတောအတွင်း ရုရှား စကားပြော အသင်းတော်မှာ နှစ်အတော်ကြာ ပါဝင်တယ်။ ၂၀၀၆ မှာ ညီအစ်မ နာဒီယာနဲ့ လက်ထပ်ပြီး နာဒီယာလည်း ဗေသလမှာ အတူတူ အမှုဆောင်တယ်။ ပေါ်တူဂီ စကားပြော အသင်းတော်မှာ မောင်နှံစုံလိုက် အမှုဆောင်ကြတယ်။ စပိန် စကားပြော အသင်းတော်မှာ ဆယ်နှစ်ကျော် အမှုဆောင်ကြတယ်။ လုပ်ငန်းတော်ဌာနမှာ နှစ်များစွာ အမှုဆောင်ပြီးနောက် သွန်သင်ခြင်း ကော်မတီရုံး၊ အဲဒီနောက် လုပ်ငန်းတော် ကော်မတီရုံးမှာ ညီအစ်ကို ဖလီဂါလ် တာဝန် ရတယ်။ ၂၀၂၂၊ မတ်လမှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်းတော် ကော်မတီ အကူအဖြစ် ခန့်အပ်ခံရတယ်။

ညီအစ်ကို ဂျက်ဖရီ ဝင်ဒါနဲ့ ဇနီး အိန်ဂျလာ

ညီအစ်ကို ဝင်ဒါဟာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မာရီယာတာမြို့မှာ ကြီးပြင်းလာတယ်။ မိဘတွေဆီကနေ အမှန်တရား သိလာတယ်။ ၁၉၈၆၊ မတ်လ ၂၉ ရက်မှာ နှစ်ခြင်းခံတယ်။ နောက်လမှာ အရန်ရှေ့ဆောင် လုပ်တယ်။ ရှေ့ဆောင် လုပ်ရတာ ပျော်လွန်းလို့ ဆက်လုပ်ဖြစ်သွားတယ်။ အရန်ရှေ့ဆောင် လုပ်ပြီး လအတော်ကြာ ၁၉၈၆၊ အောက်တိုဘာလ ၁ ရက်မှာ မှန်မှန်ရှေ့ဆောင် စလုပ်တယ်။

ဗေသလမှာ အမှုဆောင်နေတဲ့ အစ်ကိုနှစ်ယောက်ဆီ ဆယ်ကျော်သက်အရွယ်မှာ သွားလည်တယ်။ ကြီးလာရင် ဗေသလမှာ အမှုဆောင်မယ်ဆိုတဲ့စိတ် ပေါ်လာတယ်။ ၁၉၉၀၊ မေလ ရောက်တော့ ဝေါကီး ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။

သန့်ရှင်းရေးဌာန၊ စိုက်ပျိုးမွေးမြူရေးဌာန၊ ဗေသလရုံး စသဖြင့် ဌာနအမျိုးမျိုးမှာ လုပ်ရတယ်။ ၁၉၉၇ မှာ ညီအစ်မ အိန်ဂျလာနဲ့ လက်ထပ်ပြီး ဗေသလမှာ အတူတူ အမှုဆောင်ကြတယ်။ ၂၀၁၄ မှာ ဝေါဝစ် ပြောင်းကြရတယ်။ ကမ္ဘာ့ဌာနချုပ် ဆောက်လုပ်ရေးမှာ ညီအစ်ကို ဝင်ဒါ ကူညီပေးတယ်။ ၂၀၁၆ မှာ ပက်တာစင် ကင်းမျှော်စင် ပညာပေးဌာနကို ပြောင်းကြရတယ်။ အဲဒီမှာ ညီအစ်ကို ဝင်ဒါ ရုပ်သံပိုင်း တာဝန် ရတယ်။ လေးနှစ်အကြာမှာ ဝေါဝစ် ပြန်ပြောင်းလာကြတယ်။ ဝန်ထမ်းရေးရာ ကော်မတီရုံးမှာ ညီအစ်ကို ဝင်ဒါ တာဝန် ရတယ်။ ၂၀၂၂၊ မတ်လမှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဝန်ထမ်းရေးရာ ကော်မတီ အကူအဖြစ် ခန့်အပ်ခံရတယ်။

“လက်ဆောင်အဖြစ်” ယေဟောဝါ ပေးထားတဲ့ ဒီညီအစ်ကိုတွေ နိုင်ငံတော် အကျိုးစီးပွားအတွက် ဆက်ကြိုးစားနေစဉ်တစ်လျှောက် ကောင်းချီး ကြွယ်ဝစွာ ခံစားရပါစေလို့ ဆုတောင်းပေးပါတယ်။—ဧ. ၄:၈။

လက်ရှိ အုပ်ချုပ်ရေးအဖွဲ့မှာ ဘိသိက်ခံ ညီအစ်ကို ကိုးယောက် ပါတယ်– ကဲနက် ကွတ်၊ ဂေ့ချ် ဖလီဂါလ်၊ ဂဲရစ် လော့ရှ်၊ ဂျက်ဖရီ ဂျက်ဆင်၊ ဂျက်ဖရီ ဝင်ဒါ၊ စတီဗင် လက်၊ ဆမ်မြူအယ် ဟာ့ဒ်၊ ဒေးဗစ် စပလိန်း၊ မာ့ခ် ဆန်ဒါစန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ