ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၂၄
  • ကမ္ဘာ့ငြိမ်းချမ်းရေးရဖို့ ဘာဖြစ်လို့ ဒီလောက်ခက်ရတာလဲ။

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ငြိမ်းချမ်းရေးရဖို့ ဘာဖြစ်လို့ ဒီလောက်ခက်ရတာလဲ။
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ငြိမ်းချမ်းရေးရအောင် လူတွေ ဘာလို့ မလုပ်နိုင်တာလဲ—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • စစ်မှန်သော ငြိမ်သက်ခြင်း—အဘယ်ဇာစ်မြစ်မှနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • မြဲမြံသောငြိမ်သက်ခြင်း ဘယ်သောအခါ တကယ်ရှိမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၂၄
တိုက်ခိုက်ရေးဂျက်လေယာဉ်

ကမ္ဘာ့ငြိမ်းချမ်းရေးရဖို့ ဘာဖြစ်လို့ ဒီလောက်ခက်ရတာလဲ။

သမ္မာကျမ်းစာဖြေဆိုရာ

ကမ္ဘာ့ငြိမ်းချမ်းရေးရဖို့ လူတွေရဲ့ ကြိုးစားအားထုတ်မှုဟာ အခုထိရှုံးနိမ့်နေဆဲဖြစ်သလို နောက်လည်းရှုံးနိမ့်နေမှာပဲ။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်တယ်–

  • “လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်။” (ယေရမိ ၁၀:၂၃) ဘုရားသခင်က လူသားတွေကို အချင်းချင်းအုပ်ချုပ်နိုင်အောင်၊ အချင်းချင်းအုပ်ချုပ်ပိုင်ခွင့်နဲ့ မဖန်ဆင်းခဲ့ဘူး။ ဒါကြောင့် တည်မြဲတဲ့ငြိမ်းချမ်းရေးရအောင် လူတွေ မလုပ်နိုင်ဘူး။

  • “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။ သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” (ဆာလံ ၁၄၆:၃၊ ၄) အစိုးရခေါင်းဆောင်တွေဟာ စိတ်ရင်းစေတနာကောင်းရှိနိုင်ပေမဲ့ စစ်ဖြစ်စေတဲ့အကြောင်းရင်းတွေကို တာရှည်မဖယ်ရှားပေးနိုင်ဘူး။

  • “နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်ကို သိမှတ်လော့။ အကြောင်းမူကား လူတို့သည် . . . ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊ သစ္စာဖောက်သူ၊ ခေါင်းမာသူ၊ မာနထောင်လွှားသူ . . . ဖြစ်ကြလိမ့်မည်။” (၂ တိမောသေ ၃:၁–၄) ငြိမ်းချမ်းမှုရဖို့ခက်စေတဲ့ သဘောထားတွေ ပျံ့နှံ့နေတဲ့ ဒီလောကဆိုးရဲ့ “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေရတယ်။

  • “ကောင်းကင်နှင့် ကောင်းကင်သားတို့၊ ဝမ်းမြောက်ကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိအချိန် တိုတောင်းသည်ကိုသိ၍ ဒေါသကြီးစွာဖြင့် သင်တို့ထံသို့ ဆင်းလေပြီ။” (ဗျာဒိတ် ၁၂:၁၂) ဘုရားသခင့်ရန်သူ မာရ်နတ်က မြေကြီးဝန်းကျင်မှာပဲနေဖို့ ကန့်သတ်ခံထားရပြီး လူတွေမှာ သူ့ရဲ့ဆိုးယုတ်တဲ့စိတ်ဓာတ်ကူးစက်အောင် လုပ်နေတယ်။ သူဟာ “ဤလောကကို အစိုးရသောမင်း” ဖြစ်နေသရွေ့ ကျွန်ုပ်တို့ ငြိမ်းချမ်းစွာ နေလို့ရမှာမဟုတ်ဘူး။—ယောဟန် ၁၂:၃၁။

  • “[ဘုရားသခင့်] နိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၅) ကမ္ဘာကို ထာဝစဉ်ငြိမ်းချမ်းစေချင်တဲ့ ကျွန်ုပ်တို့ရဲ့ဆန္ဒကို လူ့အစိုးရကမဟုတ်ဘဲ ဘုရားသခင့်အစိုးရက ဖြည့်ဆည်းပေးမှာဖြစ်တယ်။—ဆာလံ ၁၄၅:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ