ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၇၁
  • မာရ်နတ်ရဲ့ ရုပ်သွင်က ဘယ်လိုမျိုးလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မာရ်နတ်ရဲ့ ရုပ်သွင်က ဘယ်လိုမျိုးလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာ အဖြေ
  • မာရ်နတ်ကို ကျမ်းစာက ဘယ်လို ဖော်ပြသလဲ
  • စာတန်ကို ဆီးတားလော့၊ ထွက်ပြေးသွားလိမ့်မည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေရှုပြုတော်မူခဲ့သကဲ့သို့ ‘စာတန်ကို ဆီးတားကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ထာဝရအသက်၏ ရန်သူတစ်ပါး
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၇၁

မာရ်နတ်ရဲ့ ရုပ်သွင်က ဘယ်လိုမျိုးလဲ

ကျမ်းစာ အဖြေ

မာရ်နတ်ဟာ နာမ်ဝိညာဉ်သတ္တဝါ ဖြစ်လို့ လူ့မျက်စိနဲ့ မြင်နိုင်တဲ့ ရုပ်ခန္ဓာမျိုး မရှိဘူး။—ဧဖက် ၆:၁၁၊ ၁၂။

မာရ်နတ်ကို ခက်ရင်းခွကြီး ကိုင်ထားတဲ့၊ ချိုနဲ့ အမြီးရှိ လူတစ်ပိုင်း ဆိတ်တစ်ပိုင်း သတ္တဝါအဖြစ် ရေးဆွဲလေ့ရှိကြတယ်။

ပန်းချီဆရာအများက မာရ်နတ်ကို ချိုနဲ့ အမြီးရှိတဲ့၊ ခက်ရင်းခွကြီး ကိုင်ထားတဲ့ လူတစ်ပိုင်း ဆိတ်တစ်ပိုင်း သတ္တဝါအဖြစ် ရေးဆွဲကြတယ်။ ဒဏ္ဍာရီ ပုံပြင်တွေ စွဲလမ်းခဲ့ကြတဲ့ အလယ်ခေတ် ပန်းချီဆရာတွေရဲ့ စိတ်ကူးလက်ရာတွေကို အကောင်အထည်ဖော်ထားကြတာလို့ ယူဆသူတွေလည်း ရှိတယ်။

  • မာရ်နတ်ကို ကျမ်းစာက ဘယ်လို ဖော်ပြသလဲ

  • မာရ်နတ်အကြောင်း ဖော်ပြထားတဲ့ ကျမ်းချက်များ

မာရ်နတ်ကို ကျမ်းစာက ဘယ်လို ဖော်ပြသလဲ

ကျမ်းစာမှာ မာရ်နတ်ကို တင်စားချက် အမျိုးမျိုးနဲ့ ပုံဖော်ထားတယ်။ အဲဒီဖော်ပြချက်တွေက မာရ်နတ်ရဲ့ ရုပ်သွင် မဟုတ်ဘဲ စရိုက်တွေကို နားလည်စေတယ်။ ဖော်ပြချက်တချို့ကတော့

  • အလင်းရဲ့ ကောင်းကင်တမန်။ ဟန်ဆောင်ကောင်းပြပြီး လူတွေ သူ့ဘက်ပါလာအောင် လုပ်တယ်။ ဘုရားစကား နားမထောင်ဘဲ သူ့သွန်သင်ချက်ကို လိုက်နာကြစေဖို့ ဖြစ်တယ်။—၂ ကောရိန္သု ၁၁:၁၄။

  • ဟိန်းဟောက်နေတဲ့ ခြင်္သေ့။ ဘုရားကို ဝတ်ပြုကိုးကွယ်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်တယ်။—၁ ပေတရု ၅:၈။

  • နဂါးကြီး။ ကြောက်စရာ ကောင်းတယ်။ တန်ခိုး ရှိတယ်။ ဖျက်လိုဖျက်ဆီး လုပ်တတ်တယ်။—ဗျာဒိတ် ၁၂:၉။

မာရ်နတ်အကြောင်း ဖော်ပြထားတဲ့ ကျမ်းချက်များ

  • ၂ ကောရိန္သု ၁၁:၁၄။ “စာတန်တောင်မှ အလင်းရဲ့ ကောင်းကင်တမန် ဖြစ်ယောင်ဆောင်သေးတာပဲ။”

    အဓိပ္ပာယ်။ စာတန်က ဟန်ဆောင်ကောင်းပြပြီး လူတွေ သူ့ဘက်ပါလာအောင်၊ ဘုရားစကား နားမထောင်ဘဲ သူ့သွန်သင်ချက်ကို လိုက်နာလာအောင် လုပ်တယ်။

  • ဧဖက် ၆:၁၁။ “မာရ်နတ်ရဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေကို ခုခံပြီး အခိုင်အမာရပ်တည်နိုင်ဖို့ ဘုရားသခင်ဆီက ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ကြပါ။”

    အဓိပ္ပာယ်။ လူတွေ ဘုရားစကား မနာခံအောင် မာရ်နတ် ဉာဏ်နီဉာဏ်နက် သုံးတတ်တယ်။

  • ယာကုပ် ၄:၇။ “ဒါကြောင့် ဘုရားသခင်ကို လက်အောက်ခံကြပါ။ မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။ ဒါဆိုရင် ခင်ဗျားတို့ဆီကနေ သူထွက်ပြေးသွားလိမ့်မယ်။”

    အဓိပ္ပာယ်။ ဘုရားစကား နာခံခြင်းအားဖြင့် မာရ်နတ်ကို ခုခံတွန်းလှန်နိုင်တယ်။

  • ၁ ပေတရု ၅:၈။ “ရန်သူမာရ်နတ်က ဟိန်းဟောက်နေတဲ့ ခြင်္သေ့လို တစ်ယောက်ယောက်ကို ဝါးမျိုဖို့ လှည့်လည်ရှာဖွေနေတယ်။”

    အဓိပ္ပာယ်။ ဘုရားစကား နာခံသူတွေကို မာရ်နတ် မုန်းတယ်။ ဘုရားနဲ့ ဆက်ဆံရေး ပြတ်တောက်သွားစေချင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ