ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၂၁
  • ငါ ဘယ်လောက်အထိ တာဝန်သိတတ်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါ ဘယ်လောက်အထိ တာဝန်သိတတ်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ကိုယ်သင် အကဲဖြတ်ကြည့်ပါ
  • တာဝန်သိတယ်ဆိုတာ ဘာကိုပြောတာလဲ
  • တာဝန်သိတတ်တဲ့သူ ဖြစ်ချင်တဲ့စိတ် ဘာကြောင့် ရှိသင့်သလဲ
  • ပိုတာဝန်သိတတ်တဲ့သူ ဘယ်လို ဖြစ်နိုင်သလဲ
  • မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ရနိုင်သလဲ
    လူငယ်များအမေး
  • လွတ်လပ်မှုပိုရအောင် ဘာလုပ်ရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • မိဘတွေ ဘာကြောင့် ငါ့ကို ယုံကြည်စိတ်ချမှုမရှိတာလဲ
    နိုးလော့!—၂၀၀၈
  • မိဘတွေ ငါ့ကိုလွတ်လပ်မှု ပိုပေးနိုင်အောင် ဘယ်လိုလုပ်ရမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၂၁

လူငယ်များအမေး

ငါ ဘယ်လောက်အထိ တာဝန်သိတတ်သလဲ

  • သင့်ကိုယ်သင် အကဲဖြတ်ကြည့်ပါ

  • တာဝန်သိတယ်ဆိုတာ ဘာကိုပြောတာလဲ

  • တာဝန်သိတတ်တဲ့သူ ဖြစ်ချင်တဲ့စိတ် ဘာကြောင့်ရှိသင့်သလဲ

  • ပိုတာဝန်သိတတ်တဲ့သူ ဘယ်လိုဖြစ်နိုင်သလဲ

သင့်ကိုယ်သင် အကဲဖြတ်ကြည့်ပါ

  • ငါဟာ အမြဲတမ်း / များသောအားဖြင့် / တစ်ခါတလေမှ . . . တယ်။ ဒါမှမဟုတ် အဲဒီလိုဘယ်တော့မှ မလုပ်ဘူး။

    • ရိုးသား

    • ယုံကြည်စိတ်ချရ

    • အချိန်တိကျ

    • အလုပ်ကြိုးစား

    • စည်းစနစ်ကျ

    • ကူညီ

    • ဖြောင့်မတ်

    • လေးစားမှုရှိ

    • ဂရုစိုက်တတ်

  • အဲဒီအရည်အသွေးတွေထဲက ဘယ်အရည်အသွေးတွေ သင့်မှာ အပြည့်ဝဆုံးလဲ။

    အဲဒီအရည်အသွေးကောင်းတွေ ဆက်ရှိနေအောင် ကြိုးစားပါ။—ဖိလိပ္ပိ ၃:၁၆။

  • သင့်မှာ ရှိလာအောင် သင်အထူးကြိုးစားဖို့လိုတဲ့ အရည်အသွေးက ဘာလဲ။

သင့်ကို အထောက်အကူပြုနိုင်တဲ့ အချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။

တာဝန်သိတယ်ဆိုတာ ဘာကိုပြောတာလဲ

တာဝန်သိတတ်သူတွေဟာ အိမ်မှာ၊ ကျောင်းမှာ၊ ရပ်ကွက်မှာ ကိုယ်ရရှိတဲ့တာဝန်တွေကို ကျေပွန်အောင် လုပ်ဆောင်ကြတယ်။ ကိုယ့်ရဲ့လုပ်ရပ်အတွက် ကိုယ်တာဝန်ယူရမယ်ဆိုတာကို သိကြတယ်။ ဒါကြောင့် အမှားလုပ်မိတဲ့အခါ ဝန်ခံတယ်၊ တောင်းပန်တယ်၊ အမှားကို ပြုပြင်သူတွေ ဖြစ်တယ်။

သမ္မာကျမ်းစာပြောဆိုရာ– “လူအသီးသီးသည် မိမိတို့၏ ဝန်ကို ထမ်းရွက်ကြရမည်။”—ဂလာတိ ၆:၅။

တာဝန်သိတတ်တဲ့သူ ဖြစ်ချင်တဲ့စိတ် ဘာကြောင့် ရှိသင့်သလဲ

တာဝန်သိတတ်သူဟာ ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေကို အကောင်းဘက်ကနေ အသုံးပြုတတ်တဲ့အတွက် လေးစားမှုခံရတယ်၊ လူကြီးတစ်ယောက်လို ဆက်ဆံခံရနိုင်ပြီး လွတ်လပ်မှုတွေ၊ အခွင့်အရေးတွေ ပိုရရှိကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ– “ဆောင်ရွက်စရာအမှုကို ကြိုးစား၍ ပြီးစီးစေတတ်သောသူရှိသလော။ ထိုသူသည်  . . . ရှင်ဘုရင်၏အမှုတော်ကို ဆောင်ရွက်ရ၏။”—သုတ္တံ ၂၂:၂၉။

တာဝန်သိတတ်သူဟာ ရက်ရောတတ်သူဖြစ်ပြီး သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနေတတ်တယ်။

သမ္မာကျမ်းစာပြောဆိုရာ– “ပေးကမ်းခြင်းကို ကျင့်ယူကြလော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်။”—လုကာ ၆:၃၈။

တာဝန်သိတတ်သူဟာ အလုပ်ပြီးသွားပြီ၊ အောင်မြင်သွားပြီဆိုတဲ့ အသိစိတ်ရှိပြီး သင့်လျော်စွာ ဂုဏ်ယူတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု တိုးလာစေတယ်။

သမ္မာကျမ်းစာပြောဆိုရာ– “လူတိုင်း ကိုယ်ပြုသောအမှုကို ဆန်းစစ်ပါစေ။ သို့ပြုလျှင် သူတစ်ပါးနှင့် ကိုယ်ကိုမနှိုင်းယှဉ်ဘဲ ကိုယ့်အမှု၌သာ အားရရွှင်လန်းစရာအကြောင်း ရှိလိမ့်မည်။”—ဂလာတိ ၆:၄။

ပိုတာဝန်သိတတ်တဲ့သူ ဘယ်လို ဖြစ်နိုင်သလဲ

ဒီမေးခွန်းရဲ့အဖြေရဖို့ အောက်ဖော်ပြချက်တွေကို ကြည့်ပါ။ ဘယ်ဖော်ပြချက်က သင်နဲ့ အကိုက်ဆုံးလဲ။

“အဖေနဲ့ အမေက ကျွန်မ ဘယ်မှာ ရှိနေလဲဆိုတာကို တစ်ချိန်လုံး ဖုန်းဆက်ပြီး မေးနေတာပဲ၊ ကလေးတစ်ယောက်လို အဲဒီလိုဆက်ဆံတာ ကျွန်မ စိတ်အပျက်ဆုံးပဲ။”—ကယ်ရီ။

“ဘာပြဿနာမှ မဖြစ်ရင် သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဖို့ ကျွန်တော့်မိဘတွေက ခွင့်ပြုတတ်ပါတယ်။”—ရစ်ချက်။

“ကျွန်မနဲ့ သက်တူရွယ်တူ တခြားကလေးတွေ လုပ်နိုင်တာတွေ တွေ့ရတဲ့အခါ ‘ငါ့မိဘကျတော့ ငါ့ကို လုပ်ခွင့်မပြုပါလား’ လို့ အတွေးပေါ်လာတယ်။”—အန်း။

“မိဘတွေက ကျွန်မကို လုပ်ပိုင်ခွင့်တွေ ပေးထားပါတယ်။ ကျွန်မကို ပေးထားတဲ့ လွတ်လပ်မှုတွေအတွက် မိဘကို ကျေးဇူးတင်တယ်။”—မရီးနာ။

အဓိကအချက်– တချို့လူငယ်တွေဟာ တခြားလူငယ်တွေထက် လွတ်လပ်မှု ပိုရကြတယ်။ ဘာဖြစ်လို့လဲ။

အဖြစ်မှန်– သင်ရရှိထားတဲ့ လွတ်လပ်မှုအတိုင်းအတာဟာ သင့်ကို ဘယ်လောက် ယုံကြည်စိတ်ချနိုင်သလဲဆိုတဲ့ အချက်အပေါ် များစွာမူတည်ပါတယ်။

ဥပမာ၊ အပေါ်မှာ ကိုးကားဖော်ပြခဲ့တဲ့ လူငယ်တွေထဲက လူငယ်နှစ်ယောက်ရဲ့ စကားကို သုံးသပ်ကြည့်ပါ။

ရစ်ချက်– “အရင်တုန်းကတော့ မိဘတွေက ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးဖို့ စိတ်မချကြဘူး။ အခုတော့ စိတ်ချသွားကြပြီ၊ ကျွန်တော့်ကို ပေးတဲ့ လွတ်လပ်မှုကို ကျွန်တော်က တာဝန်သိသိနဲ့ သုံးခဲ့လို့ပါ။ ကျွန်တော် ဘယ်သွားတယ်၊ ဘယ်သူတွေနဲ့ သွားတယ်ဆိုတာ မိဘတွေကို လိမ်မပြောဘူး။ မိဘတွေ မမေးရင်တောင် ကျွန်တော် ဘာအစီအစဉ်တွေ ရှိတယ်ဆိုတာကို ပြောပြထားတယ်။”

မရီးနာ– “ကျွန်မတစ်သက်မှာ အဖေနဲ့အမေကို နှစ်ကြိမ်လိမ်ခဲ့ဖူးတယ်၊ နှစ်ကြိမ်စလုံး ပေါ်တာပဲ။ အဲဒီအချိန်ကတည်းက မိဘတွေကို မလိမ်တော့ဘူး။ ဥပမာ၊ ကျွန်မ ဘာတွေ လုပ်တယ်ဆိုတာ အသေးစိတ် ပြောပြတယ်၊ ကျွန်မ အပြင်သွားရင် ဖုန်းဆက်အကြောင်းကြားတယ်။ အခုဆိုရင် ကျွန်မကို ပိုယုံကြည်လာကြပြီ။”

အိမ်အလုပ်တွေကို အရင်ပြီးအောင် လုပ်မလား၊ အရင်အပန်းဖြေမလား

ရစ်ချက်နဲ့ မရီးနာလို ဆက်ဆံခံချင်သလား။ အောက်ပါအခြေအနေတွေနဲ့ပတ်သက်ပြီး သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ–

သင့်အိမ်မှာ

  • အိမ်မှာ သင်လုပ်ရတဲ့ အလုပ်တာဝန်တွေကို ပြီးအောင်လုပ်သလား။

  • အိမ်ပြန်ရောက်ဖို့ သတ်မှတ်ပေးထားတဲ့ အချိန်မှာ ပြန်ရောက်သလား။

  • သင့်မိဘနဲ့ မောင်နှမတွေကို လေးလေးစားစား ဆက်ဆံသလား။

အဲဒီအချက်တွေထဲက ဘယ်အချက်ကို သင်လုပ်ဆောင်ဖို့ လိုနေသေးသလဲ။

သမ္မာကျမ်းစာပြောဆိုရာ– “မိဘတို့ကို နာခံကြလော့။”—ဧဖက် ၆:၁။

သင့်ကျောင်းပညာရေး

  • တစ်နေ့စာတစ်နေ့ အိမ်စာကို အပြီးလုပ်သလား။

  • ကျောင်းစာအဆင့်တက်ဖို့ ကြိုးစားနေရသလား။

  • စာကျက်တဲ့ အလေ့အကျင့်ကောင်း ရှိသလား။

အဲဒီအချက်တွေထဲက ဘယ်အချက်ကို သင်လုပ်ဆောင်ဖို့ လိုနေသေးသလဲ။

သမ္မာကျမ်းစာပြောဆိုရာ– “ပညာသည် ကွယ်ကာတတ်၏။” (ဒေသနာ ၇:၁၂) ကျောင်းစာကို ကောင်းကောင်း သင်ယူမယ်ဆိုရင် ပညာတိုးလာပါလိမ့်မယ်။

သင်ရထားတဲ့နာမည်

  • သင်ဟာ မိဘနဲ့ တခြားသူတွေအပေါ် ရိုးသားမှု ရှိသလား။

  • ငွေကို ပညာရှိစွာ ကိုင်တွယ်တတ်သလား။

  • ယုံကြည်စိတ်ချရတဲ့သူ ဖြစ်တယ်ဆိုတဲ့ နာမည်ကောင်း သင့်မှာရှိသလား။

အဲဒီအချက်တွေထဲက ဘယ်အချက်ကို သင်လုပ်ဆောင်ဖို့ လိုနေသေးသလဲ။

သမ္မာကျမ်းစာပြောဆိုရာ– “စရိုက်သစ်ကို ဝတ်ဆင်သင့်၏။” (ဧဖက် ၄:၂၄) အကျင့်ကောင်းရှိလာအောင်၊ နာမည်ကောင်းရလာအောင် သင်လုပ်ဆောင်နိုင်ပါတယ်။

အကြံပြုချက်– သင် တိုးတက်ဖို့လိုတဲ့ အရည်အသွေးတစ်ခုကို ရွေးပါ။ အဲဒီအရည်အသွေး တင်ပြနေတဲ့သူတွေနဲ့ စကားပြောကြည့်ပြီး အကြံဉာဏ်ရယူပါ။ အဲဒီအရည်အသွေးကို သင်တင်ပြနိုင်တဲ့ သတ်သတ်မှတ်မှတ် အချက်တွေကို ရေးချပါ၊ တစ်လအတွင်း တိုးတက်မှုရှိမရှိ စမ်းကြည့်ပါ။ သင် အဲဒီအရည်အသွေးကို တင်ပြနိုင်ခဲ့တယ်၊ မတင်ပြနိုင်ခဲ့ဘူး စတာတွေကို မှတ်တမ်းပြုစုထားပါ။ လကုန်တဲ့အခါ သင့်ရဲ့ တိုးတက်မှုကို သတိပြုကြည့်ပါ။

“လူငယ်တစ်ယောက်ကို မိဘတွေ လွတ်လပ်ခွင့် ဘယ်လောက် ပေးသလဲဆိုတာက ပေးထားတဲ့ လွတ်လပ်မှုကို သူ ဘယ်လို သုံးသလဲဆိုတဲ့အပေါ် အများကြီးမူတည်တယ်။ ပေးထားတဲ့ လွတ်လပ်ခွင့်ကို ပညာရှိစွာသုံးပါ၊ ဒါမှ လွတ်လပ်မှု ပိုရလာမှာ ဖြစ်တယ်။”—တေလာ။

“မိဘတွေအနေနဲ့ကလည်း ကလေးကို လွတ်လပ်မှု ဘယ်လောက် ပေးရမလဲဆိုတာကို တဖြည်းဖြည်း ဆန်းစစ်ပြီးမှပဲ ပေးတာ ဖြစ်တယ်။ ဒါကြောင့် သင်လိုချင်သလောက် လွတ်လပ်မှု မရတာနဲ့ စိတ်မပျက်ပါနဲ့။”—အေ့စ်လင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ