ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb03 စာ. ၃-၅
  • အုပ်ချုပ်ရေးအဖွဲ့ထံမှစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
  • ၂၀၀၃ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီး ပွင့်နေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • သင့်အသက်အရွယ်နုပျိုစဉ် ယေဟောဝါအမှုဆောင်ဖို့ ရွေးချယ်ပါလေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သတင်းကောင်းကို စိတ်အားထက်သန်စွာဟောပြောလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ‘တစ်ယောက်ယောက် ကယ်တင်ခြင်း မရရင် ကျွန်တော့်အပြစ် မဟုတ်ဘူး’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
နောက်ထပ် ကြည့်ပါ
၂၀၀၃ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb03 စာ. ၃-၅

အုပ်ချုပ်ရေးအဖွဲ့ထံမှစာ

ချစ်လှစွာသောညီအစ်ကိုညီအစ်မများ–

သင်တို့ထံစာရေးရသည့်အတွက် အလွန်ဝမ်းမြောက်ပါသည်! သင်တို့ဆက်၍ပြသသည့် ချစ်ခြင်းမေတ္တာနှင့် ကိုယ်ကျိုးစွန့်မှုအတွက် ကျွန်ုပ်တို့ချီးမွမ်းပါသည်။ လွန်ခဲ့သည့်လုပ်ငန်းတော်နှစ်အတွင်း ကောင်းမွန်သောအရာများစွာ ပြီးမြောက်ခဲ့သည်ကို ဤနှစ်ချုပ်စာအုပ်၏စာမျက်နှာများတွင် သင်တို့တွေ့ရှိကြမည်ဖြစ်သည်။ တစ်ဖန် ကျွန်ုပ်တို့သည် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် နာရီသန်းတစ်ထောင်ကျော်အသုံးပြုခဲ့ကြကာ လူတို့အား ဘုရားသခင်ထံချဉ်းကပ်ကြရန် တိုက်ရိုက်အားပေးခဲ့ကြပြီ။ ဘုန်းတန်ခိုးကြီးမားသောဘုရားသခင်၊ ကောင်းကင်ခမည်းတော်နှင့် လုပ်ဖော်ဆောင်ဖက်များဖြစ်ရခြင်းသည် ဂုဏ်ယူစရာမဟုတ်ပေလော။—၁ ကော. ၃:၉၊ ကဘ။

ရှေ့တွင်ရှိနေသောလုပ်ငန်းကိုရှုမျှော်စဉ် သင်တို့သည် ကျမ်းစာမှတ်တမ်းတွင် ဖော်ပြထားသည့်အတိုင်း ဘုရားသခင့်ကျေးကျွန်များ၏ထက်သန်မှုနှင့် ယုံကြည်ခြင်းကို ဆက်၍တုပကြမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ဥပမာ၊ တမန်တော်ပေါလုသည် နိုင်ငံတော်အကျိုးစီးပွား တိုးတက်အောင်လုပ်ဆောင်ရာတွင် တတ်နိုင်သ၍ထိရောက်မှုရှိရန် စိတ်အားထက်သန်ခဲ့သည်။ ဧဖက်မြို့တွင် သူနေခဲ့သည့် နောက်ဆုံးနှစ်အတွင်းတွင် ကောရိန္သုခရစ်ယာန်အသင်းတော်ထံ သူ၏ပထမစာကိုရေးခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သူ၏လတ်တလောအစီအစဉ်များနှင့်ပတ်သက်၍ ဤသို့ရေးခဲ့သည်– “ပင်တေကုတ္တေပွဲနေ့တိုင်အောင် ဧဖက်မြို့၌ငါနေရမည်။ အကြောင်းမူကား၊ အလွန်ကြီးစွာသောတံခါးသည် အဆင်သင့်၍ ငါ့အားဖွင့်လျက်ရှိ၏။ ဆီးတားသောသူအများလည်းရှိကြ၏။”—၁ ကော. ၁၆:၈၊ ၉။

ပေါလုသည် မာကေဒေါနိနှင့် ကောရိန္သုမြို့သို့ ခရီးထွက်ရန်စီစဉ်ခဲ့သည်။ သို့သော် သူသည် ဧဖက်မြို့တွင် အတန်ကြာဆက်နေခြင်းဖြင့် အကျိုးရှိသည့်အလုပ်လုပ်ရန်အခွင့်အရေးတစ်ခု တွေ့ရှိခဲ့သည်။ ပေါလုသည် ပြောင်းသာလွဲသာလုပ်ဆောင်ခဲ့သည်; သူရှိသည့်နေရာတွင်ပင် နိုင်ငံတော်အကျိုးစီးပွားတိုးပွားနိုင်သည့် အခြေအနေကောင်းတစ်ခုတွေ့ရှိခဲ့ရာ သူ၏အစီအစဉ်ကို လိုအပ်သလိုပြုပြင်ပြောင်းလဲခဲ့သည်။ ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီးသည် ပေါလုအတွက်ပွင့်လျက်ရှိရာ ၎င်းတွင်ပါဝင်ရန်အခွင့်အရေးကို သူကောင်းစွာအသုံးချဖို့ ထက်သန်ခဲ့သည်။

ထိုသို့ပြုရန် အလုပ်များစွာ—သတင်းကောင်းဟောပြောခြင်းနှင့် ဧဖက်အသင်းတော်ကို တည်ဆောက်ပေးခြင်းနှစ်ခုစလုံး လုပ်ဖို့လိုမည်။ နောက်ပိုင်းတွင် ပေါလုသည် ထိုမြို့ရှိအသင်းတော်မှအသက်ကြီးသူများကို ဤသို့ဆိုခဲ့သည်– “သင်တို့အကျိုးပြုစုရာတစ်စုံတစ်ခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း၊ သင်တို့အားဟောပြော၍ ဆုံးမသြဝါဒပေးသဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရားကိုလည်းကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည်။”—တ. ၂၀:၂၀၊ ၂၁။

အလားတူပင် ကျွန်ုပ်တို့၏ချစ်လှစွာသော အသင်ညီအစ်ကိုညီအစ်မများစွာသည် ပွင့်နေသောအခွင့်အလမ်းများကို အသုံးချခဲ့ကြသည်။ လွန်ခဲ့သည့်လုပ်ငန်းတော်နှစ်အတွင်း ပျမ်းမျှအားဖြင့် ၇၉၈,၉၃၈ ယောက်သောသူတို့သည် ရှေ့ဆောင်ခြင်းဓမ္မအမှုအသွင်အချို့တွင်ပါဝင်ကြရန် သူတို့၏ကိစ္စရပ်များကို စီစဉ်နိုင်ခဲ့ကြသည်။ သင်တို့ထဲမှအချို့သည် သာသနာပြုများအဖြစ် အမှုဆောင်ရန် မြေကြီးစွန်းတိုင်အောင် သွားခဲ့ကြသည်။ သင်တို့သည် ထက်သန်စွာဖြင့် သတင်းကောင်းဖြန့်ဝေကာ အသင်းတော်များအား တည်ဆောက်ပေးနေကြသည်။ သင်တို့ထဲမှ အခြားသူတို့မူ အနီးအနားတွင်နေထိုင်ကြသော နိုင်ငံခြားဘာသာစကားပြောသူများကို ကူညီနိုင်ရန် ဘာသာစကားအသစ်ကို သင်ယူခဲ့ကြသည်။ သို့တိုင် အခြားသူတို့သည် မခန့်အပ်သေးသောရပ်ကွက်တွင် သို့မဟုတ် သာ၍လိုအပ်သည့်နေရာတွင် အမှုဆောင်ရန် ၎င်းတို့၏ကိစ္စများကို စီစဉ်ခဲ့ကြသည်။ အချို့သူတို့သည် ကျောင်းတွင်၊ အလုပ်တွင် သို့မဟုတ် တယ်လီဖုန်းအစရှိသည်ဖြင့် ထိရောက်စွာသက်သေခံနိုင်သော အခြားအခြေအနေများတွင် ဆောင်ရွက်စရာတံခါးကြီး ပွင့်လျက်ရှိသည်ကိုပင် တွေ့ရှိခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းမှတွေ့ကြုံမှုများက လူကြီးလူငယ်မရွေး ဘုရားသခင်၏လူမျိုးသည် နေရာအနှံ့ရှိလူတို့အား သမ္မာတရားအသိပညာပေးရန် အခွင့်အရေးများကို ထက်သန်စွာရှာကြံနေကြောင်း ဖော်ပြသည်။

ယေဟောဝါသည် သင်တို့၏လုံ့လစိုက်ထုတ်မှုများကို တွေ့မြင်ကာ အလွန်သဘောကျတော်မူကြောင်း စိတ်ချပါ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကိုပြုတော်မူသည်မဟုတ်။” (ဟေဗြဲ ၆:၁၀) စစ်ကြယ်သောဝတ်ပြုရေးကို မြှင့်တင်ခွင့်ရစေသည့် အခွင့်အရေးများအတွက် ဆက်လက်နိုးကြားနေပါ။ သင်တို့ထဲမှအချို့သည် မိမိတို့၏ဓမ္မအမှုကိုတိုးချဲ့နိုင်ပေမည်။ ကျွန်ုပ်တို့၏ဓမ္မအမှု ပို၍ထိရောက်မှုရှိရန် ကျွန်ုပ်တို့အားလုံး ကြိုးစားနိုင်ပါသည်။

ကျွန်ုပ်တို့သည် အတိုက်အခံကြားတွင် ဟောပြောခြင်းတာဝန်ကို ထမ်းဆောင်ကြရသည်။ ပေါလုသည် သူ့အတွက်ပွင့်နေသည့် ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီးအကြောင်းပြောဆိုပြီးနောက် “ဆီးတားသောသူအများလည်းရှိကြ၏” ဟုရေးသားခဲ့သည်ကို ပြန်သတိရပါ။ ပေါလုအတွက် အတိုက်အခံပြုသူများတွင် ဂျူးနှင့် ဂျူးမဟုတ်သူနှစ်မျိုးလုံးပါဝင်သည်၊ အချို့သည် သူ့အား တိုက်ရိုက်တိုက်ခိုက်ကာ အခြားသူများမူ သူ့အပေါ် ကလိမ်ကကျစ်အကွက်ဆင်ခဲ့ကြသည်။—တ. ၁၉:၂၄-၂၈; ၂၀:၁၈၊ ၁၉။

ကျွန်ုပ်တို့သည် ယနေ့ ထပ်တူအခြေအနေမျိုးကို ရင်ဆိုင်ကြရသည်။ ဤစနစ်ဆိုး၏ပျက်စီးခြင်းနီးလာစဉ် ကျွန်ုပ်တို့သည် တိုးများလာသောအတိုက်အခံပြုမှုကို မျှော်လင့်ကြသည်။ စာတန်သည် “ပြင်းစွာသောဒေါသအမျက်” ထွက်ကာ ဘုရားသခင့်အမှုတော်ဆောင်သူများအပေါ် ထိုဒေါသအမျက်ကို အထူးသဖြင့်ဦးတည်ထားသည်။ (ဗျာ. ၁၂:၁၂) စာတန်သည် “လောကကိုအစိုးရသောမင်း” ဖြစ်ကြောင်း မည်သည့်အခါမျှမမေ့ပါနှင့်။ တပည့်တော်များအား ယေရှုဤသို့မိန့်မှာခဲ့သည်– “သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသောသင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။”—ယော. ၁၄:၃၀; ၁၅:၁၉။

ကျွန်ုပ်တို့သည် တစ်စုံတစ်ဦးကြောင့် ကျွန်ုပ်တို့၏ဘုရားသခင်အပေါ်ယုံကြည်ခြင်း အားမနည်းသွားစေရန် သို့မဟုတ် ဟောပြောခြင်းလုပ်ငန်း၌ အရှိန်လျော့မသွားစေရန် သန္နိဋ္ဌာန်ချခဲ့ကြသည်။ ကျွန်ုပ်တို့ကို တိုက်ခိုက်သူများနှင့် မကောင်းကြံသူများ ဆက်၍ရှိနေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြပါသည်။ သို့တိုင် ကျွန်ုပ်တို့သည် နိုင်ငံတော်သတင်းကောင်းကို ဆက်၍ဟောပြောကြကာ ယေရှုသည် ယေဟောဝါသတ်မှတ်ချိန်တိုင်သည့်အခါ စာတန်နှင့်သူ၏အဖွဲ့ကို ချေမှုန်းမည်ဖြစ်ကြောင်း စိတ်ချကြသည်။ အတိုက်အခံပြုသူများသည် တမန်တော်ပေါလုကို နှုတ်ပိတ်၍မရခဲ့ပါ; ယနေ့ ယေဟောဝါ၏ကျေးကျွန်များကိုလည်း သူတို့နှုတ်ပိတ်၍မရပါ။ စာတန်၏အမျက်ဒေါသနှင့် လောက၏မုန်းတီးမှုကိုခံရငြား ယေဟောဝါ၏လူမျိုးအလယ်တွင် ကိုယ်တော်၏ဝိညာဉ်တော်သည် တန်ခိုးပါစွာ သက်ရောက်လျက်ရှိသည်။ သတင်းကောင်းကြွေးကြော်သူများ၏ အရေအတွက်အမြင့်ဆုံးနှုန်းသစ် ၆,၃၀၄,၆၄၅ ယောက်ရရှိခဲ့ကြောင်း သိရခြင်းသည် တကယ်ရွှင်လန်းစရာပါတကား!

ယေဟောဝါ၏ခမ်းနားထည်ဝါသောနိုင်ငံတော်အကျိုးစီးပွား တိုးပွားရန်အခွင့်အလမ်းများကို သင်တို့ဆက်၍အသုံးချကြဖို့ ကျွန်ုပ်တို့ဆုတောင်းပါသည်။ အမြင့်မြတ်ဆုံးဘုရားသခင်၊ ယေဟောဝါ၏လုပ်ငန်းတော်တွင် “ပခုံးချင်းယှဉ်၍ ထမ်းဆောင်” ကြစဉ် သင်တို့တစ်ဦးစီအား ကျွန်ုပ်တို့၏မေတ္တာပါသောစိတ်ဝင်စားမှုကို ယုံကြည်စိတ်ချပါလေ။—ဇေ. ၃:၉၊ ကဘ။

သင်တို့၏ညီအစ်ကိုများ၊

Governing Body of Jehovah’s Witnesses

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ