ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb17 စာ. ၁၃၄-၁၃၅
  • အစဉ်တည်တဲ့ ခရစ်ယာန်မေတ္တာစစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အစဉ်တည်တဲ့ ခရစ်ယာန်မေတ္တာစစ်
  • ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • လမ်းညွှန်မှုရဖို့ ယေဟောဝါကို မျှော်ကိုးခဲ့
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခုချိန်ထိ ဘယ်ရောက်နေတာလဲ
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • “နာမတော်ကိုထောက်၍ပြသောမေတ္တာ ကို” ဘုရားသခင်မေ့လျော့တော်မမူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဘုရားသခင်ရေးရာရောင့်ရဲခြင်းက ကျွန်တော့်ကို ထောက်မကူညီခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb17 စာ. ၁၃၄-၁၃၅

ဂျော်ဂျီယာ

အစဉ်တည်တဲ့ ခရစ်ယာန်မေတ္တာစစ်

အီဂေါ်– ကျွန်တော်တို့ နှစ်ယောက်စလုံးက အဘခါဇီယာဒေသ၊ တကာဗာချီလီမြို့မှာရှိတဲ့ သက်သေခံအုပ်စုဝင်တွေပါ။ ကျွန်တော်တို့အုပ်စု ပူးပေါင်းတဲ့ အသင်းတော်က မိုင် ၅၀ လောက်ဝေးတဲ့ တကာဗာချီလီမြို့မှာ ရှိလို့ လတိုင်း အုပ်စုအတွက် ကျမ်းစာစာပေတွေကို အဲဒီအသင်းတော်မှာ သွားယူရတယ်။ ၁၉၉၂ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဘခါဇီယာဒေသက ခွဲထွက်ဖို့ ကြိုးစားတယ်။ ခွဲထွက်ရေးသမားတွေနဲ့ ဂျော်ဂျီယာစစ်တပ်တို့ တိုက်ပွဲဖြစ်ပြီး ပြည်သူတွေ တော်တော်ဒုက္ခရောက်ကြရတယ်။

ဂီဇို နာမာနီယာနဲ့ အီဂေါ် အိုချီဂါဗာ

ဂီဇို နာမာနီယာနဲ့ အီဂေါ် အိုချီဂါဗာ

ဒီညီအစ်ကိုနှစ်ယောက်ဟာ အဘခါဇီယာဒေသမှာ စစ်ကာလအတွင်း ယုံကြည်သူချင်းတွေကို ကူညီပေးခဲ့ကြတယ်။

ဂီဇို– စစ်မဖြစ်ခင် တစ်နှစ်အလို၊ အသက် ၂၁ နှစ်အရွယ်မှာ ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။ စစ်စဖြစ်တဲ့အခါ ညီအစ်ကိုတွေ ခဏတော့ ကြောက်ရွံ့ပြီး ဘယ်လို ဆက်ဟောရမှန်း မသိကြဘူး။ သိုးထိန်းကောင်းဖြစ်တဲ့ အီဂေါ်က ကျွန်တော်တို့ကို အားပေးပြီး “ဒီအချိန်ဟာ လူတွေ နှစ်သိမ့်မှု လိုတဲ့အချိန်ပဲ။ ယေဟောဝါနဲ့ ဆက်ဆံရေး ကောင်းနေဖို့ဆိုရင် အမှုဆောင်လုပ်ငန်း ဆက်လုပ်နေမှဖြစ်မယ်” လို့ပြောတယ်။ ဒါကြောင့် နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းစာသတင်းစကားကို သတိရှိရှိ ဟောပြောခဲ့ကြတယ်။

အီဂေါ်– စာပေတွေ ယူဖို့ သွားလာနေကျ ဂျဗာရီလမ်းကို စစ်ပွဲကြောင့် မသွားနိုင်တော့ဘူး။ ကျွန်တော်က ဒီဒေသမှာ ကြီးပြင်းလာသူဆိုတော့ ပိုဘေးကင်းတဲ့ လက်ဖက်ခင်းလမ်းတွေနဲ့ တောင်ပေါ်လမ်းတွေကို သိတယ်။ ဒါပေမဲ့ လက်နက်ကိုင်အုပ်စုတွေနဲ့ တိုးတာမျိုး၊ မြေမြှုပ်မိုင်း နင်းမိတာလိုမျိုး အန္တရာယ်တွေတော့ ရှိတာပေါ့။ ညီအစ်ကိုတွေကို အသက်အန္တရာယ် မဖြစ်စေချင်လို့ ကျွန်တော်တစ်ယောက်တည်း တစ်လတစ်ခါ သွားတယ်။ ယုံကြည်ခြင်း ခိုင်မာအောင် ကူညီပေးတဲ့ စာပေတွေကို ယေဟောဝါရဲ့ အကူအညီနဲ့ အမြဲရရှိခဲ့တယ်။

တကာဗာချီလီမြို့မှာ စစ်မဖြစ်ပေမဲ့ မကြာခင်မှာပဲ ဝိုင်းရံပိတ်ဆို့ခံရတဲ့အတွက် စစ်ဘေးစစ်ဒဏ် ခံစားခဲ့ရတယ်။ ဆောင်းတွင်း ရောက်လာပြီ။ စားစရာလည်း ကုန်တော့မယ်ဆိုတော့ အသက်ဆက်ရှင်ရေးအတွက် ကျွန်တော်တို့အားလုံး စိုးရိမ်ခဲ့ကြတယ်။ ကျွန်တော်တို့ကို ကူညီဖို့ ဂျဗာရီမြို့မှာရှိတဲ့ ညီအစ်ကိုတွေ ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့နေတယ်ဆိုတာ ကြားရလို့ ပျော်လိုက်ကြတာ။

ဂီဇို– တစ်နေ့၊ အီဂေါ်က ညီအစ်ကိုတွေ ပြင်ဆင်ပေးတဲ့ စားနပ်ရိက္ခာတွေကို ကျွန်တော်တို့အိမ်မှာ သိုလှောင်ပြီး ဝေပေးလို့ရမလားဆိုပြီး မေးတယ်။ ဂျဗာရီမြို့က ရိက္ခာတွေရဖို့ သူစီစဉ်နေတာ။ လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ် အတော်များများကို ဖြတ်ရမယ်၊ လက်နက်ကိုင်အဖွဲ့တွေ၊ သူခိုးတွေနဲ့လည်းတိုးနိုင်တယ်ဆိုတာ သိလို့ သူ့လုံခြုံရေးအတွက် စိုးရိမ်မိတယ်။—ယော. ၁၅:၁၃။

ရက်အနည်းငယ်ကြာတော့ လာမယ့် ဆောင်းကာလအတွင်း စားနပ်ရိက္ခာ အလုံအလောက် တင်ထားတဲ့ ကားကို မောင်းပြီး အီဂေါ် ဘေးမသီရန်မခ ပြန်ရောက်လာလို့ ဝမ်းသာလိုက်ကြတာ။ အဲဒီခက်ခဲတဲ့အချိန်တွေအတွင်း အစဉ်တည်တဲ့ ခရစ်ယာန်မေတ္တာစစ်ကို ကိုယ်တွေ့ခံစားခဲ့ရတယ်။—၁ ကော. ၁၃:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ