ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၂/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှန်တရား အရေးပါသေးသလား
    ထပ်ဆင့် အကြောင်းအရာများ
  • ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • အမှန်တရား၏ဘုရားသခင်ကို တုပခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဘုရားသခင့်စကားကို ဘယ်လို နားထောင်နိုင်သလဲ
    ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၂/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဘုရားသခင်နဲ့ ပတ်သက်တဲ့အမှန်တရားကို သိနိုင်မလား

ပန်းခြံထဲမှာထိုင်နေသူတစ်ယောက်ကို ယေဟောဝါသက်သေတစ်ဦး ကျမ်းစာအကြောင်းပြောပြနေ

ဘုရားက မိမိနဲ့ပတ်သက်တဲ့အမှန်တရားကို ဘာကြောင့် သိစေချင်တာလဲ ယောဟန် ၁၇:၃ ကိုဖတ်ပါ

ဘုရားသခင်က လူသားတွေနဲ့ ဆက်သွယ်ခဲ့တယ်။ သန့်ရှင်းသောစွမ်းအားတော်ကို ဘုရားသခင်သုံးပြီး ကျမ်းရေးသူတွေရဲ့စိတ်ထဲ ကိုယ်တော့်အတွေးအခေါ်တွေ ထည့်သွင်းပေးခဲ့တယ်။ (၂ ပေတရု ၁:၂၀၊ ၂၁) ဒါကြောင့် ကျမ်းစာကိုဖတ်ရင် ဘုရားသခင်နဲ့ပတ်သက်တဲ့အမှန်တရားကို သိနိုင်ပါတယ်။—ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆ တို့ကိုဖတ်ပါ။

ကျမ်းစာထဲမှာ ဘုရားသခင်က မိမိအကြောင်း အများကြီးဖော်ပြထားတယ်။ လူသားတွေကို ဖန်ဆင်းရတဲ့အကြောင်းရင်း၊ လူသားထုအတွက် လုပ်ဆောင်ပေးမယ့်အရာနဲ့ အသက်ရှင်နေထိုင်ပုံ လမ်းညွှန်ချက်တွေကို ဖော်ပြထားတယ်။ (တမန်တော် ၁၇:၂၄-၂၇) ယေဟောဝါဘုရားက မိမိနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း လူတွေကို သိစေချင်တယ်။—၁ တိမောသေ ၂:၃၊ ၄ ကိုဖတ်ပါ။

အမှန်တရားမြတ်နိုးသူတွေကို ဘုရားသခင် ဘာကြောင့် နှစ်သက်ရတာလဲ

ယေဟောဝါက အမှန်တရားရဲ့ဘုရားသခင် ဖြစ်တယ်။ လူတွေကို အမှန်တရားသွန်သင်ပေးဖို့ သားတော် ယေရှုကို စေလွှတ်ခဲ့တယ်။ ဒါကြောင့် အမှန်တရားမြတ်နိုးသူတွေဟာ ယေရှုစကားကို နှစ်သက်ကြတယ်။ (ယောဟန် ၁၈:၃၇) ဘုရားသခင်က အဲဒီလိုလူတွေ မိမိကိုကိုးကွယ်တာ လိုချင်ပါတယ်။—ယောဟန် ၄:၂၃၊ ၂၄ ကိုဖတ်ပါ။

စာတန်မာရ်နတ်က လူတွေ ဘုရားသခင်အကြောင်းမသိအောင် ကိုယ်တော်နဲ့ပတ်သက်တဲ့ သွန်သင်ချက်အမှားတွေဖြန့်ပြီး လှည့်စားတယ်။ (၂ ကောရိန္သု ၄:၃၊ ၄) ကောင်းမြတ်မှန်ကန်ရာကို မကြိုက်တဲ့သူတွေက အဲဒီလိုသွန်သင်ချက်အမှားတွေကို နှစ်သက်ကြတယ်။ (ရောမ ၁:၂၅) စိတ်ရင်းမှန်သူ သန်းပေါင်းများစွာကတော့ ကျမ်းစာလေ့လာပြီး ဘုရားနဲ့ပတ်သက်တဲ့အမှန်တရားကို သိလာကြတယ်။—တမန်တော် ၁၇:၁၁ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ ဒီစာအုပ်ရဲ့ အခန်း ၁ ကိုဖတ်ကြည့်ပါ

www.pr2711.com/mya ဝက်ဘ်ဆိုက်ကနေလည်း ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ