ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb15 စာ. ၁၆၆-စာ. ၁၆၇ ပိုဒ်. ၃
  • နားမကြားသူတွေထဲမှာ အမှန်တရားကိုဦးဆုံးလက်ခံခဲ့သူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နားမကြားသူတွေထဲမှာ အမှန်တရားကိုဦးဆုံးလက်ခံခဲ့သူ
  • ၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ယေဟောဝါသည် သူတို့၌ မျက်နှာတော်အလင်းကို လွှတ်တော်မူသည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကျွန်တော့်လက်နဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါကောင်းချီးပေး
    ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
  • နားမကြားသူတွေကို ဘုရား ဂရုစိုက်စောင့်ရှောက်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
  • နားမကြားသူတွေ မေ့လျော့မခံရ
    အလှူငွေတွေကို အသုံးပြုပုံ
နောက်ထပ် ကြည့်ပါ
၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb15 စာ. ၁၆၆-စာ. ၁၆၇ ပိုဒ်. ၃

ဒိုမီနီကန်သမ္မတနိုင်ငံ

နားမကြားသူတွေထဲမှာ အမှန်တရားကိုဦးဆုံးလက်ခံခဲ့သူ

ဟိုစေး ပါရက်စ်

  • မွေးဖွားတဲ့နှစ် ၁၉၆၀

  • နှစ်ခြင်းခံတဲ့နှစ် ၁၉၈၂

  • ကိုယ်ရေးမှတ်တမ်းအကျဉ်း အသင်းတော်မှာ လက်သင်္ကေတပြစကားတတ်တဲ့သူ တစ်ယောက်မှမရှိပေမဲ့ လူငယ်လေးဟိုစေးဟာ ညီအစ်ကိုတွေပြတဲ့မေတ္တာကြောင့် အမှန်တရားကို နှစ်သက်လာခဲ့တယ်။

စာမျက်နှာ ၁၆၆ ပါ ရုပ်ပုံ

ကျွန်တော်ကလေးဘဝကတည်းက နားမကြားလို့ ဆွံ့အနားမကြားကျောင်းမှာ လက်သင်္ကေတပြစကား သင်ယူခဲ့တယ်။ အသက် ၁၁ နှစ်မှာ အိမ်နီးချင်းသက်သေခံမိသားစုက အသင်းတော်စည်းဝေးတက်ဖို့ ဖိတ်ခေါ်တဲ့အခါ အမှန်တရားကို သိခွင့်ရခဲ့တယ်။ ဟောပြောချက်တွေကို နားမလည်ပေမဲ့ ကျွန်တော့်ကို နွေးနွေးထွေးထွေးကြိုဆိုကြလို့ စည်းဝေးဆက်တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ညီအစ်ကိုညီအစ်မအများစုက ကျွန်တော့်ကို ထမင်းစားဖိတ်တယ်။ တခြားလုပ်ဆောင်မှုတွေမှာလည်းပါဝင်ဖို့ ဖိတ်ခေါ်ကြတယ်။

၁၉၈၂ ခုနှစ်မှာ ကြေညာသူဖြစ်လာပြီး အဲဒီနှစ်ကုန်ပိုင်းမှာ နှစ်ခြင်းခံတယ်။ ၁၉၈၄ ခုနှစ်မှာ နားမကြားတဲ့ညီအစ်မအေဗာနဲ့ လက်ထပ်ခဲ့တယ်။ ကျွန်တော်တို့က ကျမ်းစာအမှန်တရားတချို့ကို အပြည့်အဝနားမလည်ပေမဲ့ ထင်ရှားတဲ့အမှတ်အသားဖြစ်တဲ့ ချစ်ခြင်းမေတ္တာကြောင့် ဒါဟာ ယေဟောဝါအဖွဲ့အစည်းပဲဆိုတာ နားလည်ခဲ့တယ်။ အသင်းတော်နဲ့ပေါင်းသင်းရတာကလည်း ပျော်စရာပဲ။—ယော. ၁၃:၃၅။

၁၉၉၂ ခုနှစ်မှာ ညီအစ်ကိုညီအစ်မတချို့ကို အမေရိကန်လက်သင်္ကေတပြစကားသင်ပေးဖို့ စီစဉ်ကြတယ်။ မကြာခင်မှာ အဲဒီညီအစ်ကိုညီအစ်မတွေက နားမကြားသူတွေကိုလိုက်ရှာပြီး သတင်းကောင်းဟောတယ်။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ပွာတီရီကိုနိုင်ငံကမောင်နှံတစ်စုံကို ဌာနခွဲကဖိတ်ခေါ်ပြီး ညီအစ်ကိုညီအစ်မ ၂၅ ယောက်ကို လက်သင်္ကေတပြစကားသင်ပေးတယ်။ ဒါကြောင့် လက်သင်္ကေတပြစကားနဲ့ဟောပြောခြင်းလုပ်ငန်း အရှိန်ရလာတယ်။

အဲဒီနှစ်နှောင်းပိုင်းမှာ ကျွန်တော်နဲ့အေဗာဟာ အသစ်ဖွဲ့စည်းထားတဲ့ လက်သင်္ကေတပြအုပ်စုမှာ စည်းဝေးတွေစတက်ခဲ့တယ်။ လက်သင်္ကေတပြစကားနဲ့ကျင်းပတဲ့ စည်းဝေးကိုတက်မှပဲ ကျမ်းစာသွန်သင်ချက်အသေးစိတ်ကို ကောင်းကောင်းနားလည်လာတယ်။ ယေဟောဝါရဲ့စကြဝဠာအချုပ်အခြာအာဏာကို စာတန်စိန်ခေါ်တဲ့အကြောင်း၊ ဘုရားသခင့်ရည်ရွယ်ချက်မှာ မေရှိယနိုင်ငံတော်ရဲ့အခန်းကဏ္ဍ စတာတွေပေါ့။

၁၉၉၅၊ ဒီဇင်ဘာ ၁ ရက်မှာ စန်တို ဒိုမင်ဂိုမြို့နဲ့ စန်တီယာဂိုမြို့မှာ လက်သင်္ကေတပြအသင်းတော်တွေ ဖွဲ့စည်းခဲ့တယ်။ ၂၀၁၄၊ ဩဂုတ်လရောက်တော့ လက်သင်္ကေတပြအသင်းတော် ၂၆ ခုနဲ့ အုပ်စု ၁၈ စုရှိနေပြီ။

ကျွန်တော်တို့မှာ သားသမီးသုံးယောက်ရှိတယ်။ လက်သင်္ကေတပြစကားကို မိခင်ဘာသာစကားအဖြစ်ပြောတတ်အောင် သူတို့ကိုသင်ပေးတယ်။ အခု သားအကြီးဆုံးအီဘာက အမေရိကန်နိုင်ငံဌာနခွဲမှာ လက်သင်္ကေတပြဘာသာပြန်လုပ်ငန်းကို ကူညီပေးနေတယ်။ ကျွန်တော်က အသင်းတော်အမှုထမ်းအဖြစ်၊ အေဗာကတော့ မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေကြတယ်။

၁၉၉၅ ကနေ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်လက်သင်္ကေတပြစကားနဲ့ ဟောပြောခြင်းလုပ်ငန်း တိုးတက်မှု

  • ၁၉၉၅

    အသင်းတော် ၂ ခု

    စာမျက်နှာ ၁၆၇ ပါ ရုပ်ပုံ
  • ၂၀၁၄

    အသင်းတော် ၂၆ ခု၊ အုပ်စု ၁၈ စု

    စာမျက်နှာ ၁၆၇ ပါ ရုပ်ပုံ
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ