ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၄၀
  • သမ္မာကျမ်းစာကို နားလည်နိုင်ဖို့ ဘာလုပ်ရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာကို နားလည်နိုင်ဖို့ ဘာလုပ်ရမလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • သမ္မာကျမ်းစာကို နားလည်ချင်ပါသလား
    နိုးလော့!—၂၀၁၇
  • ‘ကောင်းကင်နိုင်ငံတော်ရဲ့သော့’ ဆိုတာဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သမ္မာကျမ်းစာကို နားလည်သဘောပေါက်ခြင်း အဘယ်အရာက ကူညီပေးမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သမ္မာကျမ်းစာ အကြောင်း သင်ပိုမို သိလိုပါသလော
    သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၄၀
အမျိုးသမီးတစ်ယောက် ကျမ်းစာဖတ်နေစဉ်

သမ္မာကျမ်းစာကို နားလည်နိုင်ဖို့ ဘာလုပ်ရမလဲ

သမ္မာကျမ်းစာဖြေဆိုရာ

သမ္မာကျမ်းစာကိုယ်နှိုက်က နားလည်ဖို့ ဘာလုပ်ရမယ်ဆိုတာ ရှင်းပြပေးပါတယ်။ သင့်နောက်ခံ ဘယ်လိုပဲရှိပါစေ သမ္မာကျမ်းစာမှာပါတဲ့ ဘုရားသခင်ရဲ့ သတင်းစကားက “သင့်အတွက် နားမလည်နိုင်အောင် ခဲယဉ်းသည်မဟုတ်။ သင်တို့လက်လှမ်းမမီနိုင်အောင် ဝေးသည်မဟုတ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြပေးထားပါတယ်။–တရားဟောရာ ၃၀:၁၁၊ ခမ။

သမ္မာကျမ်းစာကို နားလည်နိုင်မယ့် နည်းလမ်းများ

  1. ၁။ စိတ်ရင်းမှန်ရှိပါ။ သမ္မာကျမ်းစာကို ဘုရားသခင်ရဲ့ တရားစကားတော်အဖြစ် လက်ခံပါ။ ဘုရားသခင်က မာနကြီးတာကို မကြိုက်တဲ့အတွက် နှိမ့်ချမှုရှိပါ။ (၁ သက်သာလောနိတ် ၂:၁၃; ယာကုပ် ၄:၆) အချက်အလက်မစုံဘဲ မျက်စိစုံမှိတ် ယုံလိုက်တာမျိုးကို ရှောင်ပါ။ ဘုရားသခင်က “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို သင် အသုံးပြုဖို့ အလိုရှိတယ်။–ရောမ ၁၂:၁၊ ၂။

  2. ၂။ ဉာဏ်ပညာရဖို့ ဆုတောင်းပါ။ “ကိုယ့်ဉာဏ်ကိုအမှီမပြုနှင့်” ဆိုပြီး သုတ္တံ ၃:၅ မှာ ဆိုထားပါတယ်။ ကိုယ့်ဉာဏ်ကို အမှီပြုမယ့်အစား သမ္မာကျမ်းစာကို နားလည်နိုင်တဲ့ ဉာဏ်ပညာရဖို့ ‘ဘုရားသခင်ကို ဆက်၍တောင်းလျှောက်’ နေပါ။–ယာကုပ် ၁:၅။

  3. ၃။ ပုံမှန်လေ့လာပါ။ စိတ်ကူးပေါက်မှ လေ့လာတာမျိုးမဟုတ်ဘဲ ကျမ်းစာကို ပုံမှန်လေ့လာသွားမယ်ဆိုရင် ပိုအကျိုးရှိပါလိမ့်မယ်။–ယောရှု ၁:၈။

  4. ၄။ အကြောင်းအရာလိုက် လေ့လာပါ။ သတ်သတ်မှတ်မှတ် အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာကို နားလည်အောင် လေ့လာမယ်ဆိုရင် အဲဒါက သမ္မာကျမ်းစာသွန်သင်ရာကို လေ့လာနိုင်တဲ့ ထိရောက်တဲ့နည်းလမ်း ဖြစ်ပါလိမ့်မယ်။ “အခြေခံအယူဝါဒ” တွေကို အရင်စလေ့လာပါ။ ပြီးမှ နက်နဲရာတွေကို ထပ်လေ့လာခြင်းအားဖြင့် “ရင့်ကျက်” တဲ့အဖြစ်ကို တက်လှမ်းနိုင်ပါတယ်။ (ဟေဗြဲ ၆:၁၊ ၂) ကျမ်းချက်တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ပြီး လေ့လာနိုင်ပါတယ်။ “နားလည်ရခက်” တဲ့အကြောင်းအရာတွေ ဖြစ်မယ်ဆိုရင်တောင် ကျမ်းချက်တွေ တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်လိုက်တဲ့အခါ ရှင်းလင်းလာတာကို သင် တွေ့ရပါလိမ့်မယ်။–၂ ပေတရု ၃:၁၆။

  5. ၅။ တခြားသူရဲ့အကူအညီကို ယူပါ။ ကျမ်းစာကိုနားလည်တဲ့ တခြားသူတွေရဲ့ အကူအညီကို ယူဖို့ သမ္မာကျမ်းစာမှာ တိုက်တွန်းထားတယ်။ (တမန်တော် ၈:၃၀၊ ၃၁) ယေဟောဝါသက်သေတွေဟာ ကျမ်းစာလေ့လာလိုသူတွေကို အခမဲ့ ကူညီပေးချင်ကြတယ်။ သူတို့ဟာ ကနဦးခရစ်ယာန်တွေလိုပဲ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာကို နားလည်ဖို့ တခြားသူတွေကို ကူညီပေးရာမှာ ကျမ်းချက်တွေ တစ်ခုနဲ့တစ်ခုချိတ်ဆက်တဲ့နည်းကို အသုံးပြုကြပါတယ်။–တမန်တော် ၁၇:၂၊ ၃။

သင့်မှာရှိဖို့မလိုတဲ့အရာ

  1. ၁။ ဉာဏ်ကောင်းခြင်း ဒါမှမဟုတ် အဆင့်မြင့်ပညာရေး။ သမ္မာကျမ်းစာကိုနားလည်ပြီး တခြားသူတွေကို သွန်သင်ပေးတဲ့ တမန်တော် ၁၂ ပါးဟာ ‘ပညာတတ်တွေမဟုတ် သာမန်လူ’ တွေပဲ ဖြစ်ကြပါတယ်။–တမန်တော် ၄:၁၃။

  2. ၂။ ငွေကြေး။ သမ္မာကျမ်းစာကို သင် အခမဲ့ လေ့လာနိုင်ပါတယ်။ ယေရှုက တပည့်တွေကို ဒီလိုပြောခဲ့တယ်- “သင်တို့သည် အခမဲ့ရကြသည်ဖြစ်၍ အခမဲ့ ပေးကမ်းကြလော့။”–မဿဲ ၁၀:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ