ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၅
  • မိဘတွေ ကွာရှင်းကြတော့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘတွေ ကွာရှင်းကြတော့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှောင်သင့်တဲ့ အချက်သုံးချက်
  • လုပ်ဆောင်နိုင်တဲ့ အချက်သုံးချက်
  • ဖေဖေနဲ့မေမေ ဘာကြောင့်ကွဲခဲ့ကြရသလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ကွာရှင်းခြင်းနှင့်ပတ်သက်ပြီး သိသင့်သောအချက် လေးချက်
    နိုးလော့!—၂၀၁၀
  • အဖေနဲ့အမေ ဘာကြောင့်ကွဲသွားတာလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ကွာရှင်းခြင်းက သားသမီးတွေကို ထိခိုက်နိုင်ပုံ
    မိသားစုအတွက် အကူအညီ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၅
ဝမ်းနည်းနေတဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက် စကားများနေတဲ့ မိဘတွေကို မကြည့်ဘဲ မျက်နှာလွှဲထား။

လူငယ်များအမေး

မိဘတွေ ကွာရှင်းကြတော့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ

လူငယ်တစ်ယောက် ကြုံတွေ့ရနိုင်တဲ့ စိတ်အဖိစီးဆုံး အချိန်တစ်ခုကတော့ မိဘတွေ ကွာရှင်းတဲ့အချိန်ပါ။ ခံစားရတဲ့ ဝမ်းနည်းကြေကွဲစိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။

ဒီဆောင်းပါးမှာ သိရမှာက

  • ရှောင်သင့်တဲ့ အချက်သုံးချက်

  • လုပ်ဆောင်နိုင်တဲ့ အချက်သုံးချက်

  • ရွယ်တူတွေ အဆို

ရှောင်သင့်တဲ့ အချက်သုံးချက်

၁။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာကို ရှောင်ပါ

“တစ်ခါတုန်းက အမေပြောဖူးတယ်။ ကျွန်မကိုမွေးပြီးတဲ့နောက်မှာ အဖေနဲ့အမေ စပြီး ပြဿနာဖြစ်တော့တာပဲတဲ့။ ဒါကြောင့် အဖေနဲ့အမေကွဲတာ ကျွန်မကြောင့်လို့ စိတ်ထဲစွဲနေတာ။”—ဒိုင်ယာနာ။

ဒီအချက်ကို သတိရပါ။ မိဘတွေကွာရှင်းတာ သင့်ကြောင့် မဟုတ်ဘူး။ သူတို့နှစ်ယောက်ရဲ့ ပြဿနာကြောင့်ပါ။ အဲဒီပြဿနာဖြစ်အောင် သင် လုပ်ခဲ့တာမဟုတ်သလို သင် ဖြေရှင်းပေးနိုင်မှာလည်း မဟုတ်ဘူး။ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းဖို့က မိဘနှစ်ပါးရဲ့ တာဝန်ပါ။

“လူတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းရမှာ။”—ဂလာတိ ၆:၅။

၂။ စိတ်နာကြည်းမနေပါနဲ့

“အမေ့အပေါ် သစ္စာမရှိတဲ့ အဖေ့ကို မကျေနပ်ဘူး။ အဖေ့ကို ပြန်ယုံကြည်နိုင်ဖို့ မနည်းကြိုးစားရမှာ။”—ရီအာနာ။

ဒီအချက်ကို သတိရပါ။ မိဘတွေ ကွာရှင်းလိုက်လို့ သူတို့ကို စိတ်ပျက်သွားတာ၊ ဒေါသထွက်တာတွေ ဖြစ်နိုင်တယ်။ ဒါပေမဲ့ စိတ်နာကြည်းနေတာက ဆိုးကျိုးပဲ ဖြစ်စေတယ်။ သင့်ရဲ့ စိတ်ပိုင်း၊ ကာယပိုင်းကို ထိခိုက်နိုင်တယ်။ စိတ်နာကြည်းတာက ကိုယ်တိုင် အဆိပ်သောက်ပြီး တခြားသူကို ထိခိုက်စေချင်တာနဲ့ တူတယ်။a

“အမျက်မထွက်နဲ့။ ဒေါသူပုန်မထနဲ့။”—ဆာလံ ၃၇:၈။

၃။ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ကို မပိုင်ဆိုင်နိုင်တော့ဘူးလို့ သံသယ မဝင်ပါနဲ့

“အဖေ့လိုဖြစ်မှာ တအားကြောက်တယ်။ လက်ထပ်ပြီး ကလေးတွေ ရလာခဲ့ရင် မိဘတွေလို အိမ်ထောင်ပြိုကွဲသွားမှာကို သိပ်စိုးရိမ်တယ်။”—ဂျက်စီကာ။

ဒီအချက်ကို သတိရပါ။ သင့်မိဘ အိမ်ထောင်ပြိုကွဲတာနဲ့ပဲ သင့်အိမ်ထောင်လည်း ပြိုကွဲမယ်လို့ မယူမှတ်ပါနဲ့။ သင့်မိဘရဲ့ အဖြစ်အပျက်ကနေ သင်ခန်းစာယူပါ။ ဥပမာ၊ အိမ်ထောင်ဖက်ဆီမှာ ရှိစေချင်တဲ့ အရည်အသွေးတွေ ပိုသိလာနိုင်တယ်။ ခင်ပွန်းကောင်း၊ ဇနီးကောင်းဆီမှာရှိသင့်တဲ့ အရည်အသွေးတွေ မွေးမြူနိုင်အောင်လည်း မိဘတွေအဖြစ်ကနေ သင်ခန်းစာယူနိုင်တယ်။

“လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။”—ဂလာတိ ၆:၄။

ခြေထောက် ကျောက်ပတ်တီးနဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ဆိုဖာပေါ်မှာထိုင်ပြီး လက်တော့ပ်သုံးနေ။

မိဘတွေ ကွာရှင်းတဲ့ အခြေအနေက အရိုးကျိုးတာနဲ့ တူ။ အခု နာကျင်နေပေမဲ့ နောက်တော့ သက်သာလာပါလိမ့်မယ်

လုပ်ဆောင်နိုင်တဲ့ အချက်သုံးချက်

၁။ ပြောဆိုဆက်သွယ်ပါ။ အပျက်သဘော ခံစားချက်တွေကို မျိုသိပ်ထားသူတွေဟာ အရက်၊ မူးယစ်ဆေး သုံးတာလိုမျိုး ကိုယ့်ကို ထိခိုက်စေတဲ့ အကျင့်တွေ စွဲလာတတ်တယ်။ အဲဒီလိုမဖြစ်အောင် ဒါတွေကို ကြိုးစားကြည့်ပါ။

မိဘတွေကို ပြောပြပါ။ မိဘတစ်ဦး ဒါမှမဟုတ် နှစ်ဦးစလုံးက သူတို့ရဲ့ ပြဿနာတွေကို ပြောပြီး သူတို့ဘက်ပါအောင် လုပ်နေတယ်ဆိုရင် အဲဒါက သင့်ကို ဘယ်လိုထိခိုက်နေသလဲဆိုတာကို အေးအေးဆေးဆေး၊ ပြတ်ပြတ်သားသား ရှင်းပြပါ။ နှုတ်နဲ့ ပြောဖို့ ခက်နေရင် စာရေးပြီး ပြောပြပါ။

ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် စာရေးနေ။

ယုံကြည်ရတဲ့ မိတ်ဆွေတစ်ဦးကို ပြောပြပါ။ သင်ရင်ဖွင့်တာကို ကောင်းကောင်းနားထောင်ပေးတဲ့သူရှိရင် စိတ်သက်သာရာ ရနိုင်တယ်။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ” လို့ ကျမ်းစာ ဆိုတယ်။—ပညာအလိမ္မာ ၁၇:၁၇။

ဖန်ဆင်းရှင်ကို ပြောပြပါ။ သင်ရင်ဖွင့်တာကို နားထောင်ဖို့ အမြဲ အသင့်ရှိတဲ့သူရှိတယ်။ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ယေဟောဝါဘုရားပါပဲ။ (ဆာလံ ၆၅:၂) “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင်” ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။—၁ ပေတရု ၅:၇။

  • ကိုယ် အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ် ရင်ဖွင့်လို့ရတဲ့သူက အဖေလား၊ အမေလား။

  • ဒီအခြေအနေကို ခံရပ်နိုင်အောင် ကူညီပေးတဲ့ ယုံကြည်ရတဲ့ မိတ်ဆွေ (ရွယ်တူ ဒါမှမဟုတ် လူကြီး) က ဘယ်သူလဲ။

  • သတ်သတ်မှတ်မှတ် ဘယ်အကြောင်းအရာကို ဘုရားဆီ ဆုတောင်းချင်သလဲ။

မီးသီး။

အကြံပြုချက်– နေ့စဉ်မှတ်တမ်းတစ်ခု ထားပါ။ ရာခယ် အသက် ၁၂ နှစ်မှာ မိဘတွေ ကွဲသွားတယ်။ သူ ဒီလိုပြောတယ်– “ကိုယ့်အတွေးတွေက အခုအချိန်မှာ ရှုပ်ထွေးနေနိုင်တယ်။ ဒါပေမဲ့ အဲဒီအတွေးတွေကို ချရေးလိုက်ပါ။ အရင်နဲ့အခု ဘာတွေပြောင်းလဲလာသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်လို့ရတာပေါ့။ အဲဒီလိုလုပ်တာက ကျွန်မအတွက် တော်တော် အထောက်အကူပြုတယ်။”

၂။ အလိုက်သင့် ပြုပြင်ပြောင်းလဲပါ

မိဘတွေ ကွာရှင်းလိုက်လို့ အိမ်ပြောင်းရတာ၊ ကျောင်းပြောင်းရတာ၊ သူငယ်ချင်းအသစ် ရှာရတာ၊ ငွေကြေးအခက်အခဲ စတဲ့ အပြောင်းအလဲတွေ ကြုံရနိုင်တယ်။ အပြောင်းအလဲတွေကြောင့် စိတ်ရှုပ်ထွေးနိုင်တယ်၊ ဘဝ ကပြောင်းကပြန်ဖြစ်နေပြီလို့ ခံစားရနိုင်တယ်။ အခြေအနေအသစ်မှာ ဘယ်လို အလိုက်သင့်နေမလဲဆိုတာကို အာရုံစိုက်တာက အထောက်အကူ ပြုနိုင်ပါတယ်။

  • မိဘတွေ ကွာရှင်းလိုက်လို့ သင့်အတွက် အကြီးမားဆုံး အပြောင်းအလဲက ဘာလဲ။

  • အပြောင်းအလဲနဲ့အညီ အလိုက်သင့် ဘယ်လို နေနိုင်သလဲ။

“ကျွန်တော်ဟာ ဘယ်အခြေအနေမှာမဆို ရောင့်ရဲတတ်ဖို့ သင်ယူထားပြီးပြီ။”—ဖိလိပ္ပိ ၄:၁၁။

မီးသီး။

အကြံပြုချက်– လုံလုံလောက်လောက် အနားယူပါ။ အာဟာရရှိတာတွေ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ခန္ဓာသန်စွမ်းမှ စိတ်ဓာတ် ကြံ့ခိုင်နိုင်မယ်။ ဒါဆိုရင် စိတ်ဖိစီးမှုတွေ၊ ဘဝ အပြောင်းအလဲတွေကို ကိုင်တွယ်ဖြေရှင်း သွားနိုင်ပါလိမ့်မယ်။

၃။ ကိုယ့်ရဲ့ အားသာချက်ကို အသိအမှတ်ပြုပါ

မိဘတွေ ကွာရှင်းလိုက်လို့ စိုးရိမ်ပူပန်ရနိုင်ပေမဲ့ ကိုယ့်မှာ ဘာအားသာချက်တွေ ရှိသလဲ ဆိုတာကိုလည်း မြင်ရနိုင်တယ်။ အရည်အသွေးအသစ်တွေတောင် မွေးမြူလာနိုင်တယ်။ မိဘတွေ ကွာရှင်းချိန်မှာ ဂျေရမီ အသက် ၁၃ နှစ်ပဲ ရှိသေးတယ်။ သူဒီလို ပြောတယ်– “မိဘတွေ ကွာရှင်းလိုက်လို့ အကြီးဆုံးသားဖြစ်တဲ့ ကျွန်တော့်မှာ တာဝန်တွေ ပိုများလာတယ်။ အမေ့ကို ဝိုင်းကူရတယ်။ ညီလေးကိုလည်း ကြည့်ပေးရတယ်။”

မိခင်ဖြစ်သူ ချက်ပြုတ်နေချိန်မှာ ဆယ်ကျော်သက် မိန်းကလေးက ညီမလေးကို အိမ်စာ ကူလုပ်ပေးနေ။

မိဘတွေ ကွာရှင်းလိုက်လို့ သင်ဟာ အိမ်မှာ ပိုတာဝန်သိတတ်သူ ဖြစ်လာနိုင်

  • မိဘတွေရဲ့ အခြေအနေကြောင့် သင့်မှာ ဘယ်အရည်အသွေးတွေ ရှိတာကို တွေ့လာရသလဲ။

  • ဘယ်အရည်အသွေးတွေကို မွေးမြူဖို့ ကြိုးစားချင်သလဲ။

“ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့အတွက် လူတွေကို . . . ဖြောင့်မတ်လာအောင် ဆုံးမတဲ့အခါ အကျိုးဖြစ်ထွန်းစေတယ်။”—၂ တိမောသေ ၃:၁၆။

မီးသီး။

အကြံပြုချက်– နေ့တိုင်း ကျမ်းစာ ဖတ်ပါ။ ကျမ်းစာအခြေခံမူတွေက မိဘတွေရဲ့ ကွာရှင်းခြင်း အပါအဝင် စိတ်ဖိစီးစရာ ဘယ်အခြေအနေကိုမဆို ရင်ဆိုင်နိုင်စေတဲ့ အရည်အသွေးတွေ မွေးမြူနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

a ထပ်သိချင်ရင် “ငါ့ဒေါသကို ဘယ်လိုထိန်းနိုင်မလဲ” ဆောင်းပါးကို ဖတ်ပါ။

ရွယ်တူတွေ အဆို

“မိဘတွေ ကွာရှင်းတုန်းက ငယ်သေးတော့ ဘာဖြစ်တယ်ဆိုတာ နားမလည်ခဲ့ဘူး။ နားလည်တဲ့အရွယ် ရောက်လာတဲ့အခါမှာတော့ စိတ်နာလာတယ်။ အခု အသက် ၁၈ နှစ်ရောက်တော့မှ ဖြစ်ခဲ့တာတွေကို လက်ခံပြီး ရှေ့ဆက်နိုင်ပြီ။”—အယ်လီနာ။

“ကျွန်မ အသက် ခုနစ်နှစ်မှာ မိဘတွေ ကွဲသွားတယ်။ အသက် ၂၁ နှစ်ရောက်တော့ အဖေနဲ့ စကားပြောချင်တဲ့အကြောင်း ဖွင့်ပြောလိုက်တယ်။ သားအဖနှစ်ယောက် စကားပြောလိုက်တာ နှစ်နာရီလောက် ကြာတယ်။ ကွာရှင်းတဲ့အထိ ဖြစ်သွားတဲ့ အခြေအနေတွေ၊ ကျွန်မ ခံစားခဲ့ရတာတွေ ပြောဖြစ်တယ်။ ကွာရှင်းလိုက်တာကို မကြိုက်ပေမဲ့ အဖေ့ကို ကျွန်မ ချစ်တယ်။ အဖေ့ကို နားလည်ပေးနိုင်လာပြီ။ အခြေအနေကို လက်ခံလာနိုင်လို့ စိတ်လည်း တည်တည်ငြိမ်ငြိမ် ရှိလာတယ်။”—ကိတ်လန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ