ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၆၃
  • အီစီကလီလုပ်တာက ပျော်စရာသက်သက်ပဲလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အီစီကလီလုပ်တာက ပျော်စရာသက်သက်ပဲလား
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အီစီကလီလုပ်တယ်ဆိုတာ ဘာလဲ
  • တချို့ ဘာကြောင့် အီစီကလီ လုပ်ကြတာလဲ
  • ဘာဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်သလဲ
  • ပရောပရည်လုပ်ခြင်းသည် ဘာမှားသနည်း
    နိုးလော့!—၁၉၉၉
  • ၁ ပြဿနာတွေကို ရှောင်လွှဲဖို့ ကူညီပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • သူငယ်ချင်းအဆင့်လား၊ ရည်းစားအဆင့်လား​—အပိုင်း ၂– ငါ့ဘက်က ဘယ်လက္ခဏာတွေ ပြနေသလဲ
    လူငယ်များအမေး
  • သူငယ်ချင်းအဆင့်လား၊ ရည်းစားအဆင့်လား​—အပိုင်း ၁– သူ့ဘက်က ဘယ်လက္ခဏာတွေ ပြသလဲ။
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၆၃
ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် အတန်းထဲမှာ ကောင်လေးတစ်ယောက်နဲ့ အီစီကလီလုပ်နေ

လူငယ်များအမေး

အီစီကလီလုပ်တာက ပျော်စရာသက်သက်ပဲလား

  • အီစီကလီလုပ်တယ်ဆိုတာ ဘာလဲ

  • တချို့ ဘာကြောင့် အီစီကလီ လုပ်ကြတာလဲ

  • ဘာဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်သလဲ

  • ရွယ်တူချင်းတွေ ပြောဆိုရာ

အီစီကလီလုပ်တယ်ဆိုတာ ဘာလဲ

အီစီကလီလုပ်တယ်ဆိုတာ လိင်ခြားသူကို စကားနဲ့ဖြစ်စေ၊ လုပ်ရပ်နဲ့ဖြစ်စေ ချစ်ကြိုက်တဲ့ပုံစံ လုပ်ပြခြင်းလို့ တချို့ထင်ကြတယ်။ တစ်ယောက်ယောက်ကို ချစ်ကြိုက်ကြောင်းပြတာ မှားသလား။ အခြေအနေပေါ် မူတည်တယ်။ “ကိုယ်က ရည်းစားထားနိုင်တဲ့ အရွယ်ရောက်ပြီး တစ်ယောက်ယောက်ကို စိတ်ဝင်စားတယ်ဆိုရင် ကိုယ့်ခံစားချက်ကို မပြဘဲ ဘယ်လိုလုပ် သိနိုင်မှာလဲ” လို့ မိန်းမပျိုလေး အဲန်း ပြောတယ်။

ဒီဆောင်းပါးမှာ တကယ် ချစ်ကြိုက်တာ မဟုတ်ဘဲ စိတ်ဝင်စားသလိုမျိုး အီစီကလီလုပ်တဲ့ အကြောင်းကို ဆွေးနွေးသွားမယ်။

“တစ်ယောက်ယောက်ကို တကယ် ချစ်ကြိုက်လို့ စိတ်ဝင်စားကြောင်း ပြတာက ကိစ္စမရှိဘူး။ တကယ် မချစ်ကြိုက်ဘဲနဲ့ အီစီကလီလုပ်ပြီး တစ်ဖက်သား စိတ်ဝင်စားလာတဲ့အခါ ပစ်ထားမယ်ဆိုရင်တော့ ရက်စက်ရာရောက်တယ်။”​—ဒီယန်နာ။

တချို့ ဘာကြောင့် အီစီကလီ လုပ်ကြတာလဲ

တချို့က ‘ငါဟာ တော်တော်စွံတဲ့သူ’ ဆိုတာကို ပြချင်လို့ အီစီကလီလုပ်ကြတယ်။ “လူတွေ ကိုယ့်ကို အာရုံစိုက်တာတွေ့လေ အီစီကလီ ပိုလုပ်ချင်လေပဲ” လို့ မိန်းမငယ် ဟေလီ ပြောတယ်။

သင်က တကယ် ချစ်ကြိုက်တာ မဟုတ်ဘဲ အီစီကလီလုပ်တာက တစ်ဖက်သားရဲ့ ခံစားချက်ကို ဂရုမစိုက်၊ တန်ဖိုးမထားရာ ကျတယ်။ သင်က ကိုယ်စွံကြောင်း ပြချင်တာနဲ့ပဲ အီစီကလီလုပ်တာ ဆိုရင်တော့ သင် အတွေး ချော်နေပါပြီ။ “ဉာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့တတ်၏” လို့ သမ္မာကျမ်းစာ ဆိုတယ်။​​—သုတ္တံ ၁၅:၂၁။

ဒါကြောင့်လည်း ဟေလီ က “အပျော်တမ်း အီစီကလီလုပ်တာဟာ နိဂုံးလှမှာ မဟုတ်ဘူး” လို့ ပြောတယ်။

ဘာဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်သလဲ

  • အီစီကလီလုပ်ရင် နာမည်ပျက်မယ်။

    “အီစီကလီ လုပ်တတ်တဲ့သူကို မရင့်ကျက်တဲ့သူ၊ စိတ်ချလို့မရတဲ့သူ၊ ရိုးသားမှုမရှိသူ၊ သူတစ်ပါးအပေါ် အမြတ်ထုတ်သူလို့ မြင်ကြတယ်။”​​—ဂျယ်ရမီ။

    ကျမ်းစာအဆို– “မေတ္တာသည် . . . ကိုယ့်အကျိုးကို မရှာတတ်။”​​—၁ ကောရိန္သု ၁၃:​၄၊ ၅။

    စဉ်းစားကြည့်ပါ– ဘယ်လိုအပြောအဆို၊ ဘယ်လိုလုပ်ရပ်က အီစီကလီလုပ်တဲ့သူလို့ နာမည်ထွက်စေနိုင်သလဲ။

  • အီစီကလီလုပ်တာကို ခံရသူဟာ စိတ်ထိခိုက် နာကျင်သွားနိုင်တယ်။

    “အီစီကလီ လုပ်တတ်တဲ့သူ အနားမှာ ကျွန်မ မနေချင်ဘူး။ မိန်းကလေးဆိုပြီး လာအသားယူနေတာ။ အီစီကလီ လုပ်တဲ့သူတွေဟာ တစ်ဖက်သားကို ဂရုစိုက်တာမဟုတ်ဘူး၊ သူတို့အတွက်ပဲ သူတို့ကြည့်တာ။”​​—ဂျက်ကလင်း။

    ကျမ်းစာအဆို– “လူအသီးသီးတို့သည် ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါး၏ အကျိုးကို ရှာကြစေ။”​​—၁ ကောရိန္သု ၁၀:၂၄။

    စဉ်းစားကြည့်ပါ– တစ်ယောက်ယောက်က သင့်ကို စိတ်ဝင်စားနေတယ်လို့ ထင်ပေမဲ့ နောက်မှ သင်ထင်တာ မဟုတ်မှန်း သိလိုက်ရတဲ့အခါ ဘယ်လို ခံစားရသလဲ။ အဲဒီလို၊ တခြားသူကို စိတ်မထိခိုက်စေချင်ဘူးဆိုရင် ဘာကို ရှောင်မလဲ။

  • အီစီကလီ လုပ်တတ်တဲ့သူဟာ တကယ် ချစ်ရသူတွေ့ရင် လက်လွတ်ဆုံးရှုံးသွားနိုင်တယ်။

    “အီစီကလီ လုပ်တတ်တဲ့သူဟာ လက်ထပ်ဖို့ မပြောနဲ့ ရင်းနှီးဖို့တောင် မကောင်းတဲ့သူပဲ။ အဲဒီလိုလုပ်တတ်တဲ့သူကို ဘယ်လိုလုပ် ခင်မင်ပြီး ယုံကြည်စိတ်ချနိုင်မှာလဲ။”​​—အိုလစ်ဗီယာ။

    ကျမ်းစာအဆို– “သရုပ်မှန်ဖုံးကွယ်ထားသူတွေကို ရှောင်တယ်” လို့ ဆာလံဆရာ ဒါဝိဒ် ပြောတယ်။​​—ဆာလံ ၂၆:၄။

    စဉ်းစားကြည့်ပါ– အီစီကလီလုပ်တဲ့သူက ဘယ်လိုလူမျိုးကို ချဉ်းကပ်တတ်သလဲ။ အဲဒီလိုလူစားမျိုး ဖြစ်ချင်သလား။

ရွယ်တူချင်းတွေ ပြောဆိုရာ

စကော့တ်

“သင် အီစီကလီလုပ်လို့ စိတ်ထိခိုက်နာကျင်သွားသူတွေက သင့်အကြောင်း တခြားသူတွေကို ပြောကြမှာပဲ။ အီစီကလီ ဆက်လုပ်လေ နာမည်ပိုပျက်လေ၊ နာမည်ကောင်း ပြန်ရဖို့ ပိုခက်လေပဲ။”​​—စကော့တ်။

ဂျက်စ်လင်

“အီစီကလီ လုပ်တာက နာမည်ကောင်းကို ပျက်စီးစေတယ်။ အီစီကလီ လုပ်တဲ့သူက မရိုးသားတဲ့သူ၊ ယုံကြည်စိတ်ချလို့ မရတဲ့သူပဲ၊ အဲဒီလိုလူမျိုးကို သူငယ်ချင်းအနေနဲ့တောင် မပေါင်းဘူး။”​​—ဂျက်စ်လင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ