ကျမ်းစာအသုံးအနှုန်း
ယေရှု “နာခံတတ်ဖို့ သင်ယူခဲ့”
ယေဟောဝါကို ယေရှု အမြဲ နာခံတယ်။ (ယော. ၈:၂၉) ဒါဆိုရင် “ဆင်းရဲဒုက္ခခံခြင်းအားဖြင့် နာခံတတ်ဖို့ သင်ယူခဲ့တယ်” လို့ ကျမ်းစာမှာ ဘာကြောင့် ဖော်ပြထားသလဲ။—ဟီ. ၅:၈။
ယေရှု မြေကြီးပေါ် ရောက်လာတော့ ကောင်းကင်မှာ မကြုံရတဲ့ အခြေအနေတွေ ကြုံရတယ်။ ဥပမာ၊ ယေရှုရဲ့ မိဘတွေဟာ ဘုရားတရားကိုင်းရှိုင်းပေမဲ့ မစုံလင်သူတွေ။ (လု. ၂:၅၁) စိတ်ဓာတ်ယိုယွင်းတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ သမာသမတ် မရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဒုက္ခပေးတာ ယေရှု ခံရတယ်။ (မ. ၂၆:၅၉။ မာ. ၁၅:၁၅) ဒါ့အပြင် မချိမဆံ့ ခံစားပြီး သေဆုံးသွားတယ်။ “ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ဒုက္ခသစ်တိုင်ပေါ် အသေခံတဲ့အထိ နာခံခဲ့တယ်။”—ဖိ. ၂:၈။
ဒါကြောင့် ယေရှုဟာ နာခံတတ်ဖို့ ကောင်းကင်မှာ မသင်ယူရတဲ့နည်းနဲ့ သင်ယူခဲ့ရတယ်လို့ ပြောနိုင်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ကို စာနာပေးနိုင်တဲ့ ဘုရင်၊ ပုရောဟိတ်မင်းအဖြစ် အရည်အချင်း လုံးဝပြည့်မီလာတယ်။ (ဟီ. ၄:၁၅။ ၅:၉) ဆင်းရဲဒုက္ခခံခြင်းအားဖြင့် နာခံတတ်ဖို့ သင်ယူပြီးနောက် ယေရှုဟာ ယေဟောဝါအတွက် ပိုတန်ဖိုးရှိလာတယ်၊ ပိုအသုံးဝင်လာတယ်။ ကျွန်တော်တို့လည်း ခက်ခဲတဲ့ အခြေအနေတွေမှာ ယေဟောဝါကို နာခံမြဲ နာခံမယ်ဆိုရင် ယေဟောဝါအတွက် ပိုတန်ဖိုးရှိလာမယ်။ ရလာနိုင်တဲ့ ဘယ်တာဝန်မှာမဆို ပိုအသုံးဝင်လာမယ်။—ယာ. ၁:၄။