ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၁၁၂
  • တိုက်ပွဲတွေ ဘယ်တော့ အဆုံးတိုင်မလဲ—ကျမ်းစာအဆိုက ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိုက်ပွဲတွေ ဘယ်တော့ အဆုံးတိုင်မလဲ—ကျမ်းစာအဆိုက ဘာလဲ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်ဘေးသင့်နေတဲ့ ကမ္ဘာမြေ
  • စစ်ပွဲအားလုံးကို အဆုံးတိုင်စေမယ့် စစ်ပွဲ
  • လူတွေ စိုးရိမ်သောကများခဲ့ရတဲ့ ၂၀၂၃ ခုနှစ်​—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ယူကရိန်းစစ်ပွဲဖြစ်တာ နှစ်နှစ်ထဲ ဝင်ပြီ—ကျမ်းစာမှာ ဘာမျှော်လင့်ချက်ရှိသလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • စစ်အတွက် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုနေ—တကယ်တမ်းကုန်ကျသွားတာ ဘာတွေလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • စစ်မက်ပဋိပက္ခရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၁၁၂
ရုပ်ပုံများ– အရှေ့အလယ်ပိုင်းက စစ်ဘေးသင့်ဒေသတွေ။ ၁။ ဂါဇာကမ်းမြောင်ဒေသက မြို့တစ်မြို့မှာ ပေါက်ကွဲမှုအပြီးမြင်ကွင်း။ ၂။ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရပြီးနောက် ဂျေရုဆလင်မြို့မြင်ကွင်း။

Left: Yasser Qudaih/Anadolu via Getty Images; right: RONALDO SCHEMIDT/AFP via Getty Images

သတိနဲ့ စောင့်နေကြပါ

တိုက်ပွဲတွေ ဘယ်တော့ အဆုံးတိုင်မလဲ—ကျမ်းစာအဆိုက ဘာလဲ

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ရက်၊ စနေနေ့မှာ အစ္စရေးကို အီရန် တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က “အခုအချိန်ဟာ အခြေအနေတွေ ပိုမဆိုးသွားအောင် လုပ်ရမယ့်အချိန်၊ လက်တုံ့မပြန်ဘဲ ထိန်းချုပ်ရမယ့်အချိန်ပဲ” လို့ ပြောကြားလိုက်တယ်။

အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ကမ္ဘာ့ပြဿနာတွေထဲက တစ်ခုပါ။

“ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြမ်းဖက်ပဋိပက္ခ အများဆုံးအချိန်ဟာ အခုအချိန်ပါပဲ။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ ၂ ဘီလီယံလောက် ထိခိုက်ခံစားနေရတယ်။”—ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်။

အကြမ်းဖက်ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေကတော့ အစ္စရေး၊ ဂါဇာ၊ ဆီးရီးယား၊ အဇာဘိုင်ဂျန်၊ ယူကရိန်း၊ ဆူဒန်၊ အီသီယိုးပီးယား၊ နိုင်ဂျာ၊ မြန်မာနဲ့ ဟေတီနိုင်ငံတို့ ပါဝင်တယ်။a

တိုက်ပွဲတွေ ဘယ်တော့ ပြီးဆုံးမလဲ။ ကမ္ဘာ့ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးရအောင် လုပ်ပေးနိုင်ပါ့မလား။ ကျမ်းစာအဆိုက ဘာလဲ။

စစ်ဘေးသင့်နေတဲ့ ကမ္ဘာမြေ

ကမ္ဘာတစ်ဝန်းမှာ ဖြစ်နေတဲ့ပဋိပက္ခတွေဟာ စစ်ပွဲအားလုံး အဆုံးတိုင်တော့မယ်ဆိုတဲ့ နိမိတ်ပဲ။ ကျွန်တော်တို့အသက်ရှင်နေတဲ့ “လောကစနစ် နိဂုံးပိုင်း” မှာ စစ်ပွဲတွေဖြစ်မယ်ဆိုပြီး ကျမ်းစာကြိုဟောခဲ့တဲ့အတိုင်း ပြည့်စုံနေတာပါ။—မဿဲ ၂၄:၃။

  •  “ရပ်နီးရပ်ဝေးက စစ်မက်သတင်းတွေကို ခင်ဗျားတို့ ကြားရလိမ့်မယ်။ . . . လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။”—မဿဲ ၂၄:၆၊ ၇။

အခုအချိန်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ ကျမ်းစာကြိုဟောချက် ပြည့်စုံမှုဖြစ်ကြောင်း “‘နောက်ဆုံးကာလ၊’ ‘အဆုံးပိုင်းကာလ’ ရဲ့ နိမိတ်က ဘာလဲ” ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

စစ်ပွဲအားလုံးကို အဆုံးတိုင်စေမယ့် စစ်ပွဲ

တိုက်ပွဲတွေ အဆုံးတိုင်မယ်လို့ ကျမ်းစာကြိုပြောထားတယ်။ ဘယ်လိုနည်းနဲ့ အဆုံးတိုင်မလဲ။ လူတွေရဲ့ ကြိုးပမ်းမှုကြောင့် မဟုတ်ဘဲ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နေ့ကြီးမှာ တိုက်မယ့်စစ်ပွဲ” ဖြစ်တဲ့ အာမဂေဒုန်ကြောင့် အဆုံးတိုင်သွားမှာ။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ဒီစစ်ပွဲအပြီးမှာတော့ ဘုရားသခင်က လူသားတွေအတွက် ထာဝရငြိမ်းချမ်းမှု ဆောင်ကြဉ်းပေးပါလိမ့်မယ်။—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉။

စစ်ပွဲအားလုံးကို အဆုံးတိုင်စေမယ့် အာမဂေဒုန်စစ်ပွဲအကြောင်း ပိုသိချင်ရင် “အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကိုပြောတာလဲ” ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

a ACLED Conflict Index, “Ranking violent conflict levels across the world,” January 2024

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ