ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၅၄
  • လူတွေ ဘာကြောင့် သေရတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူတွေ ဘာကြောင့် သေရတာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • ယေရှု ကယ်တင်သည်—မည်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေရှု ဘာကြောင့် သေရသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မူလအပြစ်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ယေရှုဘာကြောင့် ဆင်းရဲဒုက္ခခံပြီး အသက်ပေးဆက်ခဲ့တာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၅၄

လူတွေ ဘာကြောင့် သေရတာလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

လူတွေသေသွားတဲ့အခါ၊ အထူးသဖြင့် ကိုယ်ချစ်ရတဲ့သူ သေသွားတဲ့အခါ လူတွေ ဘာကြောင့် သေရတာလဲဆိုပြီး သိချင်ကြတယ်။ ကျမ်းစာမှာ ခုလိုပြောထားပါတယ်– “သေခြင်းတရားကို ဖြစ်စေသော အဆိပ်ဆူးကား အပြစ်တရားဖြစ်၏။”​—၁ ကောရိန္သု ၁၅:၅၆။

လူတွေအားလုံး ဘာကြောင့် အပြစ်ရှိပြီး သေကြရတာလဲ

ပထမဆုံးလူသားတွေဖြစ်တဲ့ အာဒံနဲ့ဧဝတို့ဟာ ဘုရားသခင်ကို ဆန့်ကျင်ပြီး အပြစ်လုပ်ခဲ့တဲ့အတွက် သူတို့သေဆုံးခဲ့ရတယ်။ (ကမ္ဘာဦး ၃:၁၇–၁၉) “အသက်ရဲ့ရင်းမြစ်” ဖြစ်တဲ့ ဘုရားသခင်ကို ပုန်ကန်တဲ့အတွက် ရရှိတဲ့အကျိုးဆက်ဟာ သေခြင်းတရားပဲ ဖြစ်တယ်။​—ဆာလံ ၃၆:၉; ကမ္ဘာဦး ၂:၁၇။

အာဒံက သူ့ရဲ့သားစဉ်မြေးဆက်တွေအပေါ် အပြစ်ရဲ့ဆိုးကျိုးကို လက်ဆင့်ကမ်းပေးခဲ့တယ်။ ကျမ်းစာက အခုလိုပြောတယ်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။” (ရောမ ၅:၁၂) လူအားလုံးဟာ အပြစ်လုပ်လို့ သေကြရတာ ဖြစ်တယ်။​—ရောမ ၃:၂၃။

သေခြင်း ဘယ်လို ပပျောက်သွားမလဲ

ဘုရားသခင်က “သေခြင်းကို အစဉ်အမြဲ ပယ်ဖျက်”ပေးမယ်လို့ ကတိပေးထားတယ်။ (ဟေရှာယ ၂၅:၈၊ သမ္မာ) ဒီလိုလုပ်နိုင်ဖို့ သေခြင်းကိုဖြစ်စေတဲ့ အပြစ်တရားကို ဘုရားသခင် ပပျောက်အောင် လုပ်ရမယ်။ ဘုရားသခင်ဟာ “လောက၏အပြစ်ကို ဖယ်ရှား” ပေးတဲ့ ယေရှုခရစ်ကိုသုံးပြီး အပြစ်တရားကို ဖယ်ရှားပေးမှာဖြစ်တယ်။​—ယောဟန် ၁:၂၉; ၁ ယောဟန် ၁:၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ