ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၀၅
  • ကယ်တင်ခြင်းဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကယ်တင်ခြင်းဆိုတာ ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • သင်၏ ‘ကယ်တင်ခြင်းမျှော်လင့်ချက်’ ကို တောက်ပနေစေလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ကယ်တင်ခြင်းခံရရန် ကျွန်ုပ်တို့ဘာပြုလုပ်ရ မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ကယ်တင်ခြင်း—ယင်း၏အမှန်တကယ်ဆိုလိုရင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ‘တစ်ခါကယ်တင်ခံရတာနဲ့ အမြဲကယ်တင်ခံရပြီ’ လို့ ကျမ်းစာသွန်သင်သလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၀၅
ရေနစ်နေသူက လက်ကမ်းပေးနေ

ကယ်တင်ခြင်းဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

ကျမ်းရေးသူတွေ သုံးလေ့ရှိတဲ့ “ကယ်တင်ခြင်း၊” “ကယ်တင်” ဆိုတဲ့စကားလုံးတွေက အန္တရာယ် ဒါမှမဟုတ် ပျက်စီးခြင်းကနေ လွတ်မြောက်စေတာကို ရည်ညွှန်းတယ်။ (ထွက်မြောက်ရာ ၁၄:၁၃၊ ၁၄; တမန်တော် ၂၇:၂၀) အပြစ်ကနေ ကယ်တင်ခံရခြင်းကိုလည်း ရည်ညွှန်းလေ့ရှိတယ်။ (မဿဲ ၁:၂၁) အပြစ်ကြောင့် သေခြင်းတရား ဖြစ်လာတာမို့ အပြစ်ကနေ ကယ်တင်ခံရသူတွေဟာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတယ်။—ယောဟန် ၃:၁၆၊ ၁၇။a

ကယ်တင်ခြင်းရစေမယ့် နည်းလမ်းက ဘာလဲ

ကယ်တင်ခြင်းရဖို့ ယေရှုကို ယုံကြည်ရမယ်၊ ယေရှုစကားကို နာခံခြင်းအားဖြင့် ယုံကြည်ခြင်းရှိကြောင်း တင်ပြရမယ်။—တမန်တော် ၄:၁၀၊ ၁၂; ရောမ ၁၀:၉၊ ၁၀; ဟေဗြဲ ၅:၉။

ရှင်သန်တဲ့ယုံကြည်ခြင်းရှိကြောင်း နာခံမှုရှိတဲ့လုပ်ရပ်တွေနဲ့ သက်သေပြရမယ်လို့ ကျမ်းစာဆိုတယ်။ (ယာကုပ် ၂:၂၄၊ ၂၆) ဒါပေမဲ့ ကယ်တင်ခြင်းဟာ ကိုယ်ကြိုးစားလို့ရတဲ့အရာ မဟုတ်ဘူး။ “မဟာကရုဏာတော်ကြောင့်” “ဘုရားသခင်ပေးတဲ့ ဆုကျေးဇူး” ဖြစ်တယ်။—ဧဖက် ၂:၈၊ ၉၊ ကဘ။

ကယ်တင်ခြင်းကို လက်လွတ်ဆုံးရှုံးသွားနိုင်သလား

ဆုံးရှုံးသွားနိုင်ပါတယ်။ ရေနစ်နေတဲ့လူဟာ ကယ်တင်ခံရပြီးမှ ရေထဲပြန်ကျသွားသလို၊ ရေထဲပြန်ခုန်ချသလိုပေါ့။ အပြစ်ကနေ ကယ်တင်ခံရပြီးမှ ယုံကြည်ခြင်းရှိကြောင်း အလုပ်နဲ့ဆက်မတင်ပြဘူးဆိုရင် အဲဒီလူဟာ ကယ်တင်ခြင်းကို လက်လွတ်ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် ‘ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ဖို့’ ကယ်တင်ခြင်းရထားတဲ့ ခရစ်ယာန်တွေကို ကျမ်းစာအားပေးထားတယ်။ (ယုဒ ၃) ‘ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် သင်တို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက် ကြိုးစားဆောင်ရွက်နေကြပါ’ လို့လည်း ကယ်တင်ခြင်းရထားသူတွေကို သတိပေးတယ်။—ဖိလိပ္ပိ ၂:၁၂။

ကယ်တင်ရှင်က ဘုရားသခင်လား၊ ယေရှုလား

ကယ်တင်ခြင်းရဖို့ အဓိကစီစဉ်ပေးသူက ဘုရားသခင်ဖြစ်တာမို့ ကျမ်းစာမှာ ဘုရားကို “ကယ်တင်ရှင်” လို့ခေါ်ဆိုထားတယ်။ (၁ ဓမ္မရာဇဝင် ၁၀:၁၉; ဟေရှာယ ၄၃:၁၁; တိတု ၂:၁၀; ယုဒ ၂၅) ဒါ့အပြင် ဘုရားသခင်က ရှေးအစ္စရေးလူမျိုးကို ကယ်တင်ဖို့ အမျိုးသားတွေကို အသုံးပြုခဲ့တယ်။ သူတို့ကို ကျမ်းစာက ‘ကယ်တင်မယ့်သူတွေ’ လို့ခေါ်ထားတယ်။ (နေဟမိ ၉:၂၇; တရားသူကြီး ၃:၉၊ ၁၅; ၄ ဓမ္မရာဇဝင် ၁၃:၅၊ ကဘ)b အဲဒီလိုပဲ၊ ဘုရားသခင်က လူသားတွေကို အပြစ်ကနေကယ်တင်ဖို့ ယေရှုခရစ်ရဲ့ ရွေးဖိုးပူဇော်သကာကို ပြင်ဆင်ပေးခဲ့တာကြောင် ကျမ်းစာမှာ ယေရှုကိုလည်း “ကယ်တင်ရှင်” လို့ခေါ်တယ်။—တမန်တော် ၅:၃၁; တိတု ၁:၄။c

လူတိုင်းကယ်တင်ခံရမလား

မဟုတ်ပါဘူး၊ လူတချို့ ကယ်တင်ခံရမှာ မဟုတ်ဘူး။ (၂ သက်သာလောနိတ် ၁:၉) လူတစ်ယောက်က “ကယ်တင်ခံရမယ့်သူတွေ နည်းတယ်ဆိုတာ တကယ်လား” လို့ ယေရှုကိုမေးတော့ “ကျဉ်းတဲ့တံခါးကနေ ဝင်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားပါ။ ကျွန်တော်ပြောမယ်။ လူအတော်များများ ဝင်ဖို့ကြိုးစားပေမဲ့ မဝင်နိုင်ကြဘူး” ပြန်ဖြေခဲ့တယ်။—လုကာ ၁၃:၂၃၊ ၂၄၊ ကဘ။

တစ်လောကလုံး ကယ်တင်ခံရမယ်ဆိုတာနဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

ယူဆချက်အမှား– ၁ ကောရိန္သု ၁၅:၂၂ မှာ “ခရစ်တော်ကြောင့် လူအားလုံး အသက်ရှင်ရလိမ့်မယ်” လို့ပြောထားတော့ တစ်လောကလုံး ကယ်တင်ခံရမှာပေါ့။

အမှန်တရား– ဒီအခန်းငယ်ရဲ့ ရှေ့နောက်စကားက ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပြောနေတာ။ (၁ ကောရိန္သု ၁၅:၁၂၊ ၁၃၊ ၂၀၊ ၂၁၊ ၃၅) ဒီတော့ “ခရစ်တော်ကြောင့် လူအားလုံး အသက်ရှင်ရလိမ့်မယ်” ဆိုတဲ့စကားစုက ရှင်ပြန်ထမြောက်လာသူအားလုံးဟာ ယေရှုခရစ်ကြောင့် အဲဒီကောင်းချီးကို ခံစားရမယ်ဆိုတဲ့သဘောဖြစ်တယ်။—ယောဟန် ၁၁:၂၅။

ယူဆချက်အမှား– တိတု ၂:၁၁ မှာ ဘုရားသခင်က ‘လူသားအပေါင်းကို ကယ်တင်’ တယ်လို့ပြောထားတော့ တစ်လောကလုံး ကယ်တင်ခံရမှာပေါ့။​—ခေတ်သုံးမြန်မာသမ္မာကျမ်း။

အမှန်တရား– ဒီအခန်းငယ်မှာ “လူသားအပေါင်း” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးက “လူအမျိုးမျိုး” လို့လည်း အဓိပ္ပာယ်ရတယ်။d ဒါကြောင့် တိတု ၂:၁၁ မှာ ပြောချင်တာက ဘုရားသခင်ဟာ လူအမျိုးမျိုး ကယ်တင်ခြင်းရနိုင်အောင် ပြုလုပ်ပေးတယ်။ သူတို့ဟာ “လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက ထွက်လာသူတွေ” ဖြစ်တယ်။—တိတု ၂:၁၁; ဗျာဒိတ် ၇:၉၊ ၁၀၊ ကဘ။

ယူဆချက်အမှား– ၂ ပေတရု ၃:၉ မှာ ဘုရားသခင်က “ဘယ်သူ့ကိုမှ မပျက်စီးစေချင်” ဘူးလို့ဆိုထားတော့ တစ်လောကလုံး ကယ်တင်ခံရမှာပေါ့။

အမှန်တရား– ဘုရားသခင်က လူတွေကို ကယ်တင်ခြင်းရစေချင်ပေမဲ့ ကယ်တင်ခြင်းရဖို့ သူပြင်ဆင်ပေးတဲ့နည်းလမ်းကို လက်ခံဖို့ အတင်းအကျပ် မတိုက်တွန်းဘူး။ ကိုယ်တော် “တရားစီရင်မယ့်နေ့” မှာ “ဘုရားတရားမဲ့သူတွေကို ဖျက်ဆီး” ပါလိမ့်မယ်။—၂ ပေတရု ၃:၇၊ ကဘ။

a လူတစ်ယောက်ဟာ အပြစ်နဲ့သေခြင်းကနေ အမှန်တကယ် ကယ်တင်မခံရသေးပေမဲ့လည်း သူ “ကယ်တင်ခံရပြီ” လို့ ကျမ်းစာမှာရည်ညွှန်းလေ့ရှိတယ်။—ဧဖက် ၂:၅; ရောမ ၁၃:၁၁။

b ဘာသာပြန်ကျမ်းတချို့က ဒီကျမ်းချက်တွေမှာ “ကယ်တင်ရှင်” အစား “ကာကွယ်သူ၊” “ကယ်တင်မယ့်သူ၊” “သူရဲကောင်း၊” “ခေါင်းဆောင်” ဆိုပြီး သုံးကြတယ်။ ဒါပေမဲ့ မူရင်းဟီဘရူးကျမ်းမှာ လူသားကယ်တင်ရှင်တွေအတွက် သုံးတဲ့စကားလုံးနဲ့ ယေဟောဝါဘုရားကို ကယ်တင်ရှင်အဖြစ် သုံးတဲ့စကားလုံးက အတူတူပဲ။—ဆာလံ ၇:၁၀၊ ကဘ။

c ယေရှုဆိုတဲ့နာမည်က “ယေဟောဝါဟာ ကယ်တင်ခြင်း” လို့အဓိပ္ပာယ်ရှိတဲ့ ဟီဘရူးနာမည် ယေဟိုရွှာ ကနေ ဆင်းသက်လာတယ်။

d မဿဲ ၅:၁၁ မှာ ယေရှုက သူ့နောက်လိုက်တွေ “အမျိုးမျိုး” ပြစ်တင်ခံရမယ်လို့ ပြောတဲ့အခါ အဲဒီဂရိစကားလုံးကိုပဲ အသုံးပြုထားတယ်။​—ခေတ်သုံးမြန်မာသမ္မာကျမ်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ