ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၁၂/၁၅ စာ. ၃၂
  • ‘လမ်းခရီးကိုသိ’ သူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘လမ်းခရီးကိုသိ’ သူ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • အုပ်ချုပ်ရေးအဖွဲ့ဝင်အသစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • အုပ်ချုပ်ရေးအဖွဲ့ဝင်သစ်တစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • စည်းလုံးမှုနဲ့ စိတ်လှုပ်ရှားဖွယ် စီမံကိန်းတွေကိုမြင်တွေ့ရတဲ့ အစည်းအဝေးတစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဌာနခွဲအပ်နှံမှုများ
    ၂၀၁၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၁၂/၁၅ စာ. ၃၂
ဂိုင်းပီးယပ်စ်

‘လမ်းခရီးကိုသိ’ သူ

ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကိုဂိုင်းဟောလစ်ပီးယပ်စ်ဟာ ၂၀၁၄၊ မတ် ၁၈၊ အင်္ဂါနေ့၊ အသက် ၇၉ နှစ်အရွယ်မှာ မြေကြီးအသက်တာ ကုန်ဆုံးသွားတယ်။ ခရစ်တော်ရဲ့ညီတစ်ယောက်ဖြစ်လို့ ကောင်းကင်ကို ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဆုကျေးဇူးရရှိနေပြီ။—ဟေဗြဲ ၂:၁၀-၁၂; ၁ ပေ. ၃:၁၈။

ညီအစ်ကိုဂိုင်းပီးယပ်စ်ဟာ ၁၉၃၄၊ နိုဝင်ဘာ ၆ တုန်းက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အော်ဘန်မြို့မှာ မွေးဖွားတယ်။ ၁၉၅၅ မှာ နှစ်ခြင်းခံတယ်။ ၁၉၇၇ မှာ ချစ်ဇနီး ပန်နီနဲ့ လက်ထပ်ပြီး မိသားစုဘဝထူထောင်ခဲ့တယ်။ သူဟာ တခြားလူများစွာအတွက်လည်း အဖေတစ်ယောက်လိုပဲ။ ၁၉၈၂ မှာ သူနဲ့ ပန်နီ ရှေ့ဆောင်စလုပ်တယ်။ ၁၉၈၆ ကစပြီး အမေရိကန်မှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ၁၁ နှစ်လုံးလုံး အမှုဆောင်ခဲ့တယ်။

၁၉၉၇ မှာ ညီအစ်ကိုဂိုင်းနဲ့ ညီအစ်မ ပန်နီပီးယပ်စ်တို့ဟာ အမေရိကန်ဗေသလမှာ စတင်အမှုဆောင်ခဲ့တယ်။ ညီအစ်ကိုဂိုင်းပီးယပ်စ်က လုပ်ငန်းတော်ဌာနမှာ အမှုဆောင်တယ်။ ၁၉၉၈ မှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဝန်ထမ်းရေးရာကော်မတီမှာ ကူညီပေးဖို့ ခန့်အပ်ခံရတယ်။ ၁၉၉၉၊ အောက်တိုဘာ ၂၊ နှစ်ပတ်လည်စည်းဝေးမှာ သူ့ကို အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့တယ်။ မကြာသေးခင်နှစ်တွေအတွင်း ဝန်ထမ်းရေးရာ၊ စာပေပြုစုရေး၊ ပုံနှိပ်ထုတ်ဝေရေးနဲ့ ညှိနှိုင်းရေးမှူးများကော်မတီတွေမှာ အမှုဆောင်ခဲ့တယ်။

ညီအစ်ကိုပီးယပ်စ်ဟာ ပြုံးပြုံးလေးနေတတ်ပြီး ဟာသဉာဏ်လည်းရှိတယ်။ နောက်ခံ၊ ယဉ်ကျေးမှုအမျိုးမျိုးကလာတဲ့သူတွေဟာ သူနဲ့နေရတာ ပျော်ကြတယ်။ ဒါပေမဲ့ သူ့ရဲ့မေတ္တာ၊ နှိမ့်ချမှု၊ ဘုရားသခင့်ပညတ်နဲ့ မူတွေကို လေးစားမှု၊ ယေဟောဝါအပေါ် အကြွင်းမဲ့ယုံကြည်မှုတွေကြောင့် သူ့ကို လူတွေ သိပ်ချစ်ခင်လေးစားကြတယ်။ နေမထွက်ဘဲဖြစ်ချင်ဖြစ်မယ်၊ ယေဟောဝါရဲ့ကတိတွေကတော့ မပြည့်စုံဘဲနေမှာမဟုတ်ဘူးလို့ သူပြောလေ့ရှိတယ်။ အဲဒီအကြောင်းကိုလည်း တစ်လောကလုံးကို သိစေချင်တယ်။

ညီအစ်ကိုပီးယပ်စ်ဟာ သိပ်အလုပ်ကြိုးစားတယ်။ မနက်စောစောကနေ ညဉ့်နက်တဲ့အထိ အလုပ်လုပ်လေ့ရှိတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဒေသတွေကိုသွားပြီး ညီအစ်ကိုညီအစ်မတွေကို အားပေးတယ်။ အကူအညီလိုအပ်သူ၊ အကြံဉာဏ်တောင်းခံသူတွေကို အလုပ်များတဲ့ကြားက အချိန်ပေးတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက်မှာတောင် သူ့ရဲ့ဧည့်ဝတ်ပျူငှာမှု၊ ခင်မင်ရင်းနှီးမှုနဲ့ အားပေးမှုတွေကို ညီအစ်ကိုညီအစ်မတွေ သတိရနေကြတယ်။

ကျွန်တော်တို့သိပ်ချစ်ရတဲ့မိတ်ဆွေ ဒီညီအစ်ကို,ကို ဇနီး၊ သားသမီးခြောက်ယောက်၊ မြေးမြစ်တွေအပါအဝင် ဘုရားရေးရာသားသမီးတွေ သတိရလွမ်းဆွတ်နေပါလိမ့်မယ်။ ၂၀၁၄၊ မတ် ၂၂၊ စနေနေ့၊ ဘရွတ်ကလင်ဗေသလမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကိုမာ့ခ် ဆန်ဒါစန်ဟာ ညီအစ်ကိုပီးယပ်စ်အတွက် အောက်မေ့ရာဟောပြောချက်ပေးတယ်။ ညီအစ်ကိုပီးယပ်စ်ရဲ့ ကောင်းကင်မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ယေရှုပြောခဲ့တဲ့ ဒီစကားတွေကို သူဖတ်ပြတယ်– “ငါ့အဖ၏အိမ်တော်၌ နေစရာအခန်းများစွာ ရှိ၏။ . . . ငါသည် သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးလျှင် တစ်ဖန်ပြန်လာမည်။ ငါရှိရာအရပ်၌ သင်တို့ရှိစေရန် သင်တို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။ ငါသွားရာအရပ်သို့ရောက်သော လမ်းခရီးကို သင်တို့သိကြ၏။”—ယော. ၁၄:၂-၄။

ညီအစ်ကိုပီးယပ်စ်ကို ကျွန်တော်တို့ သိပ်လွမ်းဆွတ်နေမှာပါ။ ဒါပေမဲ့ ထာဝရ “နေစရာအရပ်” ကို သွားတဲ့ “လမ်းခရီး” ကို သူသိတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ