ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb17 စာ. ၂၆-၂၉
  • ဌာနခွဲ အပ်နှံပွဲများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဌာနခွဲ အပ်နှံပွဲများ
  • ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • လွန်ခဲ့သောနှစ်မှ ပေါ်လွင်ချက်များ
    ၂၀၀၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဌာနခွဲအပ်နှံမှုများ
    ၂၀၁၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဌာနခွဲအပ်နှံပွဲများ
    ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ယေဟောဝါအတွက် အရာအားလုံး ဖြစ်နိုင်တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb17 စာ. ၂၆-၂၉
အုပ်ချုပ်ရေးအဖွဲ့ဝင် စတီဗင်လတ်က ကာဂျစ္စတန် ဌာနခွဲရုံး အပ်နှံပွဲ ဟောပြောချက် ပေးနေစဉ်

ကာဂျစ္စတန်

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

ဌာနခွဲ အပ်နှံပွဲများ

ဒေသခံနဲ့ တိုင်းတစ်ပါး ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေဟာ ကာဂျစ္စတန်နိုင်ငံရဲ့ ဘစ်ကက်မြို့တော် ဌာနခွဲရုံး အဆင့်မြှင့်တင်ရေးနဲ့ တိုးချဲ့ရေးမှာ တစ်နှစ်ခွဲပတ်လုံး မမောနိုင်မပန်းနိုင် လုပ်ဆောင်ခဲ့ကြတယ်။ စီမံကိန်းပြီးနောက် တစ်လအကြာ ၂၀၁၅၊ အောက်တိုဘာ ၂၄ ရက်မှာ အပ်နှံပွဲ ကျင်းပခဲ့တယ်။ နိုင်ငံတော်ခန်းမ ၁၈ ခုနဲ့ တခြားနေရာ ၅ ခုမှာ ပရိသတ် ၃,၀၀၀ ကျော်က အစီအစဉ်ကို ချိတ်ဆက်နားဆင်ခွင့်ရလို့ ဝမ်းသာခဲ့ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို စတီဗင်လတ်က “ပြည့်ဝစုံလင်တဲ့နှလုံးနဲ့ ယေဟောဝါကို ဝတ်ပြုပါ” ဆိုတဲ့ အားရှိစရာ အပ်နှံပွဲဟောပြောချက် ပေးခဲ့တယ်။ နောက်တစ်နေ့မှာ နိုင်ငံမှာရှိတဲ့ ကြေညာသူအများစုအတွက် ယုံကြည်ခြင်းခိုင်ခံ့စေတဲ့ အစီအစဉ်တစ်ခု တင်ဆက်ခဲ့တယ်။

ကာဂျစ္စတန် ဌာနခွဲရုံး

ကာဂျစ္စတန် ဌာနခွဲ

၂၀၁၆၊ မေ ၁၄ ရက်၊ စနေနေ့မှာ ပရိသတ် ၆,၄၃၅ ယောက်ဟာ ၁၈ ထပ်ရှိတဲ့ လူနေအဆောက်အအုံရဲ့ အထပ်ခြောက်ထပ်က အာမေးနီးယား ဌာနခွဲ အပ်နှံပွဲကို တက်ရောက်ခဲ့ကြတယ်။ အစည်းအဝေးပွဲခန်းမတစ်ခု၊ သတင်းကောင်းဟောပြောသူများအတွက် သင်တန်းနေရာတွေကိုလည်း အပ်နှံခဲ့တယ်။ အစီအစဉ်အတွင်း ဟောပြောချက်တွေက အာမေးနီးယားနိုင်ငံမှာ ယေဟောဝါ့ကျေးကျွန်တွေရဲ့ သေးငယ်တဲ့ အစပြုမှုတွေအကြောင်း ဖော်ပြကြတယ်။ ၂၀ ရာစု အစောပိုင်း၊ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့လာတဲ့ အာမေးနီးယားလူမျိုးတွေကနေ လုပ်ငန်းအစပြုခဲ့ပြီး အာမေးနီးယားနိုင်ငံမှာတော့ ဆိုဗီယက်ပြည်ထောင်စုလက်အောက်မှာ ရှိနေဆဲအချိန် ၁၉၇၀ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းလောက်ကနေ အစပြုခဲ့တယ်။ မကြာသေးခင်မှာ အဖွဲ့အစည်းက တရားဝင်မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး ဌာနခွဲရုံး ဖွဲ့စည်းခဲ့တယ်။ အပ်နှံပွဲ တက်ရောက်လာသူများစွာဟာ ဒီလောက် စိတ်လှုပ်ရှားစရာ ပြီးမြောက်မှုတွေကို မြင်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိကြဘူး။ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဒေးဗစ်စပလိန်းနဲ့အတူ တက်ရောက်သူအားလုံးက လှပတဲ့ ဒီအဆောက်အအုံတွေကို ယေဟောဝါဆီ အပ်နှံဖို့ စိတ်နှလုံးအကြွင်းမဲ့ သဘောတူချိန်ဟာ အစီအစဉ်ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ပါပဲ။

အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေးဗစ်စပလိန်းက အာမေးနီးယား ဌာနခွဲရုံး အပ်နှံပွဲ ဟောပြောချက် ပေး။ အာမေးနီးယား ရိုးရာအက

အာမေးနီးယား

အပေါ်– အာမေးနီးယား ဌာနခွဲ အပ်နှံပွဲ အစီအစဉ်

အလယ်– အထူးအစီအစဉ်ကို ညီအစ်ကို/မတွေ တက်ရောက်နေစဉ်

အောက်– ညနေခင်းမှာ တင်ဆက်တဲ့ အာမေးနီးယား ရိုးရာအက

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ