ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၅၄
  • အိမ်စည်းကမ်းတွေက အရေးကြီးသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်စည်းကမ်းတွေက အရေးကြီးသလား
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်တော်တဲ့ သဘောထား
  • သင့်တော်တဲ့ ချဉ်းကပ်နည်း
  • အိမ်စည်းကမ်းနဲ့ပတ်သက်လို့ မိဘတွေကို ဘယ်လို ပြောရမလဲ
    လူငယ်များအမေး
  • ဘာကြောင့် စည်းကမ်းတွေ ဒီလောက်များရတာလဲ
    နိုးလော့!—၂၀၀၆
  • မိဘတွေက ဘာကြောင့် ငါ့ကို နည်းနည်းလေးတောင် ပျော်ခွင့်မပေးတာလဲ
    လူငယ်များအမေး
  • ဆယ်ကျော်သက်တွေအတွက် စည်းကမ်းသတ်မှတ်နိုင်ပုံ
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၅၄
အဖေပြောတာ နားထောင်နေတဲ့ ကောင်လေး

လူငယ်များအမေး

အိမ်စည်းကမ်းတွေက အရေးကြီးသလား

အိမ်စည်းကမ်းတွေ လိုက်နာဖို့ ခက်တဲ့အခါတွေရှိသလား။ ဒီဆောင်းပါးနဲ့ အစီအစဉ်ဇယားက အိမ်စည်းကမ်းတွေအကြောင်း မိဘတွေနဲ့ ဆွေးနွေးဖို့ ကူညီပေးပါလိမ့်မယ်။

  • သင့်တော်တဲ့ သဘောထား

  • သင့်တော်တဲ့ ချဉ်းကပ်နည်း

  • ရွယ်တူချင်းတွေ ပြောဆိုရာ

သင့်တော်တဲ့ သဘောထား

မှားယွင်းတဲ့ အတွေးအခေါ်– မိဘတွေနဲ့ မနေတော့ရင် အိမ်စည်းကမ်းတွေ လိုက်နာစရာ မလိုတော့ဘူး။

အမှန်– မိဘတွေနဲ့ မနေတော့ရင်လည်း စည်းကမ်းတချို့ကို လိုက်နာနေရအုံးမှာပဲ။ အလုပ်ရှင်၊ အိမ်ပိုင်ရှင်၊ အစိုးရတွေရဲ့ စည်းကမ်းတွေ ရှိနေသေးတယ်။ “အိမ်စည်းကမ်းကို မလိုက်နာရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့အခါ အခက်ကြုံလိမ့်မယ်” လို့ ၁၉ နှစ်အရွယ် ဒန်ရယ်လ်ဆိုတဲ့ မိန်းကလေး ပြောတယ်။

သမ္မာကျမ်းစာပြောဆိုရာ– ‘အစိုးရနဲ့ အာဏာပိုင်တွေကို နာခံမှုပြပါ။’ (တိတု ၃:၁) မိဘတွေ ချမှတ်တဲ့ စည်းကမ်းတွေကို လိုက်နာခြင်းက နောင်တစ်ချိန် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အလေ့အကျင့်ကောင်းပဲ။

လုပ်ဆောင်နိုင်ရာ– စည်းကမ်းတွေရဲ့ အကျိုးကျေးဇူးကို သိမြင်အောင် လုပ်ပါ။ “မိဘတွေရဲ့ စည်းကမ်းတွေက မိတ်ဆွေ ရွေးချယ်တတ်ဖို့၊ အချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်ဖို့ ကျွန်တော့်ကို ကူညီပေးတယ်။ တီဗီကြည့်လွန်းတာ၊ ဗီဒီယိုဂိမ်း ဆော့လွန်းတာမျိုးကို ထိန်းချုပ်ပေးပြီး ပိုအကျိုးရှိတဲ့ အလုပ်တွေ လုပ်ဖို့ ကူညီပေးတယ်။ အခုဆိုရင် အဲဒီအလုပ်တချို့ကို ကျွန်တော် ကြိုက်သွားပြီ” လို့ ၂၃ နှစ်အရွယ် လူငယ် ဂျရေမီ ပြောပြတယ်။

သင့်တော်တဲ့ ချဉ်းကပ်နည်း

စည်းကမ်း ဘာကြောင့်ချမှတ်တယ်ဆိုတာ နားမလည်ဘူးဆိုရင်ကော။ ဥပမာ၊ တန်မရာ ဆိုတဲ့ အသက် ၂၀ အရွယ် မိန်းကလေးက “ကျွန်မမိဘတွေက တခြားနိုင်ငံကို သွားလည်ခွင့်ပြုခဲ့ပေမဲ့ အိမ်ပြန်ရောက်တဲ့အခါ မိနစ် ၂၀ လောက် ဝေးတဲ့နေရာကိုတောင် မသွားခိုင်းတော့ဘူး” လို့ ပြောတယ်။

သင်လည်း အဲဒီလိုအခြေအနေမျိုး ကြုံရတယ်ဆိုရင် မိဘတွေနဲ့ ဆွေးနွေးနိုင်ပါတယ်။ သူတို့နဲ့ ဘယ်အချိန်မှာ ပြောသင့်တယ်၊ ဘယ်လို ဆွေးနွေးမယ်ဆိုတာကိုတော့ သိထားသင့်တယ်။

ဘယ်အချိန်မှာ ပြောမလဲ– “မိဘစကား နားထောင်ပြီး သူတို့ရဲ့ ယုံကြည်စိတ်ချမှု ရအောင် ကြိုးစားပြီးနောက် ကိုယ်နားမလည်တဲ့ စည်းကမ်းအကြောင်း သူတို့နဲ့ ဆွေးနွေးပါ” လို့ လူငယ်အမန်ဒါ အကြံပြုတယ်။

ဒရီရာလည်း အဲဒီအကြံပြုချက်ကို ထောက်ခံတယ်။ “ကျွန်မ စည်းကမ်းတွေ လိုက်နာနေတာကို အမေ မြင်တော့မှ အလျှော့အတင်း လုပ်ပေးဖို့ စဉ်းစားပေးတာ” လို့ သူပြောပြတယ်။ ယုံကြည်စိတ်ချမှုရဖို့ သင် တောင်းဆိုရမှာ မဟုတ်ဘဲ လုပ်ယူရမှာ ဖြစ်တယ်ဆိုတာ သတိရပါ။

လမ်းကြောင်းအမျိုးမျိုးကနေ ဆင်းဖို့ ကြိုးစားနေတဲ့ လေယာဉ်တွေ

မိဘတွေရဲ့ စည်းကမ်းတွေကို မလိုက်နာတာက လေကြောင်းစည်းကမ်းတွေကို မလိုက်နာဘဲ လေယာဉ်ဆင်းဖို့ ကြိုးစားနေတာနဲ့တူ

သမ္မာကျမ်းစာပြောဆိုရာ– ‘ဖခင်ရဲ့ ပညတ်ချက်ကို လိုက်နာပါ။ မိခင်ရဲ့ သွန်သင်ချက်ကို မပစ်ပယ်ပါနဲ့။’ (သုတ္တံ ၆:၂၀၊ ကဘ) ဒီအကြံပြုချက်ကို ကျင့်သုံးမယ်ဆိုရင် မိဘတွေရဲ့ ယုံကြည်စိတ်ချမှုကို ရနိုင်ပြီး သူတို့နဲ့ ဆွေးနွေးရ ပိုလွယ်ကူပါလိမ့်မယ်။

ဘယ်လိုပြောဆိုမလဲ– “ဂျီတိုက်ပူဆာတာ၊ အော်ဟစ်သောင်းကျန်းတာထက် ရိုသေလေးစားမှုရှိရှိ၊ အေးအေးဆေးဆေး ပြောဆိုတာက ပိုကောင်းတယ်” လို့ လူငယ်စတီဗင် ပြောတယ်။

အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒရီရာလည်း သဘောတူတယ်။ “အမေနဲ့ စကားများလို့ ဘာမှ မထူးလာဘူးလေ။ စည်းကမ်းတောင် ပိုတင်းကျပ်လာအုံးမှာ” လို့ သူပြောတယ်။

သမ္မာကျမ်းစာပြောဆိုရာ– “မိုက်သောသူသည် မိမိကြံစည်သမျှကို ဖော်ပြတတ်၏။ ပညာရှိသောသူမူကား အဆင်မသင့်မီ ထိမ်ဝှက်တတ်၏။” (သုတ္တံ ၂၉:၁၁) စိတ်ရှည်တတ်ဖို့ သင်ယူခြင်းက နောက်ပိုင်းမှာ အိမ်မှာသာမက ကျောင်းမှာ၊ အလုပ်မှာ၊ ဘယ်နေရာမှာမဆို အကျိုးအများကြီး ဖြစ်စေပါလိမ့်မယ်။

လုပ်ဆောင်နိုင်ရာ– စကားမပြောခင် အရင်စဉ်းစားပါ။ တဒင်္ဂဒေါသကြောင့် ရပြီးသား ယုံကြည်စိတ်ချမှုတွေ ပျက်စီးသွားနိုင်တယ်။ ‘လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူက ပိုင်းခြားသိမြင်နိုင်စွမ်း ကြီးမားတဲ့သူပဲ’ လို့ ကျမ်းစာ ပြောတယ်။—သုတ္တံ ၁၄:၂၉၊ ကဘ။

အကြံပြုချက်– စည်းကမ်းတွေကို အကျိုးသင့်အကြောင်းသင့် ရှုမြင်တတ်ဖို့ အစီအစဉ်ဇယားကို ထပ်ဆင့်အသုံးပြုပါ။ လိုအပ်ရင် ဒီအကြောင်းကို မိဘတွေနဲ့ ဆွေးနွေးကြည့်ပါ။

ရွယ်တူချင်းတွေ ပြောဆိုရာ

ကင်ဘာလာ

“စည်းကမ်းတွေက လေးစားတတ်ဖို့၊ စိတ်ရှည်တတ်ဖို့ စတဲ့ အရေးကြီးအရည်အသွေးတွေ ရှိလာစေပြီး အသက်ကြီးလာတဲ့အထိ အကျိုးပြုတယ်။ စည်းကမ်းမရှိရင် ဘဝက အထိန်းအကွပ်မဲ့နေလိမ့်မယ်။”—ကင်ဘာလာ။

ကယ်လီ

“မိဘတွေရဲ့ စည်းကမ်းတွေက မတရားဘူးလို့ ခံစားရချိန်မှာ ကျွန်မအပေါ် ယုံကြည်မှု ပျက်သွားတဲ့လုပ်ရပ်မျိုး လုပ်မိတယ်။ ကျွန်မအတွက် အကျိုးမရှိတဲ့လုပ်ရပ်တွေ လုပ်ချင်ခဲ့တယ်။ မိဘတွေရဲ့ စည်းကမ်းတွေက ကျွန်မအကျိုးအတွက်ပဲဆိုတာ အခုတော့ သဘောပေါက်သွားပါပြီ။”—ကယ်လီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ