ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၄၉
  • ဘယ်တေးဂီတကိုပဲ ရွေးချယ်ပါစေ အကြောင်းလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘယ်တေးဂီတကိုပဲ ရွေးချယ်ပါစေ အကြောင်းလား
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကျိုးကျေးဇူးများ
  • အန္တရာယ်စက်ကွင်းများ
  • ပညာရှိစွာ ရွေးချယ်မလား
    နိုးလော့!—၂၀၁၁
  • ကောင်းကျိုးမပေးသောတေးဂီတကို ဂရုစိုက်ရှောင်လေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဘုရားသခင်ကို နှစ်သက်စေသော တေးဂီတ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
လူငယ်များအမေး
ijwyp ဆောင်းပါး ၄၉
မိန်းမငယ်လေး ဖုန်းနဲ့ သီချင်းနားထောင်နေ

လူငယ်များအမေး

ဘယ်တေးဂီတကိုပဲ ရွေးချယ်ပါစေ အကြောင်းလား

“နေ့ရက်တစ်ရက်ကို စပြီဆိုတာနဲ့ ကျွန်မ သီချင်းဖွင့်တယ်။ ကားပေါ်မှာလည်း သီချင်းဖွင့်တယ်။ အနားယူနေတဲ့အချိန်၊ အိမ်သန့်ရှင်းရေးလုပ်နေတဲ့အချိန်၊ စာဖတ်နေတဲ့ အချိန်မှာတောင် သီချင်းဖွင့်ထားတယ်။ တစ်ချိန်လုံး သီချင်းနားထောင်ဖြစ်တယ်။”—ကာလ်ရာ။

သင်ကော ကာလ်ရာလိုပဲ တေးဂီတဘက်မှာ ရူးသွပ်သူတစ်ယောက်လား။ ဟုတ်တယ်ဆိုရင် ဒီဆောင်းပါးက သင့်ကို တေးဂီတကနေ အကျိုးခံစားရဖို့၊ တေးဂီတရဲ့ အန္တရာယ်စက်ကွင်းတွေ ရှောင်နိုင်ဖို့၊ တေးဂီတကို ပညာရှိရှိရွေးချယ်ဖို့ ကူညီပေးပါလိမ့်မယ်။

  • အကျိုးကျေးဇူးများ

  • အန္တရာယ်စက်ကွင်းများ

  • ရွယ်တူချင်းတွေပြောဆိုရာ

အကျိုးကျေးဇူးများ

သီချင်းနားထောင်တာကို အစာစားတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်တယ်။ သင့်တော်တဲ့အမျိုးအစား၊ သင့်တော်တဲ့ပမာဏ ဖြစ်မှသာ သင့်ကို အကျိုးပြုမှာဖြစ်တယ်။ သုံးသပ်ကြည့်ပါ–

  • တေးဂီတက စိတ်တက်ကြွ လန်းဆန်းစေနိုင်တယ်။

    “စိတ်ညစ်နေတဲ့အချိန်တွေမှာ ကျွန်တော်ကြိုက်တဲ့ သီချင်းကို နားထောင်လိုက်တာနဲ့ ချက်ချင်းလိုလို စိတ်သက်သာလာတယ်။”—မာ့ခ်။

  • တေးဂီတက အတိတ်ကို ပြန်ပြောင်းသတိရစေတယ်။

    “သီချင်းတစ်ပုဒ်တလေက အမှတ်ရစရာအချိန်လေးတွေကို သတိရစေတတ်တယ်။ အဲဒီသီချင်းကိုကြားတိုင်း စိတ်ကြည်နူးတယ်။”—ရှီလာ။

  • တေးဂီတက အစွမ်းထက်တဲ့ စည်းလုံးမှုနှောင်ကြိုးကိုလည်း ဖြစ်စေနိုင်တယ်။

    “ယေဟောဝါသက်သေတွေရဲ့ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး နောက်ဆုံးသီချင်းကို အားလုံးသံပြိုင်ဆိုတော့ မျက်ရည်မထိန်းနိုင်တော့ဘူး။ ဘာသာစကားမတူပေမဲ့လည်း သီချင်းကိုတော့ အားလုံးတစ်သံတည်း သီဆိုနိုင်ကြလို့လေ။”—တယ်မီ။

  • တေးဂီတက အရည်အသွေးကောင်းတွေ ရှိလာအောင် ကူညီပေးနိုင်တယ်။

    “တူရိယာတစ်ခုကို တီးတတ်အောင် သင်ယူတာက လေ့ကျင့်တတ်တဲ့အကျင့်ရှိဖို့၊ စိတ်ရှည်ဖို့ အထောက်အကူပေးတယ်။ မြန်မြန်ဆန်ဆန် တတ်မြောက်သွားတဲ့အရာ မဟုတ်ဘဲ လေ့ကျင့်ပေးနေမှ တတ်မြောက်လာတာမို့လို့လေ။”—အယ်နာ။

သင်သိပါသလား။ သမ္မာကျမ်းစာထဲမှာ အရှည်ဆုံးကျမ်းဖြစ်တဲ့ ဆာလံကျမ်းမှာ သီချင်း အပုဒ် ၁၅၀ ပါဝင်တယ်။

ပုပ်နေတဲ့ပန်းသီးတွေကို လူငယ်လေးကြည့်နေ

အစားအစာလိုပဲ တေးသီချင်းကိုလည်း သေချာရွေးချယ်ဖို့လို

အန္တရာယ်စက်ကွင်းများ

တချို့သီချင်းတွေဟာ သိုးနေတဲ့အစာနဲ့တူပြီး အဆိပ်သင့်နိုင်တယ်။ အကြောင်းရင်းကို သုံးသပ်ကြည့်ပါ။

  • သီချင်းတချို့မှာ လိင်အကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြတဲ့ စာသားတွေပါတယ်။

    “နာမည်ကြီးတဲ့ သီချင်းအားလုံးနီးပါးက လိင်အကြောင်းတွေချည်းပဲ။ အဲဒီအကြောင်း ပြောင်ပြောင်တင်းတင်းကြီးကို စပ်ဆိုထားကြတာ။”—ဟန်နာ။

    ကျမ်းစာအဆို– “မတရားမေထုန်ပြုခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်းအမှုတို့ကို အချင်းချင်း ပြောဆိုခြင်းပင် မပြုကြနှင့်။” (ဧဖက် ၅:၃) ‘ငါနားထောင်တဲ့ တေးသီချင်းတွေက အဲဒီကျမ်းစကားနဲ့ ဆန့်ကျင်နေသလား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။

  • တချို့တေးသီချင်းတွေက ပိုပြီး ဝမ်းနည်းသွားစေနိုင်တယ်။

    “ညဘက် အိပ်ရာထဲလှဲပြီး သီချင်းနားထောင်တဲ့အခါ စိတ်အားငယ်စေတဲ့ အတွေးတွေဝင်လာပြီး အဲဒီအတွေးကနေ ရုန်းမထွက်နိုင်တော့ဘူး။ အလွမ်းအဆွေးသီချင်းတွေက ပိုစိတ်ဆင်းရဲစေတဲ့ အတွေးတွေပဲ ဝင်လာစေတယ်။”—တယ်မီ။

    ကျမ်းစာအဆို– “သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။” (သုတ္တံ ၄:၂၃) ‘ငါနားထောင်တဲ့ တေးသီချင်းက အပျက်သဘောထားတွေကိုပဲ တွေးစေသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။

  • တချို့တေးသီချင်းတွေက ဒေါသထွက်အောင် လှုံ့ဆော်ပေးနိုင်တယ်။

    “ဒေါသပေါက်ကွဲ၊ ကိုယ့်ကိုယ်ကိုယ် မကျေနပ်၊ မုန်းတီးမှုအကြောင်းတွေပါတဲ့ သီချင်းနားထောင်တဲ့အခါ ကျွန်တော်လည်း ရောယောင် ဒေါသထွက်နေတယ်။ အဲဒီလိုသီချင်းမျိုး နားထောင်ပြီးနောက်မှာ ကျွန်တော့်စိတ် အရင်နဲ့မတူတော့တာကို သတိထားမိတယ်။ မိသားစုကလည်း သတိထားမိတယ်။”—ဂျွန်။

    ကျမ်းစာအဆို– “အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မိုက်မဲခြင်း၊ ဆဲဆိုခြင်း၊ သင်တို့၏နှုတ်မှ ညစ်ညမ်းသောစကားပြောဆိုခြင်း ရှိသမျှတို့ကို ဖယ်ရှားကြလော့။” (ကောလောသဲ ၃:၈) ‘ငါနားထောင်တဲ့ တေးသီချင်းက တခြားသူတွေကို ရန်လိုမုန်းတီးစိတ်၊ သူတို့ရဲ့ ခံစားချက်ကို လျစ်လျူရှုတဲ့စိတ် ဝင်စေသလား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။

အဓိကအချက်ကဘာလဲ။ တေးသီချင်းတွေကို ဂရုတစိုက်ရွေးချယ်ဖို့ လိုပါတယ်။ ဆယ်ကျော်သက်တစ်ဦးဖြစ်တဲ့ ဂျူလီဟာ အဲဒီလိုလုပ်ဖို့ ကြိုးစားတယ်။ “ကျွန်မရဲ့သီချင်းတွေကို စစ်ဆေးကြည့်ပြီး မသင့်တော်ဘူးလို့ထင်တဲ့ သီချင်းအားလုံးကို ဖျက်ပစ်လိုက်တယ်။ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပေမဲ့ ဒါ ကျွန်မ လုပ်သင့်တဲ့အလုပ်ပါ” လို့ သူပြောပြတယ်။

မိန်းမငယ် တယ်ရာလည်း အလားတူ လုပ်ဆောင်ခဲ့တယ်။ “ရေဒီယိုကနေ တီးလုံးခပ်မြူးမြူး သီချင်းတွေ လွှင့်တဲ့အခါ စာသားတွေကို နားထောင်ကြည့်လိုက်တော့ လိုင်းပြောင်းဖို့လိုပြီဆိုတာ သိလိုက်တယ်။ အဲဒီလိုလုပ်ရတာက တကယ့်ကို အရသာရှိတဲ့ မုန့်ကို တစ်ကိုက်ပဲ ကိုက်ရသေးတယ်၊ လွှင့်ပစ်လိုက်ရတာနဲ့ တူတယ်။ လိင်အကြောင်း စပ်ဆိုထားတဲ့သီချင်းကို ငြင်းနိုင်တဲ့ခွန်အား ကျွန်မမှာ ရှိတယ်ဆိုရင် အိမ်ထောင်မပြုခင် လိင်ကိစ္စပြုဖို့ သွေးဆောင်ခံရတဲ့အခါမှာလည်း ငြင်းနိုင်တဲ့ခွန်အား ပိုပြီးရှိမှာ။ ကျွန်မနားထောင်တဲ့ တေးသီချင်းတွေက ကျွန်မကိုထိခိုက်စေနိုင်တဲ့အတွက် ပေါ့ပေါ့တန်တန် သဘောမထားချင်ဘူး။”

ရွယ်တူချင်းတွေပြောဆိုရာ

အဘိဂဲ

“တေးသီချင်းတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို အကြီးအကျယ် ပြောင်းလဲနိုင်စွမ်းရှိတယ်။ သေချာမရွေးချယ်ဘူးဆိုရင် ကိုယ့်အပေါ် ဆိုးကျိုးဖြစ်စေနိုင်တယ်။”—အဘိဂဲ။

ရောဘတ်

“သီချင်းတစ်ပုဒ်ကို နှစ်ခါသုံးခါလောက်ပဲ ကြားတယ်ဆိုရင်တောင် စိတ်ထဲမှာစွဲသွားနိုင်တယ်။ ဒါကြောင့် မဟုတ်မဟတ်သီချင်းမှန်း သိလိုက်တာနဲ့ ချက်ချင်း ပိတ်လိုက်တာကောင်းတယ်။ မဟုတ်ရင် စိတ်ထဲထိ ဝင်သွားနိုင်တယ်။”—ရောဘတ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ