ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၂၁
  • ကောင်းကင်တမန်မင်း မိက္ခေလက ဘယ်သူလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်တမန်မင်း မိက္ခေလက ဘယ်သူလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ကောင်းကင်တမန်မင်း မိက္ခလေက ဘယ်သူလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ယေရှုသည် ကောင်းကင်တမန်မင်း မိက္ခေလလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ကောင်းကင်တမန်မင်း မိက္ခေလကား မည်သူနည်း
    နိုးလော့!—၂၀၀၃
  • ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၂၁
ကောင်းကင်ဗိုလ်ခြေတွေနဲ့အတူရှိတဲ့ ကောင်းကင်တမန်မင်း မိက္ခေလ

ကောင်းကင်တမန်မင်း မိက္ခေလက ဘယ်သူလဲ

သမ္မာကျမ်းစာဖြေဆိုရာ

မိက္ခေလကို ဘာသာတချို့မှာ “စိန့်မိုက်ကယ်” လို့ ခေါ်ကြတယ်။ ဒီနာမည်ဟာ ယေရှု မြေကြီးပေါ်မလာခင် ရထားတဲ့နာမည်ဖြစ်ပြီး မြေကြီးပေါ်အသက်ရှင်ပြီး ကောင်းကင်ပြန်ရောက်သွားတော့လည်း အဲဒီနာမည်ကိုပဲ ပြန်ရတယ်။a မောရှေသေပြီးနောက် မိက္ခေလက စာတန်နဲ့ အငြင်းပွားခဲ့တယ်။ ကြိုဟောသူ ဒံယေလဆီ ဘုရားသခင့်သတင်းစကား လာပြောတဲ့ ကောင်းကင်တမန်ကို မိက္ခေလ ကူညီပေးခဲ့တယ်။ (ဒံယေလ ၁၀:​၁၃၊ ၂၁။ ယုဒ ၉) မိက္ခေလဆိုတဲ့နာမည်ရဲ့ အဓိပ္ပာယ်က “ဘုရားသခင်နဲ့ ဘယ်သူတူသလဲ” ဖြစ်တယ်။ အဲဒီအဓိပ္ပာယ်အတိုင်းပဲ မိက္ခေလဟာ ဘုရားသခင့် အုပ်ချုပ်မှုဘက် ရပ်တည်ပြီး ရန်သူတွေကို တိုက်ခိုက်တယ်။­​—ဒံယေလ ၁၂:၁။ ဗျာဒိတ် ၁၂:၇။

ယေရှုဟာ ကောင်းကင်တမန်မင်း မိက္ခေလဖြစ်တယ်လို့ ပြောနိုင်တဲ့ အကြောင်းပြချက်ကို သုံးသပ်ကြည့်ရအောင်–

  • မိက္ခေလဟာ “ကောင်းကင်တမန်မင်း” ဖြစ်တယ်။ (ယုဒ ၉) “ကောင်းကင်တမန်မင်း” ဆိုတဲ့ဘွဲ့နာမည်ကို ကျမ်းစာမှာ နှစ်ကြိမ်ပဲ ဖော်ပြထားတယ်။ နှစ်ကြိမ်စလုံးမှာ ဒီစကားလုံးနဲ့ပတ်သက်ပြီး အနည်းကိန်းကို အသုံးပြုထားတယ်။ ဒါကြောင့် ကောင်းကင်တမန်တစ်ပါးတည်းကပဲ ဒီဘွဲ့နာမည်ကို ခံယူမှန်း သိနိုင်တယ်။ ကျမ်းတစ်ချက်မှာ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် “သခင်ကိုယ်တော်တိုင်သည် အမိန့်ပေးသံ၊ ကောင်းကင်တမန်မင်း၏အသံနှင့် . . . ကောင်းကင်ဘုံမှ ဆင်းသက်” မယ်လို့ ဖော်ပြတယ်။ (၁ သက်သာလောနိတ် ၄:၁၆) ယေရှုက “ကောင်းကင်တမန်မင်း၏အသံ” ပေးနိုင်တာဟာ သူကိုယ်တိုင် ကောင်းကင်တမန်မင်း မိက္ခေလ ဖြစ်လို့ပါပဲ။

  • မိက္ခေလဟာ ကောင်းကင်ဗိုလ်ခြေတွေရဲ့ ဦးစီးချုပ်ဖြစ်တယ်။ “မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးနှင့် တိုက်ခိုက်ကြ၏။” (ဗျာဒိတ် ၁၂:၇) မိက္ခေလဟာ နာမ်ဝိညာဉ်ဘုံမှာ တန်ခိုးအာဏာကြီးမားလို့ “အမြတ်ဆုံးသောမင်း၊” “အရှင်မင်းကြီး” ဆိုပြီး သူ့ကို ခေါ်တယ်။ (ဒံယေလ ၁၀:​၁၃၊ ၂၁။ ၁၂:၁) ဒီဘွဲ့နာမည်ကြောင့် မိက္ခေလဟာ “ကောင်းကင်တမန်တွေရဲ့ ဦးစီးချုပ်ဖြစ်တယ်” လို့ ဓမ္မသစ်ကျမ်းပညာရှင် ဒေးဗစ် အီး. အုံးန် က ဆိုတယ်။

    ကောင်းကင်ဗိုလ်ခြေတွေအပေါ် အာဏာရှိသူ နောက်နာမည်တစ်ခုကို ကျမ်းစာကဖော်ပြတယ်။ “သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်များနှင့်အတူ ကောင်းကင်ဘုံမှ မီးလျှံနှင့်တကွ ပေါ်ထွန်း၍ . . . လက်စားချေတော်မူမည်” လို့ ဖော်ပြထားတယ်။ (၂ သက်သာလောနိတ် ၁:​၇၊ ၈။ မဿဲ ၁၆:၂၇) ယေရှုဟာ “ကောင်းကင်သို့ တက်ကြွ၍ . . . ဘုရားသခင်သည် ကောင်းကင်တမန်များ၊ အာဏာပိုင်များ၊ တန်ခိုးရှင်များကို ကိုယ်တော့်လက်အောက် ရောက်စေတော်မူ၏။” (၁ ပေတရု ၃:​၂၁၊ ၂၂) ယေရှုကိုရော မိက္ခေလကိုပါ ကောင်းကင်တမန်ဦးစီးချုပ် ပြိုင်ဘက်တွေအနေနဲ့ ဘုရားခန့်အပ်မှာ မဟုတ်နိုင်တဲ့အတွက် နာမည်နှစ်ခုစလုံးက တစ်ယောက်တည်းကိုပဲ ရည်ညွှန်းမှန်း သိနိုင်တယ်။

  • မိက္ခေလဟာ တစ်ခါနဲ့မှမတူတဲ့ “ဆင်းရဲဒုက္ခကပ်ကာလ” မှာ ‘ရပ်တည်၊’ “ပေါ်လာလိမ့်မည်။” (ဒံယေလ ၁၂:၁) ဒံယေလကျမ်းမှာ ‘ရပ်တည်’ ဆိုတဲ့ အသုံးအနှုန်းတွေကို အရေးယူဆောင်ရွက်ပေးမယ့် ဘုရင်နဲ့ပတ်သက်ပြီး အသုံးပြုလေ့ရှိတယ်။ (ဒံယေလ ၁၁:၂–၄၊ ၂၁) “ဘုရားသခင်၏နှုတ်ကပါဌ်တော်” ဖြစ်တဲ့ ယေရှုခရစ်ဟာ “ဘုရင်တကာတို့၏ဘုရင်” အနေနဲ့ ဘုရားသခင့်ရန်သူတွေကို ချေမှုန်းပြီး ဘုရားရဲ့လူမျိုးကို ကာကွယ်ပေးလိမ့်မယ်။ (ဗျာဒိတ် ၁၉:၁၁–၁၆) “ဤလောကတည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်လည်း ဖြစ်မည်မဟုတ်သည့် ကြီးစွာသောဒုက္ခ” မှာ ယေရှု အဲဒီလို လုပ်ဆောင်လိမ့်မယ်။­​—မဿဲ ၂၄:​၂၁၊ ၄၂။

a ကျမ်းစာထဲမှာ တခြားပုဂ္ဂိုလ်တွေကို နာမည်တစ်ခုထက်မက ဖော်ပြထားတာရှိတယ်။ ဥပမာ၊ ယာကုပ် (အစ္စရေး)၊ ပေတရု (ရှိမုန်)၊ သဒ္ဒဲ (ယုဒ) လို့လည်း ခေါ်တယ်။­​—ကမ္ဘာဦး ၄၉:​၁၊ ၂။ မဿဲ ၁၀:​၂၊ ၃။ မာကု ၃:၁၈။ တမန်တော် ၁:၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ