ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၀၂
  • လောင်းကစားလုပ်တာ အပြစ်လား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လောင်းကစားလုပ်တာ အပြစ်လား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • သမ္မာကျမ်းစာက လောင်းကစားခြင်းကိုရှုတ်ချထားသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • လောင်းကစားခြင်း
    နိုးလော့!—၂၀၁၅
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၀၂
တီဗီမှာ ပေါက်ဂဏန်းကြေညာနေချိန် လောင်းကစားသမားတစ်ဦး ထီလက်မှတ်တိုက်နေ

လောင်းကစားလုပ်တာ အပြစ်လား

ကျမ်းစာအဖြေ

လောင်းကစားလုပ်ခြင်းအကြောင်း ကျမ်းစာမှာ အသေးစိတ်မဖော်ပြထားပေမဲ့ အဲဒါကို အပြစ်တစ်ခုအဖြစ် ဘုရားသခင်ရှုမြင်ကြောင်း ကျမ်းစာမူတွေအရ သိနိုင်ပါတယ်။​—ဧဖက် ၅:၁၇။a

  • ဘုရားသခင်ရွံမုန်းတဲ့ လောဘစိတ်ကြောင့် လောင်းကစားလုပ်ကြတာဖြစ်တယ်။ (၁ ကောရိန္သု ၆:၉၊ ၁၀; ဧဖက် ၅:၃၊ ၅) လောင်းကစားသမားတွေဟာ ရှုံးသူတွေဆီကနေ ပိုက်ဆံရချင်ကြတယ်။ ဒါပေမဲ့ တခြားသူရဲ့ပစ္စည်းတပ်မက်တာကို ကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားတယ်။​—ထွက်မြောက်ရာ ၂၀:၁၇; ရောမ ၇:၇; ၁၃:​၉၊ ၁၀။

  • မဆိုစလောက်ပိုက်ဆံနဲ့ပဲ လောင်းကစားလုပ်ရင်တောင်မှ အဲဒီကနေ လူကိုပျက်စီးစေတဲ့ ငွေတပ်မက်စိတ် ပေါ်လာနိုင်တယ်။​—၁ တိမောသေ ၆:​၉၊ ၁၀။

  • လောင်းကစားသမားတွေဟာ အယူသီးကြတယ်၊ ကံကြမ္မာကို အားကိုးတတ်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်က အဲဒီအယူအဆတွေကို စစ်မှန်တဲ့ဝတ်ပြုရေးနဲ့ ဆန့်ကျင်တဲ့ ရုပ်တုကိုးကွယ်မှုပုံစံတစ်မျိုးအဖြစ် ရှုမြင်တယ်။​—ဟေရှာယ ၆၅:၁၁။

  • အချောင်ရလိုစိတ်ကို အားမပေးဘဲ အလုပ်ကြိုးစားလုပ်ဖို့ ကျမ်းစာမှာ အားပေးထားတယ်။ (ဒေသနာ ၂:၂၄; ဧဖက် ၄:၂၈) ဒါကြောင့် ကျမ်းစာအကြံပြုချက်အတိုင်း လိုက်နာသူတွေဟာ “ကိုယ့်ဝမ်းစာကိုယ်ရှာစားကြ” တယ်။​—၂ သက်သာလောနိတ် ၃:​၁၀၊ ၁၂။

  • လောင်းကစားလုပ်တာက အကျိုးမပြုတဲ့ အပြိုင်အဆိုင်စိတ်ဓာတ်ကို ဖြစ်ပေါ်စေပြီး အဲဒီစိတ်ဓာတ်ကို ကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားတယ်။​—ဂလာတိ ၅:​၂၆။

a ကျမ်းစာမှာ လောင်းကစားလုပ်ခြင်းအကြောင်း သတ်သတ်မှတ်မှတ်ဖော်ပြထားတာဆိုလို့ ယေရှုရဲ့ဝတ်ရုံကို ရောမစစ်သားတွေ မဲချယူ ဒါမှမဟုတ် “လောင်းကစားလုပ်” ပြီးယူတဲ့အကြောင်း တစ်ခုတည်းပဲရှိတယ်။​—မဿဲ ၂၇:၃၅; ယောဟန် ၁၉:၂၃၊ ၂၄; Contemporary English Version; Good News Translation.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ