ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၇၂
  • အမှန်တရား အရေးပါသေးသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှန်တရား အရေးပါသေးသလား
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှန်တရား ရှိတောင်ရှိရဲ့လား
  • အမှန်တရားကို ဘယ်လိုရှာတွေ့နိုင်မလဲ
  • မုသား ဘယ်လို စတင်ပေါ်ပေါက်လာသလဲ
  • ဒီနေ့ခေတ်မှာ လိမ်ညာတာက ဘာကြောင့် သာမန်ဖြစ်နေသလဲ
  • အမှန်တရား ဘာကြောင့် အရေးကြီးသလဲ
  • ဘုရားသခင်က ကျွန်တော်တို့ကို ဘာကြောင့် အမှန်တရား သိစေချင်သလဲ
  • ကမ္ဘာပေါ်မှာ လိမ်ညာမှု ပပျောက်သွားအောင် ဘုရားသခင် လုပ်ပေးမလား
  • အမှန်တရား၏ဘုရားသခင်ကို တုပခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • အမှန်တရားကို အဘယ်ကြောင့်ရှာဖွေသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၇၂
နိုင်ငံရေးသမားတစ်ယောက်က လူအုပ်ကို မဲဆွယ်စည်းရုံးနေ။

အမှန်တရား အရေးပါသေးသလား

အမှန်နဲ့အမှားကို ကွဲကွဲပြားပြား သိမြင်ဖို့ ပိုပိုခက်လာသလား။ အခုခေတ် လူတွေကိုကြည့်ရတာ အမှန်တရား၊ အချက်အလက်အမှန်ကို ယုံကြည်လက်ခံတာထက် ကိုယ့်စိတ်ခံစားချက်၊ ကိုယ့်ထင်မြင်ချက်တွေကိုပဲ ဟုတ်တိုင်းမှန်ရာအဖြစ် ယူမှတ်နေကြပုံပါပဲ။ အမှန်တရားဆိုတာ မရှိပါဘူးလို့လည်း လူအများစု မြင်လာကြတယ်။ “အမှန်ကိုလွန်ခြင်း” ဆိုတဲ့စကားလုံး မကြာသေးခင်က ရေပန်းစားလာတာ သက်သေသာဓကပါပဲ။a

တကယ်တော့ ဒီအမြင်ဟာ အသစ်အဆန်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ လောက်ကလည်း ရောမဘုရင်ခံ ပိလတ်မင်းက ယေရှုကို “အမှန်တရားဆိုတာ ဘာလဲ” ဆိုပြီး သံသယစိတ်နဲ့ မေးခဲ့တယ်။ (ယောဟန် ၁၈:၃၈) ယေရှုဆီက အဖြေရဖို့ မစောင့်ဆိုင်းပေမဲ့ အရေးကြီးတဲ့ မေးခွန်းကို သူမေးလိုက်တာ။ အမှန်တရားနဲ့ပတ်သက်တဲ့ ကျေနပ်စရာအဖြေကို ကျမ်းစာမှာ တွေ့နိုင်ပါတယ်။ အမှန်နဲ့အမှား ဝေခွဲရခက်နေတဲ့ ဒီကမ္ဘာကြီးမှာ လမ်းမှန်ကို တွေ့နိုင်ဖို့လည်း ကျမ်းစာက ကူညီပေးနိုင်ပါတယ်။

အမှန်တရား ရှိတောင်ရှိရဲ့လား

ရှိပါတယ်။ ကျမ်းစာမှာသုံးထားတဲ့ “အမှန်တရား” ဆိုတဲ့စကားလုံးက မှန်ကန်တဲ့ အချက်အလက်၊ ဖြောင့်မှန်တဲ့ ကိုယ်ကျင့်တရားကို ရည်ညွှန်းတယ်။ “အမှန်တရားရဲ့ဘုရား” ယေဟောဝါb ဟာ စစ်မှန်တဲ့ အမှန်တရားရဲ့ရင်းမြစ်ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။ (ဆာလံ ၃၁:၅) ဘုရားသခင်ဆီကလာတဲ့ အမှန်တရားကို ကျမ်းစာထဲမှာ တွေ့နိုင်ပြီး အဲဒီအမှန်တရားက ကျွန်တော်တို့ကို ရှုပ်ထွေးပွေလီတဲ့ ဒီလောကအလယ်မှာ လမ်းမှန်ကို ထင်ထင်ရှားရှား မြင်နိုင်အောင် အလင်းလို လမ်းပြပေးနိုင်တယ်။—ဆာလံ ၄၃:၃။ ယောဟန် ၁၇:၁၇။

အမှန်တရားကို ဘယ်လိုရှာတွေ့နိုင်မလဲ

ခံစားချက်အပေါ် အခြေခံပြီး ကျမ်းစာအမှန်တရားကို မျက်စိမှိတ် ယုံမယ့်အစား “စဉ်းစားဆင်ခြင်နိုင်စွမ်းကို သုံးပြီး” ဆန်းစစ်ဖို့ ဘုရားသခင် ဖိတ်ခေါ်ထားတယ်။ (ရောမ ၁၂:၁) ကျွန်တော်တို့ရဲ့ “ဉာဏ်စွမ်း ရှိသမျှ” ကို သုံးပြီး ဘုရားသခင်အကြောင်း သိလာတာ၊ ချစ်လာတာကိုပဲ ဘုရားသခင် လိုလားလို့ပါ။ ကျမ်းစာထဲကနေ သင်ယူသိရှိလာသမျှ မှန်မမှန် ကိုယ်တိုင်ဆန်းစစ်ကြည့်ဖို့လည်း အားပေးထားတယ်။—မဿဲ ၂၂:၃၇၊ ၃၈။ တမန်တော် ၁၇:၁၁။

မုသား ဘယ်လို စတင်ပေါ်ပေါက်လာသလဲ

ဘုရားရဲ့ရန်သူလည်းဖြစ်၊ “မုသားရဲ့အဖ” လည်းဖြစ်တဲ့ စာတန်မာရ်နတ်ဆီကနေ မုသား အစပြုခဲ့တယ်လို့ ကျမ်းစာဆိုတယ်။ (ယောဟန် ၈:၄၄) စာတန်က ပထမဆုံးလူသားတွေကို ဘုရားသခင်အကြောင်း လိမ်ညာပြောဆိုတယ်။ (ကမ္ဘာဦး ၃:၁-၆၊ ၁၃၊ ၁၇-၁၉။ ၅:၅) အဲဒီအချိန်ကစပြီး အလိမ်အညာစကားတွေ ဆက်ဖြန့်တယ်၊ ဘုရားသခင်အကြောင်း အမှန်တရားကို လူတွေ မသိအောင် လုပ်တယ်။

ဒီနေ့ခေတ်မှာ လိမ်ညာတာက ဘာကြောင့် သာမန်ဖြစ်နေသလဲ

ကျွန်တော်တို့ အသက်ရှင်နေထိုင်တဲ့ “နောက်ဆုံးကာလ” မှာ စာတန်က လူသားတွေကို အစွမ်းကုန် လှည့်ဖြားနေလို့ပါ။ လူလူချင်း တစ်ဦးကိုတစ်ဦး အမြတ်ထုတ်ဖို့၊ လှည့်ဖြားဖို့ လိမ်ပြောကြတာ အဆန်းမဟုတ်တော့ဘူး။ (၂ တိမောသေ ၃:၁၊ ၁၃) ဘာသာတရားအများစုမှာလည်း လိမ်ညာတဲ့ကိစ္စတွေက ရိုးနေပြီ။ ကျမ်းစာကြိုပြောထားတဲ့အတိုင်း ကျွန်တော်တို့အချိန်မှာ လူတွေက “ကိုယ်ကြားချင်တာကို ဟောပြောပေးမယ့် ဆရာတွေကို ရှာဖွေ” ကြပြီး “အမှန်တရားကို နားမထောင်” ဖို့ ရွေးချယ်ကြတယ်။—၂ တိမောသေ ၄:၃၊ ၄။

ဘာသာရေးခေါင်းဆောင်တစ်ဦးက လက်ခုပ်သြဘာပေးနေတဲ့ ပရိသတ်ကို ကျမ်းစာကိုင်ပြီး ဟောပြောနေ။

အမှန်တရား ဘာကြောင့် အရေးကြီးသလဲ

အမှန်တရားဆိုတာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ဖို့အတွက် အခြေခံအုတ်မြစ်ပဲ။ ယုံကြည်မှုမရှိရင် မိတ်ဆွေနှောင်ကြိုး ပြတ်တောက်သွားနိုင်သလို အဖွဲ့အစည်းတွေလည်း ပြိုကွဲသွားနိုင်တယ်။ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို အမှန်တရားအပေါ် အခြေပြုစေချင်တယ်။ ကျမ်းစာ အခုလိုဆိုတယ်– “ဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေဟာ စွမ်းအားတော် လမ်းပြမှုနဲ့အညီ၊ အမှန်တရားနဲ့အညီ ကိုးကွယ်ရမယ်။” (ယောဟန် ၄:၂၄) ကျမ်းစာအမှန်တရားက မှားယွင်းတဲ့ဘာသာတရားတွေကို ခွဲခြားသိနိုင်အောင်၊ ဘာသာရေးအလိမ်အညာတွေရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်အောင် ဘယ်လိုကူညီပေးသလဲဆိုတာ သိနိုင်ဖို့ “ဘုရားကို အကြည်ညိုပျက်စေတဲ့ လိမ်လည်မှုများ” ဆောင်းပါးတွဲကို ဖတ်ကြည့်ပါ။

ဘုရားသခင်က ကျွန်တော်တို့ကို ဘာကြောင့် အမှန်တရား သိစေချင်သလဲ

ထာဝစဉ်အသက်ရှင်စေချင်လို့ပါ။ ဒါကြောင့် ဘုရားသခင်အကြောင်း အမှန်တရားကို သင်ယူဖို့လိုတယ်။ (၁ တိမောသေ ၂:၄) ဘုရားသခင် ချမှတ်ထားတဲ့ အမှားအမှန်စံနှုန်းတွေကို သင်ယူပြီး လိုက်နာကျင့်သုံးရင် ဘုရားနဲ့ မိတ်ဆွေဖြစ်လာမယ်။ (ဆာလံ ၁၅:၁၊ ၂) လူတွေ အမှန်တရား သင်ယူနိုင်အောင် ဘုရားသခင်က ယေရှုကို ကမ္ဘာမြေပေါ် စေလွှတ်ခဲ့တယ်။ ယေရှုရဲ့သွန်သင်ချက်တွေကိုလည်း နားထောင်စေချင်တယ်။—မဿဲ ၁၇:၅။ ယောဟန် ၁၈:၃၇။

ကမ္ဘာပေါ်မှာ လိမ်ညာမှု ပပျောက်သွားအောင် ဘုရားသခင် လုပ်ပေးမလား

လုပ်ပေးပါမယ်။ လူလူချင်း လိမ်ညာပြီး အမြတ်ထုတ်နေတဲ့သူတွေကို ဘုရားသခင် ရွံမုန်းတယ်။ ဒါကြောင့် အဲဒီအကျင့်အကြံတွေကို မပြောင်းလဲဘဲ မိုက်တွင်းနက်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေကို ဘုရားသခင် ဖျက်ဆီးပစ်မယ်လို့ ကတိပြုထားတယ်။ (ဆာလံ ၅:၆) အဲဒီအခါ “မှန်ရာကိုပြောတဲ့ နှုတ်ဟာ ထာဝစဉ်တည်လိမ့်မယ်” ဆိုတဲ့ ကတိလည်း ပြည့်စုံလာပါလိမ့်မယ်။—ပညာအလိမ္မာ ၁၂:၁၉။

အမှန်တရားနဲ့ မုသားအကြောင်း ကျမ်းစာအဆို

ယောဟန် ၈:၄၄။ “[မာရ်နတ်ဟာ] မုသားပြောသူ၊ မုသားရဲ့အဖ ဖြစ်” တယ်။

အဓိပ္ပာယ်။ စာတန်မာရ်နတ်ဟာ ပထမဦးဆုံး မုသားပြောသူဖြစ်ပြီး မုသားအားလုံးရဲ့ မူလရင်းမြစ်ဖြစ်တယ်။

ပညာအလိမ္မာ ၁၂:၂၂။ “ယေဟောဝါက လိမ်လည်တတ်တဲ့နှုတ်ကို ရွံရှာတယ်။”

အဓိပ္ပာယ်။ ဘုရားကို ချစ်တဲ့သူတွေက လိမ်လည်မှုကို ဘုရားသခင် မုန်းသလို မုန်းတီးရမယ်။

ယောဟန် ၄:၂၄။ “ဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေဟာ စွမ်းအားတော် လမ်းပြမှုနဲ့အညီ၊ အမှန်တရားနဲ့အညီ ကိုးကွယ်ရမယ်။”

အဓိပ္ပာယ်။ ဘုရားသခင်အကြောင်း မှန်မှန်ကန်ကန် သိပြီး ဝတ်ပြုတာကိုပဲ ဘုရား လိုလားတယ်။

ယောဟန် ၈:၃၂။ “အမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်။”

အဓိပ္ပာယ်။ ယေရှုသင်ကြားပေးတဲ့ အမှန်တရားက ကျွန်တော်တို့ကို မသိနားမလည်မှု၊ အယူသီးမှု၊ ဘာသာရေးလိမ်ညာမှု စတဲ့အရာတွေကနေ လွတ်မြောက်စေနိုင်တယ်။ ထပ်သိချင်ရင် “‘အမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်’ ဆိုတာ ဘယ်လိုနည်းနဲ့လဲ” ဆောင်းပါးကို ကြည့်ပါ။

၁ တိမောသေ ၂:၄။ “ဘုရားသခင်ရဲ့ အလိုတော်ကတော့ လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိစေဖို့ပဲ။”

အဓိပ္ပာယ်။ ဘုရားသခင်က ကျွန်တော်တို့ကို မိမိနဲ့ပတ်သက်တဲ့ အမှန်တရားကို သင်ယူပြီး ထာဝစဉ်အသက်ရှင်စေချင်တယ်။

a အောက်စ်ဖို့အဘိဓာန်က “အမှန်ကိုလွန်ခြင်း” ဆိုတဲ့ စကားလုံးကို ၂၀၁၆ ခုနှစ်ရဲ့စကားလုံးအဖြစ် သတ်မှတ်ခဲ့တယ်။

b ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမည်ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ