ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၈ အမှတ် ၁ စာ. ၈-၉
  • ၁ ပြဿနာတွေကို ရှောင်လွှဲဖို့ ကူညီပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁ ပြဿနာတွေကို ရှောင်လွှဲဖို့ ကူညီပေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရက်အလွန်အကျွံသောက်ခြင်း
  • လိင်အကျင့်ယိုယွင်းခြင်း
  • အီစီကလီလုပ်တာက ပျော်စရာသက်သက်ပဲလား
    လူငယ်များအမေး
  • ပရောပရည်လုပ်ခြင်းသည် ဘာမှားသနည်း
    နိုးလော့!—၁၉၉၉
  • အရက်နဲ့ပတ်သက်ပြီး ဘုရား ရှုမြင်ပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ကလေးတွေကို အရက်အကြောင်း ပြောပြထားပါ
    မိသားစုအတွက် အကူအညီ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
ကလ၁၈ အမှတ် ၁ စာ. ၈-၉
အမျိုးသမီးတစ်ဦး အလွန်အကျွံ အရက်သောက်နေ၊ နောက်ပိုင်းမှာ ကျမ်းစာ အကြံပြုချက်တွေကို လေ့လာသုံးသပ်နေ

၁ ပြဿနာတွေကို ရှောင်လွှဲဖို့ ကူညီပေး

ကျမ်းစာကို ဘုရားစွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ အတွက် ကျမ်းစာအကြံဉာဏ်တွေဟာ ‘သွန်သင်တဲ့အခါ၊ အမှားတွေ ဖော်ထုတ်တဲ့အခါ၊ ပဲ့ပြင်တဲ့အခါ အကျိုးဖြစ်ထွန်းစေတယ်။’ (၂ တိမောသေ ၃:၁၆) ဒါ အမှန်ပဲလား။ ကျမ်းစာအကြံဉာဏ်တွေကြောင့် အခြေအနေ သိပ်မဆိုးခင် ဘဝပြဿနာတချို့ကို ရှောင်လွှဲနိုင်ခဲ့ပုံအကြောင်း သုံးသပ် ကြည့်ကြစို့။

အရက်အလွန်အကျွံသောက်ခြင်း

ရှေ့ဆောင်းပါးမှာပါတဲ့ ဒက်ဖနီဟာ စိုးရိမ်ပူပန်မှုတွေကြောင့် အရက် အလွန်အကျွံ သောက်လာတယ်။ တော်သင့်ရုံသောက်တာကို ကျမ်းစာ မတားမြစ်ပေမဲ့ ‘စပျစ်ဝိုင်သောက်ကြူးသူတွေထဲမှာ မပါစေနဲ့’ လို့ ပြောတယ်။ (ပညာအလိမ္မာ ၂၃:၂၀) သောက်ကြူးခြင်းကြောင့် ကျန်းမာရေး ထိခိုက်တယ်။ မိသားစု ပြိုကွဲတယ်။ နှစ်စဉ် လူသန်းနဲ့ချီ အချိန်မတန်ဘဲ သေဆုံးကြရတယ်။ ကျမ်းစာအကြံပေးချက်တွေကိုသာ လိုက်နာမယ်ဆိုရင် အဲဒီပြဿနာတွေကို ရှောင်လွှဲနိုင်မယ်။

ဒက်ဖနီ အဲဒီအတိုင်း လုပ်ခဲ့တယ်။ သူ အခုလိုပြောတယ်– “အရက်သောက်လို့လည်း စိုးရိမ်ပူပန်မှု လျော့မသွားပါဘူး။ ‘ဘာမှ မစိုးရိမ်ဘဲ . . . ဘုရားသခင်ဆီ အသနားခံကြပါ’ ဆိုတဲ့ ဖိလိပ္ပိ ၄:၆၊ ၇ မှာပါတဲ့ အကြံပေးချက်ကို ကျွန်မ လိုက်နာတယ်။ ညဘက် အိပ်မပျော်လို့ ဟိုဟိုဒီဒီ တွေးပြီး စိုးရိမ်စိတ်များလာတဲ့အခါ ယေဟောဝါဆီ အသနားခံဆုတောင်းတယ်။ စိတ်ဆိုးတာ၊ စိတ်ထိခိုက်တာ၊ စိတ်ပျက်မိတာ အားလုံးကို ရင်ဖွင့်ပြီး အပြုသဘောရှိလာအောင် ကူညီပေးပါလို့ အသနားခံတယ်။ မနက်ရောက်တော့ စိတ်ညစ်စရာတွေကို ပြန်တွေးမနေတော့ဘူး။ ဒီလိုနဲ့ ကိုယ့်မှာမရှိတဲ့အရာတွေအတွက် တွေးပူနေမယ့်အစား ရှိတဲ့အရာတွေကိုပဲ အာရုံစိုက်တတ်လာတယ်။ အရက်ကို လုံးဝ ပြန်မသောက်တော့ဘူး။ အခုဆို စိတ်ငြိမ်သက်မှု ခံစားနေရပြီ။ အဲဒါကို ဘယ်တော့မှ အဆုံးရှုံး မခံနိုင်ဘူး။”

လိင်အကျင့်ယိုယွင်းခြင်း

လိင်အကျင့်ယိုယွင်းမှုကြောင့် စိတ်ဆင်းရဲစရာတွေ ကြုံတွေ့ကြရတယ်။ ကျမ်းစာလမ်းညွှန်ချက်တွေကတော့ လိင်အကျင့်ယိုယွင်းမှုကို ဦးတည်စေတဲ့ ပရောပရည်လုပ်တာ၊ ညစ်ညမ်းရုပ်ပုံကြည့်တာ စတဲ့ ပြဿနာတွေကို ရှောင်လွှဲနိုင်အောင် ကူညီပေးနိုင်တယ်။ “ပရောပရည်လုပ်ဖို့ သိပ်လွယ်တယ်။ ကိုယ့်ဘက်က စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ သူ့ဘက်က ကြွေနေမှန်း သိသာနေတော့ ပရောပရည် လုပ်ကြည့်လိုက်တာပေါ့” လို့ ဆမ်မြူရယ်လို့ခေါ်တဲ့ လူငယ်တစ်ဦး ပြောပြတယ်။ ဆမ်မြူရယ်ဟာ ပရောပရည်မလုပ်ဘဲ နေတာတောင် ပရောပရည်လုပ်သူဆိုပြီး နာမည်ထွက်လာတယ်။ ဒါနဲ့ သူလည်း မထူးဘူးဆိုပြီး ပရောပရည်လုပ်တော့တယ်။ အဲဒီအကျင့်ကြောင့် သူ စိတ်အနှောင့်အယှက် ဖြစ်လာတယ်။ “အဲဒီလိုလုပ်တာဟာ တစ်ကိုယ်ကောင်းဆန်တဲ့အတွက် အန္တရာယ်ရှိတယ်” လို့ သူပြောတယ်။

jw.org ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ လူငယ်များအတွက် ဆောင်းပါးတစ်ခုကို ဆမ်မြူရယ် ဖတ်ကြည့်တယ်။ “ကလေးတစ်ယောက်ကိုတောင် အမူအကျင့်တွေ ဖြူစင်မှု၊ မှန်ကန်မှု ရှိမရှိ သူ့လုပ်ရပ်ကိုကြည့်ပြီး သိနိုင်တယ်” လို့ပြောတဲ့ ပညာအလိမ္မာ ၂၀:၁၁ ကို သုံးသပ်တယ်။ ဘာအကူအညီ ရသလဲ။ ပရောပရည်လုပ်တာဟာ မကောင်းမှန်း ဆမ်မြူရယ် သိလာတယ်။ “ပရောပရည်လုပ်တဲ့ လူငယ်တစ်ဦးဟာ အိမ်ထောင်ဖက်ကောင်း မဖြစ်နိုင်မှန်းကိုလည်း သိလာပြီ။ ကိုယ်ပရောပရည်လုပ်နေတာကို ဇနီးလောင်း တွေ့သွားရင် ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်တယ်။ အဲဒီလိုလုပ်တာဟာ အန္တရာယ်ရှိတယ်ဆိုတဲ့အသိ ဝင်လာပြီ။ ပရောပရည်လုပ်ဖို့ လွယ်ပေမဲ့ ဒါဟာ မှန်ကန်တဲ့လုပ်ရပ်လို့ မဆိုနိုင်ဘူး” လို့ သူပြောတယ်။ အခုတော့ ဆမ်မြူရယ် ပြောင်းလဲသွားပြီ။ ပရောပရည် မလုပ်တော့တဲ့အတွက် လိင်အကျင့်ယိုယွင်းခြင်းကို ရှောင်နိုင်ခဲ့တယ်။

အန်တိုနီယိုဟာ လိင်အကျင့်ယိုယွင်းဖို့ အန္တရာယ်ပိုများတယ်။ ညစ်ညမ်းရုပ်ပုံကြည့်တဲ့အကျင့် စွဲနေလို့ပဲ။ သူချစ်တဲ့သူနဲ့ လက်ထပ်ထားပေမဲ့ အဲဒီအကျင့်ကို မဖြတ်နိုင်ဘူး ဖြစ်နေတယ်။ “သတိရှိပြီး နိုးနိုးကြားကြား နေကြပါ။ ရန်သူမာရ်နတ်က ဟိန်းဟောက်နေတဲ့ ခြင်္သေ့လို တစ်ယောက်ယောက်ကို ဝါးမျိုဖို့ လှည့်လည်ရှာဖွေနေတယ်” ဆိုတဲ့ ၁ ပေတရု ၅:၈ ပါကျမ်းစကားက သူ့ကို အကူအညီပေးတယ်လို့ ပြောတယ်။ “ညစ်ညမ်းရုပ်ပုံတွေကို နေရာတိုင်းမှာ ရရှိနိုင်တယ်။ အဲဒီပုံရိပ်တွေကို စိတ်ထဲက ဖျောက်ဖျက်ဖို့ မလွယ်ဘူး။ ဒါတွေဟာ ဘယ်ကလာမှန်း စဉ်းစားကြည့်ဖို့ အဲဒီကျမ်းချက်က ကူညီပေးတယ်။ ညစ်ညမ်းရုပ်ပုံတွေဟာ မာရ်နတ်ဆီကပဲဆိုတာ ချက်ချင်း သတိရလိုက်တယ်။ ကျွန်တော့်ရဲ့ စိတ်နှလုံးနဲ့ အိမ်ထောင်ရေးကို ထိခိုက်စေတဲ့ အရာတွေကို တွန်းလှန်နိုင်အောင် ‘သတိရှိပြီး နိုးကြားနေ’ ဖို့ ယေဟောဝါသာ ကူညီပေးနိုင်မှန်း သိလာပြီ” လို့ အန်တိုနီယို ပြောတယ်။ အကူအညီတွေ ရရှိခဲ့တဲ့အတွက် အကျင့်ဆိုးတွေကို သူ ဖြတ်နိုင်ခဲ့တယ်။ ဒီထက်ဆိုးရွားတဲ့ ပြဿနာတွေကိုလည်း ရှောင်လွှဲနိုင်ခဲ့တယ်။

ကျမ်းစာမှာပါတဲ့ လက်တွေ့ကျ အကြံပြုချက်တွေက ကြီးမားတဲ့ပြဿနာတွေကို ရှောင်လွှဲဖို့ ကူညီပေးနိုင်မှန်း ထင်ရှားတယ်။ အမြစ်တွယ်နေတဲ့ ပြဿနာတွေကျတော့ရော။ အဲဒီလိုပြဿနာတွေ ပြေလည်အောင် ကျမ်းစာ ကူညီပေးနိုင်ပုံအကြောင်း လေ့လာကြည့်ကြစို့။

ကျမ်းစာမှာပါတဲ့ လက်တွေ့ကျ အကြံပြုချက်တွေက ပြဿနာတချို့ကို ရှောင်လွှဲဖို့ ကူညီပေးနိုင်

အမျိုးသမီးတစ်ဦး ဖျော်ရည်သောက်နေ
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ