ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၀
  • ဖုန်းနဲ့စာပို့တာနဲ့ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖုန်းနဲ့စာပို့တာနဲ့ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘယ်သူ့ဆီ ပို့မလဲ
  • ဘာအကြောင်းအရာ ပို့မလဲ
  • ဘယ်အချိန်မှာ ပို့မလဲ
  • အကြံပြုချက်
  • ဖုန်းနဲ့ စာအပေးအယူ လုပ်တဲ့အခါ ယဉ်ကျေးဖို့လို
    နိုးလော့!—၂၀၁၄
  • သူငယ်ချင်းအဆင့်လား၊ ရည်းစားအဆင့်လား​—အပိုင်း ၁– သူ့ဘက်က ဘယ်လက္ခဏာတွေ ပြသလဲ။
    လူငယ်များအမေး
  • သူငယ်ချင်းအဆင့်လား၊ ရည်းစားအဆင့်လား​—အပိုင်း ၂– ငါ့ဘက်က ဘယ်လက္ခဏာတွေ ပြနေသလဲ
    လူငယ်များအမေး
  • မာတိကာ
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၀

လူငယ်များအမေး

ဖုန်းနဲ့စာပို့တာနဲ့ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ

  • :-) ပညာရှိရှိအသုံးပြုမယ်ဆိုရင် ဖုန်းနဲ့စာပို့တာက အဆက်အသွယ်လုပ်ရာမှာ အလွန်အသုံးဝင်တဲ့နည်းတစ်နည်းဖြစ်တယ်။

  • :-( ပေါ့ပေါ့ဆဆအသုံးပြုမယ်ဆိုရင်တော့ မိတ်ပျက်သွားနိုင်သလို နာမည်လည်း ပျက်နိုင်တယ်။

ဒီဆောင်းပါးက ဒီအချက်တွေနဲ့ပတ်သက်လို့ သင် သိထားဖို့လိုတဲ့အရာတွေကို ပြောပြပါလိမ့်မယ်–

  • ဘယ်သူ့ဆီ ပို့မလဲ

  • ဘာအကြောင်းအရာ ပို့မလဲ

  • ဘယ်အချိန်မှာ ပို့မလဲ

ဒီအချက်တွေကိုလည်း တွေ့နိုင်တယ်–

  • အကြံပြုချက်

  • ဉာဏ်စမ်း

ဘယ်သူ့ဆီ ပို့မလဲ

ဖုန်းနဲ့စာပို့ခြင်းဟာ မရှိမဖြစ်တဲ့ဆက်သွယ်နည်းတစ်ခုလို့ ခံစားရတဲ့လူငယ်တွေ အများကြီးရှိတယ်။ သင်ဆက်သွယ်ချင်တဲ့လူနဲ့ ဆက်သွယ်ခွင့်ရစေတယ်၊ မိဘကသာ မတားမြစ်ရင်ပေါ့။

“ကျွန်မနဲ့ ကျွန်မညီမက ယောက်ျားလေးတွေနဲ့ အဆက်အသွယ်လုပ်တာ အဖေ မကြိုက်ဘူး။ ပြောစရာရှိတယ်ဆိုရင် ဧည့်ခန်းကကြိုးဖုန်းနဲ့ တခြားသူတွေ ရှိတဲ့အချိန်မှာ ပြောရမယ်တဲ့။”​—လနော။

သင်သိထားသင့်ရာ– သင့်ဖုန်းနံပါတ်ကို လူတိုင်းကိုပေးနေရင်တော့ သင် ဒုက္ခရောက်နိုင်ခြေရှိတယ်။

“ကိုယ့်ဖုန်းနံပါတ်ကို ဘယ်သူသိသိ ကိစ္စမရှိပါဘူးလို့သဘောထားရင်တော့ သင် မလိုချင်တဲ့စာတွေ၊ ပုံတွေ ရောက်လာလိမ့်မယ်။”—စကော့။

“လိင်ခြားသူတစ်ယောက်ကို ပုံမှန်စာပို့နေရင် သိပ်မကြာခင် သူ့အပေါ် စိတ်ယိုင်လာလိမ့်မယ်။”—စတီဗင်။

သမ္မာကျမ်းစာ ပြောဆိုရာ– “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။” (သုတ္တံ ၂၂:၃) နည်းနည်းလောက် သတိထားလိုက်မယ်ဆိုရင် ဝမ်းနည်းစရာအများကြီးကို သင် ရှောင်လွှဲနိုင်ပါလိမ့်မယ်။

ဖြစ်ရပ်မှန်– “ကျွန်မမှာ ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်။ သူနဲ့ စာတွေအများကြီး အပြန်အလှန် ပို့ဖြစ်ခဲ့ကြတယ်။ ရင်းနှီးတဲ့သူငယ်ချင်းတွေမို့ ပို့တာပါ၊ ဘာပြဿနာမှ မရှိဘူးလို့ထင်ခဲ့တာ။ သူ ကျွန်မကို ချစ်နေပြီလို့ ဖွင့်ပြောမလာခင်အထိပေါ့။ အဖြစ်အပျက်ကို ပြန်တွေးကြည့်တဲ့အခါ ကျွန်မ သူနဲ့ အဲဒီလောက် အချိန်မသုံးခဲ့သင့်ဘူး၊ စာတွေ အဲဒီလောက် မပို့ခဲ့သင့်ဘူး။”—မယ်လင်းဒါ။

စဉ်းစားကြည့်ပါ– မီလင်ဒါရဲ့သူငယ်ချင်းက အဲဒီလိုပြောလာတဲ့နောက်ပိုင်း သူတို့ရဲ့ဆက်ဆံရေး ဘယ်လိုအခြေအနေရှိမယ်လို့ သင်ထင်သလဲ။

သင့်အတွေးကို ချရေးကြည့်ပါ– မီလင်ဒါနဲ့ သူ့သူငယ်ချင်း၊ သူငယ်ချင်းအဖြစ် ရိုးရိုးသားသားဆက်ခင်မင်နေဖို့ဆိုရင် မီလင်ဒါ ဘယ်လိုပြုမူခဲ့သင့်သလဲ။

ဘာအကြောင်းအရာ ပို့မလဲ

ဖုန်းနဲ့စာပို့တယ်ဆိုတာ ပို့ရတာ အရမ်းလွယ်သလို ဖတ်ရတာလည်း အရမ်းပျော်စရာကောင်းပါတယ်၊ ဒါပေမဲ့ ရေးလိုက်တဲ့စာကို နားလည်မှုလွဲဖို့လည်း အရမ်းလွယ်တယ်။

သင် သိထားသင့်ရာ– ပို့လိုက်တဲ့စကားလုံးတွေကို တစ်ဖက်လူက တလွဲသဘောပေါက်နိုင်တယ်။

“ဖုန်းနဲ့စာပို့တဲ့အခါ ခံစားချက်တွေ၊ အသံနေအသံထားတွေကို မသိနိုင်ဘူး၊ သင်္ကေတတွေ ပြထားရင်တောင် မသိနိုင်ဘူး။ နားလည်မှု လွဲနိုင်တယ်။”—ဘရီရာနာ။

“တချို့ကောင်မလေးတွေက ကောင်လေးတွေကို စာပို့ပြီးနောက်ပိုင်း နာမည်ပျက်သွားတယ်၊ အီစီကလီလုပ်တတ်တယ်လို့ နာမည်ထွက်သွားတယ်။”—လော်ရာ။

သမ္မာကျမ်းစာပြောဆိုရာ– “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။” (သုတ္တံ ၁၅:၂၈) သင်ခန်းစာက မပို့ခင် သင့်စာကို အရင်ဖတ်ကြည့်ပါ။

ဘယ်အချိန်မှာ ပို့မလဲ

ဖုန်းနဲ့စာပို့တဲ့ကိစ္စအတွက် သင်ကိုယ်တိုင် ရိုးရိုးလေးစဉ်းစားကြည့်ပြီး စည်းမျဉ်းတချို့ သတ်မှတ်ထားနိုင်တယ်။

သင် သိထားသင့်ရာ– ဖုန်းနဲ့စာပို့တဲ့လုပ်ရပ်ကို ဂရုမစိုက်ဘူးဆိုရင် ရိုင်းတယ်လို့အထင်ခံရနိုင်တယ်၊ ပေါင်းလို့သင်းလို့ မကောင်းတဲ့ သူတစ်ယောက်အဖြစ် ယူမှတ်ခံရနိုင်တယ်။

“လူမှုရေးမရှိ ဖြစ်သွားတတ်တယ်။ ကျွန်မဆိုရင် တစ်ယောက်ယောက်နဲ့ စကားပြောချိန်၊ ညစာစားနေချိန်တွေမှာ စာပို့နေမိတတ်လို့ မနည်းသတိထားနေရတယ်။”—အယ်လီဆင်။

“ယာဉ်မောင်းနေရင်း စာပို့တာက အန္တရာယ်များလွန်းတယ်။ လမ်းပေါ်ကနေ အာရုံလွဲသွားတဲ့အချိန်မှာ ယာဉ်တိုက်မှုဖြစ်သွားနိုင်တယ်။”—အဲန်း။

သမ္မာကျမ်းစာ ပြောဆိုရာ– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ . . . တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ၏။” (ဒေသနာ ၃:၁၊ ၇) ဒီကျမ်းချက်က စကားပြောခြင်းနဲ့သက်ဆိုင်သလို ဖုန်းနဲ့စာပို့တာနဲ့လည်း သက်ဆိုင်ပါတယ်။

အကြံပြုချက်

ဘယ်သူ့ဆီ ပို့မလဲ

  • ;-) သင့်မိဘတွေရဲ့ လမ်းညွှန်ချက်တွေကို နာခံပါ။—ကောလောသဲ ၃:၂၀။

  • ;-) သင့်ဖုန်းနံပါတ်ကို လူတိုင်းကို မပေးပါနဲ့။ ဖုန်းနံပါတ်အပါအဝင် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မပေးဖို့ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုတတ်ခြင်းက လူကြီးဘဝအတွက် အရမ်းအသုံးဝင်တဲ့အရည်အချင်း ဖြစ်တယ်။

  • ;-) အီစီကလီ စကားလုံးတွေကို ဂရုစိုက်ပါ။ ချစ်ကြိုက်တဲ့ ခံစားချက်တွေပေါ်လာရင် စိတ်ရှုပ် ခေါင်းကိုက်ရပါလိမ့်မယ်။

“ဆဲလ်ဖုန်းနဲ့ပတ်သက်လာရင် မိဘတွေရှေ့မှာ ကျွန်မနာမည်ကောင်းရှိတယ်။ မသင့်တော်တဲ့သူတွေနဲ့ ဆက်သွယ်မှာမဟုတ်ဘူးဆိုတာ သူတို့ယုံကြည်စိတ်ချကြတယ်။”—ဘရီရာနာ။

ဘာအကြောင်းအရာ ပို့မလဲ

  • ;-) စာ စမရေးခင် သင့်ကိုယ်သင် ဒီလိုမေးကြည့်ပါ- ‘ဒီကိစ္စမျိုးကို စာရေးတာ သင့်တော်ပါ့မလား။’ တချို့ကိစ္စတွေကို ဖုန်းနဲ့ပြောတာ ဒါမှမဟုတ် လူချင်းတွေ့တဲ့အချိန်အထိ စောင့်ပြီးပြောတာက ပိုကောင်းပါတယ်။

  • ;-) လူချင်းတွေ့တဲ့အခါ ပြောမှာမဟုတ်တဲ့စကားတွေကို စာနဲ့လည်း မရေးပါနဲ့။ “နှုတ်နဲ့ပြောမထွက်တဲ့ စကားတွေကို စာနဲ့လည်း မပို့သင့်ဘူး” လို့ စာရာ (အသက် ၂၃ နှစ်) က ပြောတယ်။

“တစ်ယောက်ယောက်က မသင့်တော်တဲ့ပုံတွေပို့လာခဲ့ရင် မိဘတွေကို ပြောပြပါ။ သင့်အတွက် အကာအကွယ်ဖြစ်သလို မိဘတွေရဲ့ ယုံကြည်စိတ်ချမှုကိုလည်း ရယူရာကျတယ်။”—ဆေဗန်။

ဘယ်အချိန်မှာ ပို့မလဲ

  • ;-) ဘယ်အချိန်မှာ ဖုန်းအသုံးမပြုဘူးဆိုတာ ကြိုတင်ဆုံးဖြတ်ထားပါ။ “ထမင်းစားတဲ့အချိန်၊ ကျောင်းစာကြည့်ချိန်၊ ကျမ်းစာလေ့လာတဲ့အချိန်တွေမှာ ဆဲလ်ဖုန်းကို ကျွန်မနဲ့အတူမထားဘူး။ စည်းဝေးတက်တဲ့အချိန်ဆိုရင် ဖုန်းသုံးမိမှာစိုးလို့ ပိတ်ထားလိုက်တယ်” လို့ အိုလစ်ဗစ်ယား ပြောတယ်။

  • ;-) ကိုယ်ချင်းစာပါ။ (ဖိလိပ္ပိ ၂:၄) တစ်ယောက်ယောက်နဲ့ စကားပြောနေချိန်မှာ စာမပို့ပါနဲ့။

“အရေးကြီးတဲ့ကိစ္စကလွဲရင် သူငယ်ချင်းတွေနဲ့အတူရှိနေချိန်မှာ စာမပို့ဖို့၊ တကယ်မရင်းနှီးတဲ့လူကို ကိုယ့်ဖုန်းနံပါတ်မပေးဖို့ စသဖြင့် ကိုယ့်ကိုယ်ကိုယ်စည်းကမ်းထုတ်ထားတယ်။”​—ယန်နယ်လီ။

ဉာဏ်စမ်း

ဇာတ်လမ်း ၁

တစ်ယောက်သောသူနဲ့ သင်တွဲလာတာ ခြောက်လလောက်ရှိပြီဆိုပါစို့။ အဲဒီသူက သင်နဲ့မသင့်တော်မှန်း သိလာတယ်။ ဘယ်လို စာမျိုးသင်ပို့သင့်သလဲ။

  1. က။ “လမ်းခွဲကြစို့။”

  2. ခ။ “စကားပြောစရာရှိတယ်။ ဘယ်အချိန်မှာ ဆုံနိုင်မလဲ။”

အဖြေမှန်– ခ။ မသင့်တော်တဲ့အခြေအနေကလွဲရင် လမ်းခွဲဖို့ကိစ္စက အရေးကြီးတဲ့အတွက် မျက်နှာချင်းဆိုင် ဆွေးနွေးသင့်တယ်။​—လုကာ ၆:၃၁။

ဇာတ်လမ်း ၂

ကျောင်းနေဖက်တစ်ယောက်ယောက်ရဲ့ မသင့်တော်တဲ့ပုံ သင့်ဆီဝင်လာတယ်။ သင်ဘာလုပ်သင့်သလဲ။

  1. က။ ပုံကို ချက်ချင်း ဖျက်ပစ်လိုက်မယ်။

  2. ခ။ အဲဒီပုံကို သင့်သူငယ်ချင်းအားလုံးဆီပို့လိုက်မယ်။

အဖြေမှန်– က။ ညစ်ညမ်းတဲ့စာတွေ၊ ပုံတွေကိုပို့ခြင်းက ပါဝင်ပတ်သက်သူအားလုံးကို သိက္ခာကျစေတယ်။ ဒါကြောင့် လုံးဝမပါဝင် မပတ်သက်ပါနဲ့။​—ဧဖက် ၅:၃၊ ၄။

ဇာတ်လမ်း ၃

မိသားစုနဲ့အတူ ထမင်းစားနေချိန်မှာ သင်ရင်းနှီးတဲ့ အသံတစ်သံကြားလိုက်တယ်။ သင့်ဖုန်းထဲမှာ စာတစ်စောင်ရောက်နေပြီ။ ဘာလုပ်သင့်သလဲ။

  1. က။ မိသားစုက နားလည်ပေးမှာပါလို့ ယူမှတ်ပြီး စာကိုချက်ချင်းဖွင့်ကြည့်လိုက်မယ်။

  2. ခ။ ထမင်းစာပြီးသွားမှ ဖွင့်ဖတ်ကြည့်မယ်။

အဖြေမှန်– ခ။ စာကို အေးအေးဆေးဆေးမှ ဖတ်လို့ရပါတယ်။ မိသားစုကို ဦးစားပေးပါ။—ဖိလိပ္ပိ ၁:၁၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ