ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၈၀
  • မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ရနိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ရနိုင်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်ရာ
  • လုပ်ဆောင်နိုင်ရာ
  • မိဘတွေ ဘာကြောင့် ငါ့ကို ယုံကြည်စိတ်ချမှုမရှိတာလဲ
    နိုးလော့!—၂၀၀၈
  • လွတ်လပ်မှုပိုရအောင် ဘာလုပ်ရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ၁၀ ယုံကြည်စိတ်ချနိုင်ခြင်း
    နိုးလော့!—၂၀၁၈
  • မိဘတွေက ဘာကြောင့် ငါ့ကို နည်းနည်းလေးတောင် ပျော်ခွင့်မပေးတာလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၈၀
မိန်းကလေးတစ်ယောက် သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ဖို့ မိဘတွေဆီက ခွင့်တောင်းနေစဉ်

လူငယ်များအမေး

မိဘတွေရဲ့ ယုံကြည်စိတ်ချမှုကို ဘယ်လို ရနိုင်သလဲ

  • သိထားသင့်ရာ

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူတွေ အဆို

သိထားသင့်ရာ

မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လောက် ရသလဲဆိုတာ ကိုယ် ဘယ်လောက် ယုံကြည်စိတ်ချထိုက်သလဲဆိုတဲ့အပေါ် မူတည်တယ်။ မိဘစကား နားထောင်တာက အကြွေးဆပ်တာနဲ့ တူတယ်။ ‘အကြွေးဝယ်ကတ်’ အလွယ်တကူ ရချင်ရင် ပုံမှန် ‘ငွေပေးချေ’ ဖို့ လိုသလိုပဲ မိဘတွေကို နာခံရင် မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ရလာပြီး လွတ်လပ်မှု ပိုရလာမယ်။ ဒါပေမဲ့ ယုံကြည်စိတ်ချရသူ မဟုတ်ရင်တော့ မိဘတွေ သင့်ကို လွတ်လပ်မှု ပေးမှာ မဟုတ်ဘူး။

ယုံကြည်စိတ်ချမှု ရဖို့ အချိန်လို။ တာဝန်သိတတ်သူ ဖြစ်လာရင် မိဘတွေက လွတ်လပ်မှု ပိုပေးလိမ့်မယ်။

ဖြစ်ရပ်မှန်– “ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ ကျွန်တော့်ကို မိဘတွေ ဘာဖြစ်စေချင်မှန်း ကောင်းကောင်း သိထားတယ်။ ဒါကြောင့် မိဘတွေရှေ့မှာ သူတို့အကြိုက် နေပြီး ကွယ်ရာမှာတော့ ကိုယ်နေချင်သလို နေခဲ့တယ်။ ဒါနဲ့ ကျွန်တော့်ကို မယုံကြတော့ဘူး။ ကျွန်တော် ရလိုက်တဲ့ သင်ခန်းစာကတော့ လွတ်လပ်မှု ပိုရချင်ရင် နည်းတစ်နည်းပဲ ရှိတယ်။ လိမ်လို့တော့ မရဘူး။ ကိုယ့်ကို ယုံကြည်စိတ်ချစေချင်ရင် ယုံကြည်စိတ်ချထိုက်သူ ဖြစ်ရမယ်။”—ခရေ့။

လုပ်ဆောင်နိုင်ရာ

အခက်တွေ့မယ်ဆိုရင်တောင် အမှန်အတိုင်း ပြောပါ။ လူတိုင်း မှားတတ်ကြတယ်။ ဒါပေမဲ့ လိမ်ပြောမယ် (ဒါမှမဟုတ် အမှန်တစ်ဝက်၊ အမှားတစ်ဝက် ပြောမယ်) ဆိုရင် မိဘတွေ မယုံတော့ဘူး။ အမှန်အတိုင်း ပြောမယ်ဆိုရင်တော့ ကိုယ့်အမှားကို ဝန်ခံတတ်တဲ့အထိ ရင့်ကျက်လာပြီလို့ မိဘက မြင်လာနိုင်တယ်။ အဲဒီလိုလူစားမျိုးပဲ ယုံကြည်စိတ်ချမှု ရနိုင်တယ်။

“အမှားလုပ်လို့ ယုံကြည်စိတ်ချမှု ဆုံးရှုံးမသွားနိုင်ဘူး။ အမှားကို ဖုံးကွယ်ထားမှသာ ယုံကြည်စိတ်ချမှု မရနိုင်တော့တာ။”—အန်နာ။

“ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ် ရှိနေ” တယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။—ဟီဘရူး ၁၃:၁၈။

  • စဉ်းစားကြည့်ပါ– ဘယ်သွားမလဲ၊ ဘာလုပ်မလဲလို့ မိဘတွေ မေးတဲ့အခါ အမှန်အတိုင်း ပြောပြသလား။ ဘယ်သွားခဲ့သလဲ၊ ဘာလုပ်ခဲ့သလဲလို့ မေးတဲ့အခါမှာရော မသိစေချင်တဲ့ အချက်တွေ ချန်ပြီး ပြောသလား။

တာဝန်ယူတတ်သူ ဖြစ်ပါ။ အိမ်စည်းကမ်း အားလုံးကို လိုက်နာပါ။ အိမ်မှုကိစ္စတွေကို ခိုင်းစရာမလိုဘဲ လုပ်ပါ။ ချိန်းထားရင် အချိန်တိကျပါ။ ကျောင်းစာကိုလည်း တာဝန်သိသိ လုပ်ပါ။ အိမ်ပြန်ချိန် နောက်မကျပါနဲ့။

“မိဘက သူငယ်ချင်းတွေနဲ့ လျှောက်လည်ခွင့် ပြုတယ်။ ည ၉ နာရီ အရောက်ပြန်လာဖို့ ပြောတယ်။ ဒါပေမဲ့ ည ၁၀ နာရီခွဲမှ ပြန်ရောက်ရင် နောက်တစ်ကြိမ် ခွင့်ပြုတော့မှာ မဟုတ်ဘူး။”—ရိုင်ယန်။

“လူတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းရ” မယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။—ဂလာတိ ၆:၅။

  • စဉ်းစားကြည့်ပါ– အချိန်တိကျခြင်း၊ အိမ်အလုပ် ပြီးစီးခြင်း၊ ကိုယ်မကြိုက်တဲ့ အိမ်စည်းကမ်းတွေ လိုက်နာခြင်းတို့မှာ ဘယ်လို နာမည်ရထားသလဲ။

စိတ်ရှည်ပါ။ မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ပျက်အောင် လုပ်မိရင် ယုံကြည်စိတ်ချမှု ပြန်ရဖို့ အချိန်လိုတယ်။ ဒါကြောင့် စောင့်ဆိုင်းပါ။

“အရွယ်ရောက်လာတာတောင် မိဘတွေက ကျွန်မကို တာဝန် ပိုမပေးလို့ စိတ်ပျက်မိတယ်။ အသက်ကြီးလာရုံနဲ့ ရင့်ကျက်သွားတာ မဟုတ်မှန်း ကျွန်မ သဘောမပေါက်ခဲ့ဘူး။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း သက်သေပြခွင့်ပြုဖို့ မိဘတွေဆီ တောင်းဆိုခဲ့တယ်။ အချိန်တော့ ပေးရတာပေါ့။ ဒါပေမဲ့ အကျိုးရှိခဲ့တယ်။ အရွယ်ရောက်လာတာနဲ့ ယုံကြည်စိတ်ချမှု အလိုလို ရမလာဘူး။ လုပ်ရပ်နဲ့ပဲ ရနိုင်တယ်။”—ရေချယ်။

“ဘယ်လိုလူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲစစ်ဆေးပါ” လို့ ကျမ်းစာမှာ ဆိုထားတယ်။—၂ ကောရိန္သု ၁၃:၅။

  • စဉ်းစားကြည့်ပါ– မိဘရဲ့ ယုံကြည်စိတ်ချမှု ရဖို့ (ပြန်ရဖို့) ‘ယုံကြည်စိတ်ချရသူ ဖြစ်ကြောင်း’ သက်သေပြနိုင်တဲ့အရာ ရှိသလား။

အကြံပြုချက်– အချိန်တိကျဖို့၊ အိမ်အလုပ် ပြီးစီးဖို့၊ အိမ်ပြန်နောက်မကျဖို့၊ တခြားအရာတွေအတွက် ပန်းတိုင် ချမှတ်ပါ။ သင့်ဆုံးဖြတ်ချက်အကြောင်း မိဘတွေကို အသိပေးပါ။ မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ပြန်ရအောင် ဘာလုပ်ရမလဲလို့ မေးပါ။ ပြီးနောက် “ယိုယွင်းနေတဲ့ စရိုက်ဟောင်း၊ ဘဝလမ်းစဉ်ဟောင်းကို ချွတ်ပယ်” ပါဆိုတဲ့ ကျမ်းစကားကို ကြိုးစားလိုက်နာပါ။ (ဧဖက် ၄:၂၂) အချိန်တန်ရင် သင့်တိုးတက်မှုကို မိဘတွေ တွေ့မြင်လာပါလိမ့်မယ်။

ရွယ်တူတွေ အဆို

ဖီဘီ

“မိဘတွေရဲ့ ယုံကြည်စိတ်ချမှုကို အခွင့်ကောင်း မယူပါနဲ့။ ဘာတွေ ကြုံတွေ့နေရသလဲဆိုတာ မိဘတွေကို အသိပေးပါ။ မိဘတွေဆီက အကြံဉာဏ် တောင်းပါ။ ဆုံးဖြတ်ချက်ကောင်းတွေ ချနေတာကို မိဘတွေ မြင်တဲ့အခါ ပိုယုံကြည်စိတ်ချလာပါလိမ့်မယ်။”—ဖီဘီ။

ကိုင်လ်

“ယုံကြည်စိတ်ချမှု ရနိုင်တယ်။ မိဘတွေ မယုံကြည်တာ အကြောင်းရှိလို့ပဲ။ မိဘတွေရဲ့ ယုံကြည်စိတ်ချမှုကို မျှော်လင့်တိုင်း ရတာ မဟုတ်ဘူး။ ဆုံးဖြတ်ချက်ကောင်းတွေ ချမယ်ဆိုတာ ယုံကြည်လို့ပဲ။”—ကိုင်လ်။

ကော့တလန်

“မိဘကို အမြဲ အမှန်အတိုင်း ပြောပါ။ မခြွင်းမချန် ပြောပါ။ မိဘတွေက အသေးစိတ် မေးရတာမျိုး မဖြစ်ပါစေနဲ့။ အခြေအနေအားလုံးကို ပြောပြပါ။ ဖြစ်ကြောင်းကုန်စင် ပြောပြရင် ပိုယုံကြည်စိတ်ချလာပါလိမ့်မယ်။”—ကော့တလန်။

ရေချယ်

“အစပြု လုပ်ဆောင်ပါ။ အိမ်အလုပ်ကို ခိုင်းမှ လုပ်တာမျိုး မဖြစ်ပါစေနဲ့။ လုပ်ခိုင်းထားတာထက် ပိုလုပ်လိုက်ပါ။ သတ်မှတ်ထားချိန် မတိုင်မီ အိမ်ပြန်ရောက်အောင် ကြိုးစားပါ။ ယုံကြည်စိတ်ချမှု ရနိုင်တဲ့ အကောင်းဆုံးနည်းက ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း ပြခြင်းပါပဲ။”—ရေချယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ