ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၂၈
  • ကျမ်းစာမှာ ငရဲကလေးအကြောင်း ပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမှာ ငရဲကလေးအကြောင်း ပါသလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ငရဲကလေး
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ငရဲနှင့်စပ်လျဉ်းသော အမှန်တရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သမ္မာကျမ်းစာကို သင်ယုံကြည်နိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • သေခြင်း
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၂၈
ငရဲကလေးကို ပန်းချီဆရာတစ်ဦး စိတ်ကူးပုံဖော်ထားပုံ

ကျမ်းစာမှာ ငရဲကလေးအကြောင်း ပါသလား

သမ္မာကျမ်းစာဖြေဆိုရာ

လုံးဝ မပါဘူး။ ငရဲကလေး (purgatory) ဆိုတဲ့ စကားလုံး ကျမ်းစာမှာ မပါသလို သေသွားတဲ့သူရဲ့ ဝိညာဉ်ကို ငရဲကလေးမှာ သန့်စင်ပေးတယ်ဆိုပြီးလည်း ကျမ်းစာ မသွန်သင်ပါဘူး။a အပြစ်နဲ့သေခြင်းအကြောင်း ကျမ်းစာသွန်သင်တာက ငရဲကလေး အယူဝါဒနဲ့ ဘယ်လို ကွာခြားတယ်ဆိုတာ သုံးသပ်ကြည့်ရအောင်။

  • လူတစ်ယောက်ရဲ့အပြစ်ကို သန့်စင်ပေးတာက ငရဲကလေးမှာ အပြစ်ခံနေရချိန် မဟုတ်ဘဲ ယေရှုခရစ်ရဲ့ အသွေးအားဖြင့် ဖြစ်တယ်။ “ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။” “ယေရှုခရစ် . . . ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ” တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (၁ ယောဟန် ၁:၇။ ဗျာဒိတ် ၁:၅) ယေရှုဟာ “လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်” ခဲ့တယ်။—မဿဲ ၂၀:၂၈။

  • သေသွားတဲ့သူတွေဟာ ဘာကိုမှ မသိတော့ဘူး။ “အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား အဘယ်အရာကိုမျှ မသိ။” (ဒေသနာ ၉:၅) သေသွားတဲ့သူတစ်ယောက်ဟာ ဘာခံစားချက်မှ မရှိတော့တဲ့အတွက် ငရဲကလေးရဲ့ မီးက သူ့ကို သန့်စင်ပေးနိုင်မှာ မဟုတ်ဘူး။

  • လူတစ်ယောက်သေဆုံးပြီးရင် အပြစ်အတွက် ဒဏ်ပေးတာ မရှိတော့ဘူး။ ကျမ်းစာပြောတာက “အပြစ်ရဲ့ အခကား သေခြင်း” ဖြစ်ပြီး “သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ၏။” (ရောမ ၆:၇၊ ၂၃) သေခြင်းဟာ အပြစ်အတွက် ပြည့်စုံလုံလောက်တဲ့ ပြစ်ဒဏ်ဖြစ်တယ်။

ငရဲကလေး အယူဝါဒ သွန်သင်ချက်က ဘာလဲ

ငရဲကလေး ဆိုတာ သေသွားတဲ့သူတစ်ယောက် သူကျူးလွန်ခဲ့တဲ့ အပြစ်အတွက် ခွင့်လွှတ်မှုရနိုင်ဖို့ သန့်စင်ပေးတဲ့ နေရာ၊ အနေအထား ဒါမှမဟုတ် အခြေအနေလို့ ကက်သလစ်တွေရဲ့ သွန်သင်ချက်မှာ အဓိပ္ပာယ်ဖွင့်ထားတယ်။b ကက်သလစ်ချာ့ချ်၏ အမေးအဖြေ စာအုပ်မှာ “သန့်ရှင်းစင်ကြယ်စွာနဲ့ ကောင်းကင်ရွှင်လန်းမှုကို ဝင်ရောက်နိုင်ဖို့” အဲဒီလိုသန့်စင်ပေးဖို့ လိုတယ်လို့ ဆိုထားတယ်။ (Catechism of the Catholic Church) ဒီဆောင်းပါးမှာပါတဲ့ ရုပ်ပုံအတိုင်း “ကစ်သလစ် ထုံးစံအရ . . . မီးဖြင့် သန့်ရှင်းစင်ကြယ်ခံရဖို့ လိုတယ်” ဆိုပြီး အမေးအဖြေ စာအုပ်မှာ ထပ်ပြောထားတယ်။ ဒါပေမဲ့ ကျမ်းစာသွန်သင်ချက်တော့ မဟုတ်ဘူး။

ငရဲကလေး အယူဝါဒ သွန်သင်ချက် ဘယ်က အရင်းခံတာလဲ

ရှေးခေတ် ဂရိလူမျိုးတွေဟာ ငရဲကလေးနဲ့ လင်ဘို (မွေးကင်းစကလေးငယ်များ၏ ဝိညာဉ်များ နေရာအရပ်) ကို ယုံကြည်ခဲ့ကြတယ်။ ဂရိအတွေးအခေါ် လွှမ်းမိုးမှုကြောင့် အလက်ဇန္ဒြီးယားမြို့သား ကလဲမင့်က သေသွားတဲ့သူတွေရဲ့ အပြစ်ဟာ သန့်ရှင်းခြင်းမီးနဲ့ စင်ကြယ်စေနိုင်တယ်လို့ ထုတ်ပြောလာတယ်။ ဒါပေမဲ့ ငရဲကလေးအယူကို မေးခွန်းမထုတ်သင့်တဲ့ ယုံကြည်ချက်တစ်ခုအဖြစ် အလေးပေးခဲ့သူက ပုပ်ရဟန်းမင်း ဂရယ်ဂရီ ၁ ဖြစ်တယ်လို့ ခရစ်ယာန် အယူဝါဒ သမိုင်း စာအုပ်မှာ ဖော်ပြထားတယ်။ အေဒီ ၅၉၀ ကနေ ၆၀၄ အထိ ပုပ်ရဟန်းမင်းအဖြစ် ထမ်းဆောင်ခဲ့တဲ့ ဂရယ်ဂရီကို “‘ငရဲကလေး အယူဝါဒကို တီထွင်သူ’ လို့ခေါ်ကြတယ်” ဆိုပြီး အဲဒီစာအုပ်မှာ ဆိုတယ်။ ကက်သလစ်ချာ့ချ်ဟာ အဲဒီအယူဝါဒကို တရားဝင် သွန်သင်ချက်အဖြစ် ဒုတိယမြောက် လီယွန်ကောင်စီ (၁၂၇၄) နဲ့ ဖလောရင့်ကောင်စီ (၁၄၃၉) အစည်းအဝေးမှာ သတ်မှတ်ခဲ့ပြီး ၁၅၄၇ မှာကျင်းပတဲ့ ထရန့်ကောင်စီ အစည်းအဝေးမှာ ထပ်မံ အတည်ပြုခဲ့ကြတယ်။

a ငရဲကလေး အယူဝါဒနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်မှာ “အဲဒီအကြောင်း ခရစ်ဝင်ကျမ်းတွေမှာ စကားလုံး တစ်လုံးတောင် မပါဘူး” လို့ ဖော်ပြထားတယ်။ (Orpheus: A General History of Religions) “သေချာစစ်ကြည့်လိုက်ရင် ကစ်သလစ်ဘာသာရဲ့ ငရဲကလေး အယူဝါဒဟာ ထုံးတမ်းစဉ်လာတွေကနေ ယူထားတာဖြစ်ပြီး ကျမ်းစာကို အခြေခံတာ မဟုတ်ဘူး” ဆိုပြီး ကက်သလစ်စွယ်စုံကျမ်းသစ် မှာ ဖော်ပြထားတယ်။—Second Edition, Volume 11, page 825.

b New Catholic Encyclopedia, Second Edition, Volume 11, page 824 ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ