ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၈၅
  • အိမ်စည်းကမ်းနဲ့ပတ်သက်လို့ မိဘတွေကို ဘယ်လို ပြောရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်စည်းကမ်းနဲ့ပတ်သက်လို့ မိဘတွေကို ဘယ်လို ပြောရမလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်ရာ
  • လုပ်ဆောင်နိုင်ရာ
  • အိမ်စည်းကမ်းတွေက အရေးကြီးသလား
    လူငယ်များအမေး
  • ဘာကြောင့် စည်းကမ်းတွေ ဒီလောက်များရတာလဲ
    နိုးလော့!—၂၀၀၆
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မိဘတွေက ဘာကြောင့် ငါ့ကို နည်းနည်းလေးတောင် ပျော်ခွင့်မပေးတာလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၈၅
ဆယ်ကျော်သက်တစ်ဦးရဲ့ ခြေချင်းဝတ်ကို သံလုံးနဲ့ တွဲချည်ထား

လူငယ်များအမေး

အိမ်စည်းကမ်းနဲ့ပတ်သက်လို့ မိဘတွေကို ဘယ်လို ပြောရမလဲ

“ကျွန်မအသက် ၁၅ နှစ်တုန်းက မိဘတွေ စည်းကမ်းထုတ်တာ သဘာဝကျပါတယ်။ အခု ကျွန်မအသက် ၁၉ နှစ် ရှိပြီဆိုတော့ လွတ်လပ်ခွင့် ပိုရသင့်ပြီ ထင်ပါတယ်။”​—ဆီလ်ဗီယာ။

ဆီလ်ဗီယာလိုမျိုး သင် ခံစားရသလား။ ဒါဆိုရင် မိဘတွေနဲ့အတူ ဆွေးနွေးကြည့်ဖို့ ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။

  • သိထားသင့်ရာ

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူတွေအဆို

သိထားသင့်ရာ

အိမ်စည်းကမ်းအကြောင်း မိဘတွေနဲ့ မပြောခင် အောက်ပါအချက်တွေကို ဆန်းစစ်ကြည့်ပါ။

  • စည်းကမ်းမရှိရင် ဘဝဟာ ပရမ်းပတာ ဖြစ်နေလိမ့်မယ်။ ယာဉ်အသွားအလာ များတဲ့ လမ်းမကြီးတစ်ခုမှာ ဆိုင်းဘုတ် မရှိ၊ မီးပွိုင့် မရှိ၊ မောင်းနှင်ရမယ့် သတ်မှတ်နှုန်းလည်း မရှိရင် ဘယ်လို နေမလဲ။ အိမ်စည်းကမ်း လိုက်နာခြင်းဟာ လမ်းစည်းကမ်း လိုက်နာခြင်းလိုပဲ စနစ်တကျ ရှိစေတယ်။

  • သင့်ကို ဂရုစိုက်တဲ့ မိဘမို့လို့ အိမ်စည်းကမ်းတွေ ချမှတ်ပေးထားတာပါ။ ဘာစည်းကမ်းမှ မချပေးထားဘူးဆိုရင်တော့ သင့်ကို ဂရုမစိုက်ဘူးဆိုတဲ့ သဘောပဲ။ သားသမီးကို ဒီအတိုင်း လွတ်ထားရင် ဘယ်လို မိဘမျိုး ဖြစ်မလဲ။

သင် သိပါသလား။ မိဘတွေမှာလည်း လိုက်နာရမယ့် စည်းကမ်းတွေ ရှိတယ်။ ကမ္ဘာဦး ၂:၂၄။ တရားဟောရာ ၆:၆၊ ၇။ ဧဖက် ၆:၄။ ၁ တိမောသေ ၅:၈ တို့ကို ကိုယ်တိုင် ဖတ်ကြည့်ပါ။

ဒါတောင်မှ မိဘတွေ စည်းကမ်း တင်းကျပ်လွန်းတယ်လို့ ခံစားနေရတုန်းဆိုရင်ကော။

လုပ်ဆောင်နိုင်ရာ

မဆွေးနွေးခင် အရင် စဉ်းစားပါ။ သင်ဟာ အိမ်စည်းကမ်း လိုက်နာတဲ့နေရာမှာ ဘယ်လို နာမည်ရထားသလဲ။ စည်းကမ်း ဖောက်ဖျက်တတ်သူဆိုရင် လွတ်လပ်မှု ပိုရအောင် တောင်းဆိုဖို့အချိန် မဟုတ်သေးဘူး။ “မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ရနိုင်သလဲ” ဆိုတဲ့ဆောင်းပါးကို ဖတ်ကြည့်ပါ။

စည်းကမ်း လိုက်နာတတ်သူဆိုရင်တော့ မိဘကို ဘာတွေ ပြောမလဲဆိုတာ ကြိုတင်ပြင်ဆင်ပါ။ ကိုယ်ပြောချင်တဲ့ အချက်တွေကို ချရေးကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ တောင်းဆိုချက် အကျိုးသင့်အကြောင်းသင့် ရှိမရှိ သိနိုင်မယ်။ ပြီးရင် အားလုံး သက်တောင့်သက်သာ ရှိနိုင်ဖို့ ဘယ်အချိန်၊ ဘယ်နေရာမှာ ဆွေးနွေးရမလဲဆိုတာ မိဘတွေကို မေးပါ။ မိဘနဲ့ စကားပြောတဲ့အခါ အောက်ပါအချက်တွေကို သတိရပါ။

လေးစားမှု ရှိပါ။ “ကြမ်းတမ်းတဲ့ စကားကတော့ ဒေါသကို ဆွပေးတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၅:၁) ဒါကြောင့် အဖေ/အမေ မတရားဘူးလို့ ပြောပြီး အငြင်းအခုံ လုပ်ရင်တော့ ဆွေးနွေးပွဲ ပျက်သွားမယ်ဆိုတာ သတိရပါ။

“မိဘကို လေးစားမှု ပြလေလေ ကိုယ့်ကို ပြန်လေးစားလေပဲ။ အပြန်အလှန် လေးစားမှု ရှိတဲ့အခါ သဘောတူညီချက် ရဖို့ ပိုလွယ်တယ်။”​—ဘီယန်ကာ၊ ၁၉ နှစ်။

နားထောင်ပါ။ “နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ယာကုပ် ၁:၁၉) မိဘတွေနဲ့ ပြောဆိုဆွေးနွေးနေမှန်း၊ မိန့်ခွန်းပြောနေတာ မဟုတ်မှန်း သတိရပါ။

“အရွယ်ရောက်လာတော့ မိဘတွေထက် ပိုသိပိုတတ်လာပြီလို့ ထင်မိနိုင်တယ်။ တကယ်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မိဘ သင်ပေးတာ၊ အကြံပေးတာကို လိုက်နာသင့်တယ်။”​—ဒီဗန်၊ အသက် ၂၀။

ကိုယ်ချင်းစာကြည့်ပါ။ မိဘနေရာကနေ ဝင်ကြည့်ပါ။ “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ” ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်နာပါ။ မိဘတွေရဲ့ အကျိုးကို ထည့်စဉ်းစားပေးပါ။​—ဖိလိပ္ပိ ၂:၄။

ဆယ်ကျော်သက်တစ်ဦး မိဘကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုနေစဉ်၊ ဆယ်ကျော်သက်တစ်ဦး မိဘကို ရိုရိုသေသေ ပြောဆိုနေစဉ်

ဘယ်ချဉ်းကပ်နည်းက လွတ်လပ်မှု ပိုရစေနိုင်မယ် ထင်သလဲ

“မိဘတွေက ကျွန်တော်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတယ်လို့ ထင်ခဲ့တာ။ ကျွန်တော် ကိုယ့်ခြေပေါ် ကိုယ်ရပ်နိုင်အောင် သင်ယူနေသလို သူတို့လည်း မိဘကောင်း ပီသအောင် သင်ယူနေမှန်း အခုတော့ သိလာပြီ။ သူတို့ ဘာလုပ်လုပ် ကျွန်တော့်ကို ချစ်လို့၊ ကျွန်တော့်အကျိုးအတွက်ပါပဲ။”​—ဂျော်ရွှာ၊ ၂၁ နှစ်။

ဖြေရှင်းနည်း ကမ်းလှမ်းပါ။ ဥပမာ၊ ပါတီတစ်ခုကို သင်,သွားချင်တယ်။ အဲဒီကို ရောက်ဖို့ တစ်နာရီကြာ ကားမောင်းသွားရမယ်။ မိဘက မသွားရဘူး ပြောတယ် ဆိုပါစို့။ ဘာကြောင့် မသွားစေချင်မှန်း သိအောင် လုပ်ပါ။ ခရီးအကွာအဝေးကြောင့်လား၊ မိတ်ဆုံပွဲကြောင့်လား။

  • ခရီးအကွာအဝေးကြောင့် ဆိုပါစို့။ ကားမောင်းကျွမ်းတဲ့ သူငယ်ချင်းနဲ့အတူ သွားရင်ကော မိဘတွေ ခွင့်ပြုပေးနိုင်မလား။

  • မိတ်ဆုံပွဲကြောင့် ဆိုပါစို့။ ပွဲမှာ ဘယ်သူတွေ ပါမယ်၊ ဘယ်သူက ဦးစီးမယ်ဆိုတာ ပြောပြရင်ကော စိတ်ချနိုင်မလား။

လေးလေးစားစား ပြောပါ။ မိဘပြောတာကိုလည်း စိတ်ရှည်ရှည် နားထောင်ပါ။ “မိဘကို ရိုသေ” ကြောင်း စကားနဲ့ သာမက ကိုယ်နှုတ်အမူအရာနဲ့ပါ ပြပါ။ (ဧဖက် ၆:၂၊ ၃) သူတို့ လိုက်လျောပေးနိုင်မလား။ လိုက်လျောပေးကောင်းပေးနိုင်တယ်။ မလိုက်လျောဘဲလည်း နေနိုင်တယ်။ ဘယ်လိုပဲ ဖြစ်ပါစေ အောက်ပါအတိုင်း လုပ်ကြည့်ပါ။

မိဘ ဆုံးဖြတ်တာကို ယဉ်ယဉ်ကျေးကျေး လက်ခံလိုက်ပါ။ အရေးကြီးတဲ့အချက် ဖြစ်လို့ လျှော့မတွက်ပါနဲ့။ လိုချင်တာ မရလို့ မိဘတွေနဲ့ အငြင်းပွားမယ်ဆိုရင်တော့ နောက်တစ်ကြိမ် ဆွေးနွေးဖို့ ပိုအခက်တွေ့ပါလိမ့်မယ်။ သင့်ဘက်က လိုက်လျောပေးမယ်ဆိုရင်တော့ မိဘတွေကလည်း သင့်ကို လွတ်လပ်ခွင့် ပိုပေးနိုင်စရာ ရှိတယ်။

ရွယ်တူတွေအဆို

ဒီဗန်

“ကိုယ့်ခံစားချက်ကို အေးအေးဆေးဆေး၊ ပွင့်ပွင့်လင်းလင်း ပြောပြတဲ့အခါ မိဘတွေကလည်း သေသေချာချာ နားထောင်ပြီး သူတို့ ဒီလိုဆုံးဖြတ်ရတဲ့ အကြောင်းရင်း ဒါမှမဟုတ် ဖြေရှင်းနည်း နောက်တစ်ခုကို ပြောပြကြတယ်။ အော်ဟစ်သောင်းကျန်း၊ တံခါးဆောင့်ပိတ် ထွက်သွားတာထက် အေးအေးဆေးဆေး ပြောဆိုဆွေးနွေးတာကို မိဘတွေ သဘောကျတယ်။”​—ဒီဗန်။

ဂျိုးဇက်

“ကျွန်တော် သိခဲ့ရတာကတော့ ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြတဲ့အခါ ကျွန်တော့်အပေါ် မိဘတွေ နားလည်မှုလွဲတာ နည်းသွားတယ်။ နားလည်လွဲစရာအကြောင်း ပေါ်လာရင်လည်း အေးအေးဆေးဆေး ပြောဆိုကြတယ်။ ဒါက သဘောချင်း မတိုက်ဆိုင်ရင်တောင် ပြေလည်မှု ရစေတယ်။”​—ဂျိုးဇက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ