ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၈
  • ခရင်းကောင်ရဲ့ ကော်စေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရင်းကောင်ရဲ့ ကော်စေး
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပိုင်းလော့ ဝေလငါးရဲ့ အလိုအလျောက် သန့်စင်နိုင်စွမ်းရှိတဲ့ အရေခွံ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ပက်ကျိရဲ့ ကော်နဲ့တူတဲ့ အကျိအချွဲ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ပင်လယ်ယောက်သွားတွေရဲ့ ချည်မျှင်
    နိုးလော့!—၂၀၁၆
  • အမှောင်ထဲတွင်ထွန်းလင်းနေသည့် “မီးရထားငယ်လေးများ”
    နိုးလော့!—၂၀၀၆
နောက်ထပ် ကြည့်ပါ
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၈
ခရင်းကောင်များ

အလိုလို ဖြစ်လာနိုင်ပါ့မလား

ခရင်းကောင်ရဲ့ ကော်စေး

ကျောက်ဆောင်တွေ၊ သင်္ဘောဆိပ်ခံတံတားတွေ၊ သင်္ဘောကိုယ်ထည်တွေပေါ် စွဲစွဲမြဲမြဲ တွယ်ကပ်နေတတ်တဲ့ ခရင်းကောင်တွေကို သတ္တဗေဒပညာရှင်တွေ သတိထားမိတာ ကြာပြီ။ ခရင်းကောင်တွေရဲ့ ကော်စေးမျိုးကို တုပထုတ်လုပ်လို့ မရနိုင်သေးဘူး။ စိုနေတဲ့ မျက်နှာပြင်ပေါ် ခရင်းကောင်တွေ တွယ်ကပ်နိုင်ပုံကို မကြာသေးခင်ကမှ သိပ္ပံပညာရှင်တွေ လေ့လာသိရှိခဲ့ကြတယ်။

စဉ်းစားကြည့်ပါ။ လေ့လာတွေ့ရှိချက်အရ အကောင်ပေါက်ခါစ ခရင်းကောင်ဟာ ကူးခတ်သွားလာရင်း တွယ်ကပ်စရာ အမှီတစ်ခုကို ရွေးတယ်။ အမှီတစ်ခုကို ရွေးပြီးတာနဲ့ အစေးနှစ်မျိုး ထုတ်တော့တယ်။ အရင်ဆုံး ထုတ်လိုက်တဲ့ အစေးက တွယ်ကပ်မယ့် မျက်နှာပြင်ပေါ်က ရေကို ဖယ်ရှားပေးတယ်။ ဒါ့အပြင် ဒုတိယထုတ်မယ့်အစေး တွယ်ကပ်နိုင်ဖို့ အသင့်ပြင်ပေးတယ်။ ဒီအစေးမှာ ဖော့စဖိုပရိုတင်းလို့ခေါ်တဲ့ ပရိုတင်းတွေ ပါဝင်တယ်။

အစေး နှစ်မျိုးပေါင်းထားတဲ့ ခရင်းကောင်ရဲ့ ကော်စေးကို ဗက်တီးရီးယားပိုးတွေ မတိုးနိုင်ဘူး။ အဲဒီအမှီမှာ တစ်သက်လုံး တွယ်ကပ်နေမယ့် ခရင်းကောင်အတွက် ဒီကော်စေးက အခရာပဲ။

ခရင်းကောင် အတွင်းပိုင်း ကော်စေးမျှင်တွေ

ခရင်းကောင် အတွင်းပိုင်း ကော်စေးမျှင်များ

ခရင်းကောင်ရဲ့ ကော်စေးမျိုး ထုတ်လုပ်ကြည့်တဲ့အခါ ထင်တာထက် ခက်နေမှန်း သိပ္ပံပညာရှင်တွေ သိလိုက်ရတယ်။ သုတေသနအဖွဲ့ဝင်တစ်ဦးက “အံ့ဖွယ်ကောင်းတဲ့ သဘာဝအစေးမို့လို့ ရေစိုတဲ့နေရာမှာ တွယ်ကပ်နိုင်တာပါ” လို့ပြောတယ်။ ဒီရှာဖွေတွေ့ရှိချက်ကြောင့် သုတေသီတွေအနေနဲ့ ရေအောက်သုံး ကော်တွေ၊ သဘာဝပစ္စည်းသုံး ကော်တွေ ထုတ်လုပ်နိုင်မယ်။ ဒီကော်မျိုးနဲ့ လျှပ်စစ်ပစ္စည်းတွေ၊ ကိုယ်တွင်း အစားထိုး ထည့်သွင်းပေးတဲ့ ပစ္စည်းတွေ ထုတ်လုပ်နိုင်ပါမယ်။

ဘယ်လို ထင်ပါသလဲ။ ခရင်းကောင်ရဲ့ ကော်စေးဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားသလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ