ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb17 စာ. ၁၂၈-၁၂၉
  • မနားတမ်းကို ဖတ်နေတော့တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မနားတမ်းကို ဖတ်နေတော့တာ
  • ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂျော်ဂျီယာ–ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းထားရာ
    နိုးလော့!—၁၉၉၉
  • သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းမှ အကျိုးခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • အဘယ်အချိန်တွင် သူတို့ဖတ်ရှုကြ၍ ခံစားရသောအကျိုးကျေးဇူး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ကျမ်းစာဖတ်တဲ့အခါ အကျိုးအပြည့်အဝ ရနိုင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb17 စာ. ၁၂၈-၁၂၉

ဂျော်ဂျီယာ

မနားတမ်းကို ဖတ်နေတော့တာ

မာရီနာ ကိုပါလီအာနီ

  • မွေးဖွားတဲ့နှစ် ၁၉၅၇

  • နှစ်ခြင်းခံတဲ့နှစ် ၁၉၉၀

  • ကိုယ်ရေးမှတ်တမ်းအကျဉ်း မာရီနာနဲ့ ခင်ပွန်း ဘာဒရီတို့ဟာ သားနှစ်ယောက်ကို ကျွေးမွေးပြုစုနေတဲ့ ထက်သန်တဲ့ ကြေညာသူတွေ ဖြစ်တယ်။ ဘာဒရီဟာ နောက်ပိုင်းမှာ တိုင်းပြည်ကော်မတီဝင်အဖြစ် အမှုဆောင်ပြီး ကွယ်လွန်ချိန် ၂၀၁၀ ပြည့်နှစ်အထိ သစ္စာရှိရှိ အမှုဆောင်ခဲ့တယ်။

မာရီနာ ကိုပါလီအာနီ

၁၉၈၉ ခုနှစ်မှာ ကျွန်မနဲ့ ကျွန်မခင်ပွန်းဟာ အိမ်နားမှာပဲ သက်သေခံတွေနဲ့ တွေ့ခဲ့တယ်။ ကျွန်မတို့ရဲ့ အိမ်နီးချင်းကို ကျမ်းစာသင်ပေးတဲ့ ညီအစ်ကို ဂီဗီ ဘာနာဇီမှာ ကိုယ်ပိုင်ကျမ်းစာ မရှိဘူး။ အဲဒီအချိန်တုန်းက ဂျော်ဂျီယာကျမ်းစာအုပ် ရဖို့ သိပ်ခက်တယ်။

ကြားရတဲ့အရာကို လေးမြတ်တော့ ကျမ်းစာ ရချင်ခဲ့တယ်။ ကျွန်မခင်ပွန်း သူ့ညီနဲ့ တွေ့တဲ့အခါ ကျမ်းစာတစ်အုပ် ရှာနေတယ်လို့ ပြောပြလိုက်တယ်။ ညီက သိပ်မကြာသေးခင်ကမှ ဂျော်ဂျီယာကျမ်းစာအသစ် တစ်အုပ်ဝယ်ထားတာ လက်ဆောင်ပေးမယ်ပြောလို့ သူအံ့ဩသွားတယ်။

ဘာဒရီ အိမ်ပြန်ရောက်တော့ ကျမ်းစာကို ထိုင်ပြီးဖတ်နေလိုက်တာ နေဝင်သွားတဲ့အထိပဲ။ နောက်တစ်နေ့ အိပ်ရာကထတော့ ဖတ်ပြန်တယ်။ ကျွန်မ အလုပ်ကနေပြန်လာတော့လည်း ကျမ်းစာဖတ်နေတုန်းပဲ။ မနားတမ်းကို ဖတ်နေတော့တာ။ ရက်အနည်းငယ်လောက် ခွင့်ယူပြီး အပြီးဖတ်ဖို့ ကျွန်မ အကြံပေးလိုက်တယ်။ မကြာခင်မှာ ကျမ်းစာတစ်အုပ်လုံး အပြီးဖတ်လိုက်တယ်။

နောက်ပိုင်း ညီအစ်ကို ဘာနာဇီနဲ့ ထာဝရအသက်သို့ ပို့ဆောင်သော သမ္မာတရား စာအုပ် လေ့လာတဲ့အခါ ကိုယ်ပိုင်ကျမ်းစာ ရှိထားလို့ သိပ်ပျော်ခဲ့ကြတယ်။ ကျွန်မတို့မှာ သမ္မာတရားစာအုပ် ကိုယ်ပိုင် မရှိဘူး။ ကျမ်းစာသင်ပေးသူမှာ ကိုယ်ပိုင်ကျမ်းစာ မရှိလို့ အဆင်ပြေသွားတယ်။ တစ်နှစ်လောက်ကြာပြီးနောက်မှာ ဘာဒရီနဲ့ ကျွန်မ နှစ်ခြင်းခံလိုက်တယ်။

မာရီနာနဲ့ ဘာဒရီ ကိုပါလီအာနီ
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ