ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwex ဆောင်းပါး ၁၂
  • “ရိုးသားတဲ့ လုပ်ရပ်လေးတစ်ခု”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ရိုးသားတဲ့ လုပ်ရပ်လေးတစ်ခု”
  • တွေ့ကြုံမှုများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငါနေမကောင်းရင် ဘယ်လိုလုပ်မလဲ
    နိုးလော့!—၂၀၀၈
  • ယခင်ကဆန့်ကျင်သူတစ်ဦး အမှန်တရားသိရှိလာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • တကယ် ရှင်ပြန်ထမြောက်လာချိန် မတိုင်မီ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • ရိုးသားဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့ဓမ္မအမှုကို ထောက်ခံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
တွေ့ကြုံမှုများ
ijwex ဆောင်းပါး ၁၂
လူတစ်ယောက် ကော်ဖီဆိုင်က ခုံပေါ်မှာ အိတ်မေ့ကျန်ခဲ့ပြီး ထွက်သွားစဉ်။

“ရိုးသားတဲ့ လုပ်ရပ်လေးတစ်ခု”

တောင်အာဖရိကက ဒန်နီယယ်လို့ ခေါ်တဲ့ ယေဟောဝါသက်သေတစ်ယောက်ဟာ ကော်ဖီဆိုင်မှာ ဧည့်သည်တစ်ယောက် မေ့ကျန်ခဲ့တဲ့ အိတ်တစ်လုံးကို တွေ့ခဲ့တယ်။ အိတ်ထဲမှာ ပိုက်ဆံအိတ်တစ်လုံးပါပြီး ပိုက်ဆံနဲ့ ခရက်ဒစ်ကတ်တွေ ပါတယ်။ ညီအစ်မဒန်နီယယ်ဟာ အိတ်ကို ပိုင်ရှင်ဆီပြန်ပေးဖို့ ဆုံးဖြတ်ပြီး လိပ်စာ၊ ဖုန်းနံပါတ် ရှာပေမဲ့ နာမည်တစ်ခုပဲ သိရတယ်။ အဲဒီပုဂ္ဂိုလ်ကို ဘဏ်ကတစ်ဆင့် ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ အရာမရောက်ဘူး။ ဒန်နီယယ်ဟာ လက်မလျှော့ဘဲ အိတ်ထဲမှာတွေ့တဲ့ ဆေးဖိုးငွေရှင်းပြေစာမှာပါတဲ့ ဆရာဝန်ရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်တယ်။ ဖုန်းဖြေတဲ့ ဧည့်ကြိုအမျိုးသမီးက ဒန်နီယယ်ရဲ့ ဖုန်းနံပါတ်ကို အိတ်ပိုင်ရှင်ဆီ ပေးဖို့ သဘောတူလိုက်တယ်။

အိတ်ကို ဒန်နီယယ် ကောက်ရထားပြီး ပြန်ပေးချင်တဲ့အကြောင်း ဆရာဝန်ရဲ့ရုံးခန်းက ဖုန်းဆက်အကြောင်းကြားလို့ အိတ်ပိုင်ရှင်အမျိုးသား အံ့ဩသွားတယ်။ အိတ်ကိုယူဖို့ သွားတဲ့အခါ ဒန်နီယယ်နဲ့ သူ့အဖေ စောင့်နေတယ်။ အိတ်ကိုပြန်ပေးဖို့ ဘာကြောင့် အဲဒီလောက်အထိ ကြိုးစားရတဲ့အကြောင်း ပြောပြကြတယ်။ မိမိတို့ဟာ ယေဟောဝါသက်သေတွေဖြစ်ကြောင်း၊ ကျမ်းစာ ပညတ်တွေနဲ့အညီ ကြိုးစားနေထိုင်ကြောင်း၊ ဒါကြောင့် မိမိတို့ဟာ အမြဲပဲ ရိုးသားဖို့ ကြိုးစားကြကြောင်း ပြောပြကြတယ်။—ဟီဘရူး ၁၃:၁၈။

နာရီအနည်းငယ်ကြာပြီးနောက် အိတ်ပိုင်ရှင်အမျိုးသားက ဒန်နီယယ်နဲ့ သူ့အဖေကို စာတိုပို့ပြီး အိတ်နဲ့ ပိုက်ဆံအိတ်ပြန်ပေးလို့ ကျေးဇူးတင်ကြောင်း ထပ်ပြောတယ်။ ဒီလို ရေးထားတယ်– “ကျွန်တော့်ကို မတွေ့တွေ့အောင်ရှာဖို့ ခင်ဗျားတို့ ဆုံးဖြတ်ခဲ့လို့ တကယ် ကျေးဇူးတင်တယ်။ ခင်ဗျားနဲ့ ခင်ဗျားရဲ့မိသားစုကို တွေ့ရလို့ သိပ်ဝမ်းသာတယ်။ ကျွန်တော့်ကို နွေးနွေးထွေးထွေး၊ ရင်းရင်းနှီးနှီး ဆက်ဆံတာကို အမှတ်ရနေမှာပါ။ ကျေးဇူးတင်ကြောင်း ပြတဲ့အနေနဲ့ အလှူငွေ ထည့်ချင်ပါတယ်။ ဘုရား အမှုတော်ဆောင်ဖို့ ခင်ဗျားတို့ ကိုယ်ကျိုးစွန့်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒန်နီယယ်ရဲ့ ရိုးသားမှုနဲ့ သမာဓိက ခင်ဗျားတို့ဟာ လေးစားစရာကောင်းတဲ့ လူတွေဖြစ်တယ်ဆိုတဲ့ သက်သေပါပဲ။ ကျေးဇူးတင်ကြောင်း ထပ်ပြောချင်ပါတယ်။ ခင်ဗျားတို့ရဲ့ အမှုတော်ဆောင်လုပ်ငန်းကို ဘုရားသခင် ကောင်းချီးပေးပါစေ။”

လအနည်းငယ်ကြာပြီးနောက် ဒန်နီယယ်ရဲ့အဖေက အဲဒီအမျိုးသားနဲ့ အဆက်အသွယ် ပြန်ရတယ်။ သိပ်မကြာသေးခင်က ဈေးဝယ်ထွက်နေတုန်း အမျိုးသမီးတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ကို ကောက်ရတဲ့အကြောင်း အဲဒီအမျိုးသားက ပြောပြတယ်။ ပိုင်ရှင် အမျိုးသမီးကို တွေ့ပြီး ပိုက်ဆံအိတ် ပြန်ပေးတဲ့အခါ ပြန်ပေးရတဲ့အကြောင်းရင်းကို ရှင်းပြလိုက်တယ်။ မကြာသေးခင်က မိမိလည်း ပျောက်သွားတဲ့ ပိုက်ဆံအိတ်ကို ပြန်ရခဲ့တဲ့အကြောင်း ပြောပြတယ်။ သူဒီလို ပြောတယ်– “ကြင်နာတဲ့ လုပ်ရပ်၊ ရိုးသားတဲ့ လုပ်ရပ်လေးတစ်ခုက နောက်လူတစ်ယောက်ကို အဲဒီအတိုင်း ပြန်လုပ်ဆောင်စေခဲ့တယ်။ အဲဒါက လူ့အသိုင်းအဝိုင်းမှာရှိတဲ့ လူတိုင်းကို အကျိုးပြုပါတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ