ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၁/၈ စာ. ၁၉-၂၅
  • ဂျော်ဂျီယာ–ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းထားရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂျော်ဂျီယာ–ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းထားရာ
  • နိုးလော့!—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရာစုနှစ်များစွာ ပျောက်ကွယ်နေတဲ့ ဘဏ္ဍာတစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဂျော်ဂျီယာစည်းဝေးကြီးတစ်ခုမှ “အံ့ဖွယ်ရာ” နှစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ကျွန်မဘဝ အောင်မြင်တယ်လို့ ခံစားခဲ့ရတယ်
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • မနားတမ်းကို ဖတ်နေတော့တာ
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၉
န၉၉ ၁/၈ စာ. ၁၉-၂၅

ဂျော်ဂျီယာ–ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းထားရာ

နိုးလော့! သတင်းထောက်ပေးပို့သည်

အချို့သူများ အသက် ၁၀၀ နှင့် တစ်ရာကျော်အထက် နေထိုင်ကြသည့်နေရာ၊ ပေ ၁၅,၀၀၀ မြင့်မားကာ နှင်းများဖုံးလွှမ်းနေသည့်တောင်များအလယ်ရှိ ချိုင့်ဝှမ်းများထူပြောသောနိုင်ငံတွင် သင်နေထိုင်လိုသလော။ ဂျော်ဂျီယာတွင် နေထိုင်သူများအတွက်မူကား ၎င်းသည် အိပ်မက်မျှသာမဟုတ်ချေ။ ယင်းသည် အဖြစ်မှန်ပင်။

ဂျော်ဂျီယာသည် ဥရောပနှင့် အာရှတို့၏ အရပ်ဒေသဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ နယ်နိမိတ်ပေါ်တွင်ရှိသည်။ ရှေးခေတ်ကာလများတွင် ဂျော်ဂျီယာသည် တရုတ်ပြည်သို့ မာကိုပိုလိုသွားသောလမ်းဖြစ်သည့် ကျော်ကြားသော ပိုးလမ်းမကြီးပေါ်ရှိ အရေးပါသော ခရီးစခန်းတစ်ခုဖြစ်သည်။ ဂျော်ဂျီယာသည် အရှေ့နှင့်အနောက်ဆက်သွယ်ပေးသော ဤလမ်းကြောင်းမှ ငွေကြေးအရကော၊ ယဉ်ကျေးမှုအရပါ အကျိုးရရှိခဲ့သည်။ သို့ရာတွင် ရံဖန်ရံခါ ကျူးကျော်ဝင်ရောက်သူများသည်လည်း ဤလမ်းကိုဖြတ်ရကျိုးနပ်ကြောင်း တွေ့ရှိခဲ့ကြသည်။ မှတ်တမ်းတစ်ခု၏အဆိုအရ ဂျော်ဂျီယာ၏မြို့တော် တဘီလစီသည် ၂၉ ကြိမ်တိုင်တိုင် ဖျက်ဆီးခံခဲ့ရသည်တကား! ယနေ့တွင် တဘီလစီသည် ပျားပန်းခပ်စည်ကားသောမြို့ဖြစ်ကာ မြေအောက်ရထားလမ်းတစ်ခုနှင့် ကြာမြင့်စွာက တည်ရှိခဲ့သော ဗိသုကာလက်ရာမြောက်သည့် အထိမ်းအမှတ်များနှင့်အတူ မျက်မှောက်ခေတ်အဆောက်အအုံများရှိသောမြို့ဖြစ်သည်။

ဂျော်ဂျီယာနယ်မြေ၏ ၈၇ ရာခိုင်နှုန်းခန့်သည် တောင်ကုန်းများဖြစ်ကြသည်။ ရေခဲများဖုံးလွှမ်းကာ အပင်အနှံပေါက်ရောက်မှုကင်းမဲ့သော ကုန်းမြင့်ဒေသမှ မြေနိမ့်ဒေသတစ်လျှောက်စီးဆင်းသောမြစ် ၂၅,၀၀၀ စင်းရှိကာ ယင်းတို့ထဲတွင် ထရောက်ငါးအမြောက်အမြားရှိသည်။ ပြည်နယ်၏သုံးပုံတစ်ပုံကျော်သည် သစ်တော သို့မဟုတ် ချုံပုတ်တို့ဖြင့်ဖုံးလွှမ်းလျက်ရှိသည်။ ဂျော်ဂျီယာမြောက်ပိုင်းနယ်စပ်ရှိ ကော့ကေးဆပ်တောင်စဉ်တန်းတို့က နိုင်ငံအတွင်းပိုင်းကို မြောက်ဘက်မှဝင်လာသော အလွန်ချမ်းအေးသည့်ရာသီဥတုမှ ကာကွယ်ပေးသည်။ ဤအခြေအနေက အနောက်ဂျော်ဂျီယာအား ပင်လယ်နက်မှလာသော စွတ်စိုသည့်လေထုဖြင့် နွေးထွေးစေသည်—ယင်းက ဂျော်ဂျီယာသည် အားလပ်ရက်အပန်းဖြေသူများအတွက် အနှစ်သက်ဆုံးနေရာဖြစ်ရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ သာယာသောရာသီဥတုကလည်း ကမ္ဘာ့ရှေးအကျဆုံးနှင့် အကောင်းဆုံး ဝိုင်ပြုလုပ်သည့်အစဉ်အလာရှိဒေသတစ်ခုဖြစ်စေသည်။ အမှန်ဆိုရလျှင် ဂျော်ဂျီယာတွင် ၅၀၀ ကျော်ထက်မကသော စပျစ်သီးနှင့် ဝိုင်အမျိုးမျိုးရရှိပါသည်တကား!

သို့ရာတွင် ဂျော်ဂျီယာ၏ အဖိုးတန်ရာမှာ ၎င်း၏ပြည်သူပြည်သားများဖြစ်သည်။ သူတို့၏ရဲစွမ်းသတ္တိ၊ ဉာဏ်ပညာနှင့် ရက်ရက်ရောရောရှိသော ဧည့်ဝတ်ပြုမှုတို့အပြင် သူတို့၏ဟာသဉာဉ်နှင့် အသက်ကိုချစ်မြတ်နိုးမှုတို့ကြောင့် နှစ်များတစ်လျှောက် လူသိများကြသည်။ သူတို့၏ယဉ်ကျေးမှုမှာ သီချင်းနှင့် အကတို့ဖြင့်ပြည့်နှက်လျက်ရှိပြီး ဂျော်ဂျီယာနေအိမ်များတွင် အစာသုံးဆောင်ကြပြီးနောက်ပိုင်း ရိုးရာသီချင်းများကို သီဆိုလေ့ရှိကြဆဲဖြစ်သည်။

ဂျော်ဂျီယာတွင် လွန်ခဲ့သည့်ငါးရာစုကဖြစ်သည့် စာပေအရေးအသားဆိုင်ရာ ရှည်ကြာသောသမိုင်းလည်းရှိသည်။ ဂျော်ဂျီယာဘာသာစကားသည် သမ္မာကျမ်းစာကို အစောဆုံးဘာသာပြန်သည့် ဘာသာစကားများအနက် တစ်ခုဖြစ်သည်၊ ယင်းသည် တစ်မူထူးကာ လှပသော ဂျော်ဂျီယာအက္ခရာတို့ကို အသုံးပြုထားသည်။ ဤယဉ်ကျေးမှုအားလုံးသည် ဂျော်ဂျီယာ၏အတိတ်ဆိုင်ရာ ရှင်သန်နေသည့်ကွင်းဆက်တစ်ခုကို ဖြစ်ပေါ်စေသည်—မျက်မှောက်ခေတ်နိုင်ငံတစ်နိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းထားခြင်းဖြစ်သည်။

[Picture Credit Line on page 24]

Pat O’Hara/Corbis

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

၁။ ဂျော်ဂျီယာ ကျမ်းစာ

၂။ အချို့သူများမှာ အသက် ၁၀၀ နှင့် တစ်ရာထက်မက အသက်ရှင်ကြ!

၃။ တဘီလစီရှိ အသွားအလာများသော လမ်းမတစ်ခု

[Credit Line]

Dean Conger/Corbis

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ