မျက်မှောက်ခေတ် ယေဟောဝါသက်သေများ၏လုပ်ဆောင်မှုများ
နီကာရာဂွာ
နီကာရာဂွာနိုင်ငံသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းကာ ရှုခင်းရှုကွက်ရော လူများပါ ကွဲပြားစုံလင်လှသည်။ သို့သော်၊ ဝမ်းနည်းစရာမှာ နီကာရာဂွာသည် သဘာဝနှင့် လူလက်ချက်တို့ကြောင့် ဘေးဒုက္ခများ သင့်ခဲ့ရသည်။ သို့ဖြစ်စေကာမူ၊ ထိုဘေးဒုက္ခများက ထောင်နှင့်ချီသောသူများ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း လက်ခံခြင်းကို အတားအဆီးမဖြစ်စေခဲ့ပါ။ ယေဟောဝါ၏ ကြွယ်ဝသောကောင်းချီးကြောင့် မြစ်ချောင်း၊ အင်းအိုင်၊ တောင်တန်းများနှင့်ပြည့်နှက်နေသော ဤအပူပိုင်းဒေသတွင် ဝိညာဏအသီး မည်သို့ကြွယ်ဝစွာသီးပွင့်ခဲ့သည်ကို ကြည့်ပါလေ။
ဖိလစ်ပိုင်
ဖိလစ်ပိုင် ကျွန်းပေါင်း ၇,၀၀၀ ကျော်ဖြင့်ဖွဲ့စည်းထားသော နိုင်ငံတစ်လျှောက်လုံး၌ သတင်းကောင်းဟောပြောရသည့် စိန်ခေါ်ချက်ကို မြင်ယောင်ကြည့်ပါ၊ ကျွန်းအများစုသည် တောတောင်ထူထပ်မှုကြောင့် သွားရောက်ရန်ခက်ခဲသော ကျွန်းများဖြစ်ကြသည်! ထို့ပြင် တိုင်ဖွန်းမုန်တိုင်း၊ ရေလွှမ်းမိုးမှု၊ မြေငလျင်နှင့် မီးတောင်ပေါက်ကွဲမှုတို့သည် ဖြစ်နေကျအရာများဖြစ်သည်။ ထိုအခက်အခဲများကြား ဖိလစ်ပိုင်နိုင်ငံတွင် စင်ကြယ်သောဝတ်ပြုရေး မည်သို့တိုးတက်ပျံ့နှံ့သွားသည်ကို ဖတ်ကြည့်ပါ။