ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၁၁ စာ. ၃-၅
  • အုပ်ချုပ်ရေးအဖွဲ့ ထံမှစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အုပ်ချုပ်ရေးအဖွဲ့ ထံမှစာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစဉ်တည်သော မေတ္တာကို ပြုစုပျိုးထောင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သင့်ချစ်ခြင်းမေတ္တာသည် မည်မျှတာသွားသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ကူညီပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်ခံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နဓ ၃/၁၁ စာ. ၃-၅

အုပ်ချုပ်ရေးအဖွဲ့ ထံမှစာ

ချစ်လှစွာသော ယေဟောဝါသက်သေ လုပ်ဖော်ဆောင်ဖက်များ–

တကယ့်စိတ်လှုပ်ရှားစရာအချိန်ပါပဲ။ ကျွန်ုပ်တို့ ရွှင်လန်းခဲ့ကြတယ်။ ချစ်လှစွာသောညီအစ်ကိုညီအစ်မတွေနဲ့အတူ ကောင်းကင်ခမည်းတော် ယေဟောဝါအကြောင်း တစ်ခါနဲ့မျှမတူအောင် အကြီးမားဆုံးအတိုင်းအတာနဲ့ “တညီတညွတ်တည်း” သက်သေခံခဲ့တဲ့အတွက် ကျွန်ုပ်တို့ တကယ်ဝမ်းမြောက်ပါတယ်။—ဇေ. ၃:၉; ယော. ၁၄:၁၂။

ယေဟောဝါကို ကျွန်ုပ်တို့ ရွှင်လန်းစွာအမှုဆောင်တယ်လို့ ပြောတဲ့အတွက် ကြီးမားတဲ့အခက်အခဲတွေ မရှိတာတော့မဟုတ်ဘူး။ လွန်ခဲ့တဲ့လုပ်ငန်းတော်နှစ်အတွင်းမှာ သင်တို့ထဲက အချို့သူတွေက မြေငလျင်၊ ရေလွှမ်းမိုးမှု၊ မုန်တိုင်းနဲ့ အသက်ဆုံးရှုံးစေတဲ့ တခြားသဘာဝဘေးတွေကို ကြုံတွေ့ခဲ့ရတယ်။ (မ. ၂၄:၇) များစွာသောသူတွေက ရောဂါနဲ့ အသက်အရွယ်ကြီးရင့်မှုကြောင့် အားအင်ဆုတ်ယုတ်မှုတွေကို နေ့စဉ်ခံစားကြရတယ်။ ကျွန်ုပ်တို့အားလုံးက တိုးများလာတဲ့ “ဆင်းရဲဒုက္ခ” တွေကို ရင်ဆိုင်ရမှာဖြစ်တယ်။ (မ. ၂၄:၈) အာမီးနီးယား၊ အဲရိထရိအာနဲ့ တောင်ကိုရီးယားအပါအဝင် နိုင်ငံအတော်များများမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုတွေက ယုံကြည်ခြင်းကြောင့် ထောင်ချခံနေရတယ်။—မ. ၂၄:၉။

ဒီလိုအခက်အခဲတွေကြားထဲမှာ အပြုသဘောထားကို ဆက်ထိန်းထားဖို့ ဘာက အကူအညီပေးမလဲ။ ၂၀၁၀ နှစ်ချုပ်ကျမ်းချက်က အရေးကြီးတဲ့အချက်တစ်ချက်ကို သတိရစေတယ်– ‘မေတ္တာသည် အရာရာကို ခံရပ်နိုင်၏။ မေတ္တာသည် အစဉ်တည်၏။’ (၁ ကော. ၁၃:၇၊ ၈) အမှန်ပါပဲ၊ ယေဟောဝါကိုချစ်တဲ့မေတ္တာအပြင် အချင်းချင်းချစ်တဲ့မေတ္တာက ဒီအခက်အခဲတွေကို အောင်မြင်စွာခံရပ်နိုင်ဖို့ ခွန်အားရှိစေတယ်။

အမည်ခံခရစ်ယာန်များစွာက ဟောပြောခြင်းလုပ်ငန်းရဲ့ ကျယ်ပြန့်မှု၊ ပုံမှန်လုပ်ဆောင်နေမှုကို အံ့ဩကြတယ်။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ချက်တွေ၊ သွန်သင်ချက်တွေကို လက်မခံကြပေမဲ့ တချို့က “ကျွန်တော်တို့လုပ်သင့်တဲ့အလုပ်ကို ခင်ဗျားတို့တွေ လုပ်နေကြတာ” လို့တောင်ပြောကြတယ်။ ယေဟောဝါသက်သေတွေ ဒီဟောပြောခြင်းလုပ်ငန်းကို နေ့စဉ်ရက်ဆက်လုပ်ဆောင်နိုင်တဲ့ အကြောင်းရင်းတစ်ခုက ဘာဖြစ်မလဲ။ မေတ္တာကြောင့်လို့ ဖြေရမှာပဲ။ ကျွန်ုပ်တို့ရဲ့ကောင်းကင်ခမည်းတော်လိုပဲ ကျွန်ုပ်တို့လည်း ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး။ (၂ ပေ. ၃:၉) လွန်ခဲ့တဲ့လုပ်ငန်းတော်နှစ်အတွင်းရရှိခဲ့တဲ့ အများဆုံးကြေညာသူနှုန်းသစ် ၇,၅၀၈,၀၅၀ က လူအားလုံးကိုနောင်တရစေလိုတဲ့ ကျွန်ုပ်တို့ရဲ့ဆန္ဒကို ထင်ဟပ်ပြတယ်။ တခြားသူတွေ ဘုရားသခင်အကြောင်းသိလာဖို့ မေတ္တာနဲ့ စေတနာအလျောက်အမှုဆောင်နေကြတဲ့ ဒီလောက်များတဲ့သူတွေကို ဘယ်ဘာသာရေးအဖွဲ့အစည်းမှာ တွေ့ရသလဲ။

ဟေရှာယမှတ်တမ်းတင်ထားတဲ့ ဒီပရောဖက်ပြုချက်ပြည့်စုံနေတာကို တွေ့ရတာ တကယ့်ကိုအားရှိစရာပဲ– “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။” (ဟေရှာ. ၂:၂-၄) ယေဟောဝါရဲ့အိမ်တော်ကို တဖွဲဖွဲရောက်ရှိလာတဲ့ များပြားတဲ့လူတွေထဲမှာ လွန်ခဲ့တဲ့လုပ်ငန်းတော်နှစ်အတွင်း နှစ်ခြင်းခံခဲ့ကြတဲ့ ၂၉၄,၃၆၈ ယောက်လည်းပါတယ်။ အဖွဲ့အစည်းထဲဝင်လာတဲ့ ဒီအဖိုးတန်တဲ့သူတွေကို ကျွန်ုပ်တို့ ကြိုဆိုပါတယ်။ သူတို့တွေ ရန်သူစာတန်မာရ်နတ်ရဲ့တိုက်ခိုက်မှုကို တွန်းလှန်ရာမှာ ကျွန်ုပ်တို့ဆက်ကူညီပေးဖို့ ကျွန်ုပ်တို့ရဲ့ခရစ်ယာန်မေတ္တာက လှုံ့ဆော်ပေးပါစေ။—၁ ပေ. ၅:၈၊ ၉။

၂၀၁၀၊ မတ်လ ၃၀၊ အင်္ဂါနေ့မှာကျင်းပတဲ့ သတိရအောက်မေ့ပွဲမှာ အများဆုံးတက်ရောက်သူ ၁၈,၇၀၆,၈၉၅ ယောက်ရှိခြင်းက ယေဟောဝါကိုဝတ်ပြုရာမှာ သန်းနဲ့ချီတဲ့သူတွေ ကျွန်ုပ်တို့နဲ့ပူးပေါင်းဖို့ အလားအလာရှိသေးတယ်ဆိုတာ ဖော်ပြတယ်။ ဒီဆိုးညစ်တဲ့စနစ်ကို ယေဟောဝါမဖျက်ဆီးသေးတဲ့အတွက် ၀မ်းသာစရာပဲ။ ဒီအချိန်အတောအတွင်းမှာ မေတ္တာက ကျွန်ုပ်တို့ကို ဆက်ပြီးခံရပ်စေနိုင်ပါတယ်။—၂ သက်. ၃:၅။

၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာကျင်းပခဲ့တဲ့ “ယေဟောဝါနှင့် နီးကပ်စွာနေလော့” ခရိုင်စည်းဝေးကြီးက ကောင်းကင်ခမည်းတော်ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ပိုခိုင်မြဲစေပါတယ်။ ဆာလံဆရာရဲ့ ဒီစကားတွေက တကယ့်ကို မှန်ကန်လှပါတယ်– “ထာဝရဘုရားသည် အကြင်လူမျိုး၏ဘုရားသခင်ဖြစ်၏။ ထိုလူမျိုးသည် မင်္ဂလာရှိပါ၏။” (ဆာ. ၁၄၄:၁၅) အနာဂတ်မှာ ဘယ်အရာကိုပဲ ရင်ဆိုင်ရပါစေ ယေဟောဝါ ကျွန်ုပ်တို့ဘက်မှာရှိတယ်ဆိုရင် ဘာကိုမှကြောက်စရာမလိုဘူးဆိုတာ ယုံကြည်စိတ်ချကြတယ်။ (ဆာ. ၂၃:၄) မကြာခင်မှာ ယေဟောဝါက သားတော်အားဖြင့် “မာရ်နတ်၏အမှုများကို ချိုးဖျက်” မှာဖြစ်တယ်။ (၁ ယော. ၃:၈) အဲဒီနေ့ရောက်လာဖို့ ကျွန်ုပ်တို့ အမှန်မျှော်လင့်တောင့်တကြတယ်။ ဒါပေမဲ့ ဒီအတောအတွင်း ကျွန်ုပ်တို့မှာ လုပ်စရာများစွာရှိပါတယ်။—၁ ကော. ၁၅:၅၈။

သင်တို့အတွက် “အစဉ်မပြတ်” ဆုတောင်းပေးနေတယ်ဆိုတာ ယုံကြည်စိတ်ချပါ။ (ရော. ၁:၉) “ထာဝရအသက်ကိုရည်မျှော်၍ ငါတို့သခင် ယေရှုခရစ်၏ကရုဏာကို စောင့်နေစဉ် ဘုရားသခင့်မေတ္တာတော်၌ တည်နေကြ” ပါစေ။—ယု. ၂၁။

သင်တို့အားလုံးကို ကျွန်ုပ်တို့ ချစ်မြတ်နိုးပါတယ်။

သင်တို့ရဲ့ညီအစ်ကိုများ၊

Governing Body of Jehovah’s Witnesses

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ